1

2

4

5

Thursday, December 22, 2011

နိုင်ငံတကာဥပဒေများကို လေ့လာခြင်း

နိဒါန်း
လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် ငြိမ်းချမ်းရေးတို့ကို လူသားထုတရပ်လုံးအတွက် အသိအမှတ်ပြု ဖေါ် ဆောင်နိုင်ရန်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကြေညာစာတမ်းအစတွင် ရည်ညွှန်းဖွင့်ဆို ဖေါ်ပြခဲ့သည်။ လူ့အဖွဲ့ အစည်းတွင် လွတ်လပ်မှုမရှိလျင် တရားမျှတမှုကို ဖေါ်ဆောင်နိုင်မည် မဟုတ်ပေ။ တရားမျှတမှုမရှိလျင်လည်း ငြိမ်းချမ်းရေး ဆိုသည့်စကားရပ်မှာ မည်သို့မျှ အဓိပ္ပါယ်ရှိနိုင်တော့မည် မဟုတ်ပေ၊၊ တရားမျှတမှုကို ရှာဖွေရာတွင် ရွေးချယ်ရန် နည်းလမ်း များစွာရှိသည်။ ယခင်က တရားမျှတမှုကို ဂလဲ့စားချေခြင်း၊ အကြမ်းဖက်ဖြေရှင်းခြင်းစသည့် နည်းလမ်းများဖြင့် ရှာဖွေကြရာမှ ယခုအခါတွင် အမှန်တရားကို လူအများသိရှိလာအောင် သတင်းစာမီဒီယာလုပ်ငန်းများမှ‚င်း၊ အစိုးရအာဏာပိုင်အဖွဲ့ အစည်းများအား ဆွဲဆောင်စည်းရုံး၍သော်‚င်း၊ နိုင်ငံရေးအင်အားစုများက ဖိအားပေးခြင်းဖြင့်သော်‚င်း အစရှိသည့် နည်းလမ်းများဖြင့် တရားမျှတမှုကို ဖေါ်ဆောင်နိုင်ကြပြီဖြစ်သည်၊၊

သို့သော် အာဏာရှင်စနစ်လက်အောက်ရှိ တိုင်းပြည်နယ်နမိတ်၊ အကန့်အသတ်များထဲ၌ လူ့အခွင့်အရေး လှုပ်ရှားမှု များကို ðပလုပ်၍မရနိုင်။ ထိုအခါ အခွင့်အရေးလှုပ်ရှားသူများက အပြည်ပြည်ဆိုင်ရာမှာရှိသော တရားဥပဒေသဘောတရားနှင့် လုပ်ထုံး လုပ်နည်းများ၏ အကူအညီကို ရယူရန်óကိးစားလာကြသည်။ ထိုကြိုးစားမှုနှင့်အတူ ခေတ်၏ သဘောသဘာဝကလည်း ပြောင်းလဲလာသည်။ ၁၉၉၁ တွင် ဆိုဗီယက်ရုရှားòပိကွဲသွားပြီးနောက် စစ်အေးတိုက်ပွဲအဆုံးသတ်ကာ ဝါဒရေးရာကိုအခြေခံ၍ လက်နက်အကူအညီပေးမှုမျိုး မည်သည့်နိုင်ငံကမှ မလုပ်တော့။ တချိန်က ဗမာပြည်ကွန်ðမနစ်ပါတီသည် တရုတ်ပြည်မှ လက်နက် အကူအညီများ ရခဲ့ဘူးသည်။ ဦးနု၏ ပြည်ချစ်ပါတီကို အမေရိကန်က ကူညီခဲ့ဘူးသည်။ ယခုခေတ်တွင် ထိုအကူအညီမျိုး မရနိုင် တော့။ အကြမ်းဖက်သမားများနှင့် ဆက်သွယ်မှသာ လက်နက်အကူအညီ ရချင်ရအုန်းမည်။ နိုင်ငံရေးနောက်ခံရိုးရိုးဖြင့်မူ လက် နက်ကိုင်အကူအညီကို မျှော်လင့်၍မရနိုင်တော့ပေ။
ထို့အပြင် ပြည်တွင်းဥပဒေကို နားလည်တတ်ကျွမ်းရုံ၊ ကိုးကားကျင့်သုံးရုံမျှဖြင့် လူ့အဖွဲ့အစည်းတခု၊ နိုင်ငံတနိုင်ငံကို ðပပြင်ပြောင်းလဲ၍ မရနိုင်။ တရားမဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေများကို မည်မျှပင် နှံ့စပ်မွှေနှောက်နိုင်ပါစေ နိုင်ငံကိုအပြောင်းအလဲ ðပလုပ်ရန် óကိးစားရာ၌ အခက်အခဲရှိသည်။ နိုင်ငံတကာနှင့်ဆက်စပ်၍ ဥပဒေများ၊ နိုင်ငံတကာခုံရုံးဖွဲ့စည်းလုပ်ဆောင်ပုံများ အကြောင်းကို နားလည်ထားရန် လိုအပ်သည်။ သို့မှသာ နိုင်ငံတကာရှိ မည်သည့်အဖွဲ့အစည်းများနှင့် ဆက်စပ်လုပ်ကိုင်ရမည်၊ နိုင်ငံတကာသို့ ထိုးဖေါက်နိုင်အောင် မည်သို့óကိးစားရမည်ကို သဘောပေါက်သိရှိမည်။
မြန်မာပြည်၏ လူ့အခွင့်အရေးဆုံးရှုံးနေရသော လက်ရှိအခြေအနေအား တိုးတက်ပြောင်းလဲအောင်လုပ်ဆောင်ရာ၌ နိုင်ငံတကာနှင့် ဆက်စပ်လှုပ်ရှားနိုင်ခြင်းသည် အရေးကြီးသည်။ မိမိတို့၏လှုပ်ရှားမှုသည် တရားမျှတ မှန်ကန်ကြောင်း ကမBာက သိအောင် သက်သေပြနိုင်ဖို့လိုအပ်သည်။ နိုင်ငံတကာမှတိုးမြင့်ရရှိလာသော အကူအညိများနှင့် ပေါင်းစပ်လုပ်ကိုင်လျှင် အပြောင်းအလဲကို ပိုမိုမြန်ဆန်စေမည်။ သို့အတွက် နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို သိရှိအောင် လေ့လာကြရမည်။ နိုင်ငံတကာ၏ ဖွဲ့စည်းလုပ်ဆောင်ပုံစနစ်ကို မိမိတို့အတွက် အသုံးချနိုင်ရမည်။ ဤရည်ရွယ်ချက်များဖြင့် နိုင်ငံတကာဥပဒေများကိုလေ့လာခြင်းသည် ယနေ့အချိန်အခါ၏ လိုအပ်ချက်တရပ်ဖြစ်လာလေသည်။

နိုင်ငံတကာဥပဒေ၏ဇစ်မြစ်

နိုင်ငံတကာဥပေဒေပေါ်ပေါက်လာသည့် အခြေခံအကြောင်းတရား ၂ ချက်ရှိသည်။ ယင်းတို့မှာ
(၁) နိုင်ငံတကာ ဓလေ့ထုံးတမ်းဥပဒေ နှင့်
(၂) နိုင်ငံတကာစာချုပ်များ၊ သဘောတူညီချက်များ တို့ဖြစ်သည်။

နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေ
ဓလေ့ထုံးတမ်းဆိုသည်မှာ လူအများအစဉ်အဆက် ကာလကြာရှည်လက်ခံကျင့်သုံးလာသည့် အလေ့အထ၊ လုပ်ထုံး လုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများကို ဆိုလိုသည်။ လူ့အဖွဲ့အစည်းတခုချင်းစီ၌ ဓလေ့ထုံးတမ်းများရှိသကဲ့သို့ တနိုင်ငံနှင့် တနိုင်ငံ ဆက်ဆံရာ၌ အခြေခံသည် နိုင်ငံတကာဓလေ့ထုံးတမ်းများလည်းရှိသည်။
ဥပမာ ပင်လယ်ဓားပြကိစ္စ၊ ပင်လယ်ထဲတွင် ဓားပြတိုက်မှုကြောင့် ဖမ်းဆီးမိခဲ့လျှင် မည်သည့်နိုင်ငံသားဖြစ်စေ အခင်း ဖြစ်ရာ သက်ဆိုင်သည့်နိုင်ငံက အရေးယူခွင့်ရှိသည်။ ထိုသူများ၏ ဆိုင်ရာမိခင်နိုင်ငံမှ ဝရမ်းတောင်းခြင်း၊ အမိန့်တောင်းခြင်း၊ ဆိုင်ရာအစိုးရနှင့် ည‡ိနှိုင်းခြင်းတို့လုပ်ရန် မလိုအပ်ပေ။ ပင်လယ်ဓားပြများကို အရေးယူရင်းနှင့် နိုင်ငံတကာမှ ထိုထုံးတမ်း စဉ်လာကို ဥပဒေကဲ့သို့ ကျင့်သုံးလိုက်နာလာကြခြင်းဖြစ်သည်။ ယင်းကို နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေဟု ခေါ်သည်။ နိုင်ငံ များ၏ ပင်လယ်ရေပိုင်နက် သတ်မှတ်သောကိစ္စ၌လည်း ထိုကဲ့သို့ပင်ဖြစ်သည်။ ပထမ၌ တချို့နိုင်ငံများက ၁၂ မိုင်၊ တချို့က မိုင် ၂ဝဝ သတ်မှတ်ကြသည်။ ထိုသို့ မိုင်၂ဝဝ နှင့် ၁၂ မိုင်ကွာခြားရခြင်းမှာ ဖွံ့òဖိးပြီးနိုင်ငံများက နိုင်ငံတကာရေပိုင်နက်တဝှမ်း ဖြန့်ကျတ်လှုပ်ရှားနိုင်စွမ်းရှိသောအခါ နိုင်ငံများ၏ ရေပိုင်နက်ကို ၁၂ မိုင်လောက်အတွင်းသာ ကန့်သတ်ထားစေချင်ကြသည်။ သို့မှသာ ၁၂ မိုင်ကျော်နေရာကို နိုင်ငံတကာရေပိုင်နက်သတ်မှတ်၍ ‚င်းတို့ဝင်ထွက်သွားလာလုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။ သို့သော် ဖြန့်ကျတ်လှုပ်ရှားနိုင်စွမ်း အကန့်အသတ်ရှိသည့် ဖွံ့òဖိးဆဲနိုင်ငံများက ၁၂ မိုင်ကိုလက်မခံ။ သူတို့လက်လှမ်းမီ သလောက်နှင့် ပိုင်ပိုင်နိုင်နိုင်လုပ်ကိုင်နိုင်သည့် မိုင် ၂ဝဝ ကိုသာ သတ်မှတ်ကြသည်။ လက်တွေ့၌ ကမBာပေါ်တွင် ဖွံ့òဖိးဆဲနိုင်ငံ များက အများစုဖြစ်ရာ ရေပိုင်နက် မိုင် ၂ဝဝ သတ်မှတ်ခြင်းသည် နိုင်ငံတကာမှလက်ခံကျင့်သုံးသည့် ဓလေ့ထုံးတမ်းဥပဒေ ဖြစ် လာလေသည်။

စာချုပ်များ၊ သဘောတူညီချက်များ။

စီးပွားရေး၊ ကုန်သွယ်ရေး၊ အကျဉ်းသားလဲလှယ်ရေး စသဖြင့် အကြောင်းကိစ္စရပ်တခုအတွက် နိုင်ငံတခုနှင့်တခု ကြားတွင် သဘောတူညီချက်ðပလုပ်ကာ စာချုပ်ကြသည်။ တချို့ နှစ်နိုင်ငံထက်ပိုသော နိုင်ငံအများအကြားတွင် စာချုပ်ကြ သည်။ နိုင်ငံအများစုဝေးဆွေးနွေးည‡ိနှိုင်းရင်းဖြင့် အများလက်ခံသည့် သဘောတူညီချက်များ၊ ကြေငြာချက်များ ထွက်ပေါ်လာ သည်။ ‚င်းတို့မှာလည်း နိုင်ငံတကာဥပဒေ၏ အခြေခံအကြောင်းတရားများပင် ဖြစ်သည်။

အစဉ်အလာနိုင်ငံတကာဥပဒေ

အစဉ်အလာနိုင်ငံတကာဥပဒေသည် နိုင်ငံတခုတွင် အချုပ်အခြာအာဏာသည် အရေးအကြီးဆုံးဖြစ်သည်ဟူသော အခြေခံအယူအဆကို အလေးအနက်ထားသည်။ နိုင်ငံတခုအတွင်းရှိ အစိုးရနှင့် ပြည်သူတို့ကြား ဖြစ်ပွားတတ်သော ပြဿနာ များသည် ထိုနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သည်ဟု ကမBာ့နိုင်ငံအများစုက လက်ခံထားသကဲ့သို့ အစဉ်အလာ နိုင်ငံတကာ ဥပဒေကလည်း လက်ခံထားသည်။ အထက်ပါစဉ်းစားတွေးခေါ်ချက်အရ အစဉ်အလာနိုင်ငံတကာဥပဒေသည် နိုင်ငံတခုနှင့် တခုအကြား ဖြစ်ပွားသော ပြဿနာများကိုသာ ဝင်ရောက်ဖြေရှင်းပေးသည်။ အစိုးရနှင့် ပြည်သူတို့အကြား ဖြစ်ပွားသော သူ့ ပြည်တွင်းရေး ပြဿနာများကို ဝင်ရောက်ဖြေရှင်းပေးခြင်း မðပချေ။

အချုပ်အခြာအာဏာ

နိုင်ငံတနိုင်ငံတွင် အောက်ပါ အခြေခံအချက်လေးချက်နှင့် ပြည့်စုံမှသာ အချုပ်အခြာအာဏာကို ကျင့်သုံးနိုင်သည်။
(၁) နယ်မြေ
(၂) လူဦးရေ
(၃) အုပ်ချုပ်မှုအာဏာ
(၄) အစိုးရ စသည်တို့ဖြစ်သည်။
ဤအချက်လေးချက်နှင့်ပြည့်စုံပါက နိုင်ငံတော်ဟုခေါ်သည်။ နိုင်ငံတော်တွင် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရှိသည်။ ထိုသို့လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရှိခြင်းကို ကိုယ်ပိုင်ပြဌာန်းခွင့်ဟုခေါ်သည်။ လွတ်လပ်စွာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခွင့်၊ ကိုယ် ပိုင် ရပ်တည်စီမံပိုင်ခွင့်တို့ဖြစ်သည်။ လူအများစုဝေးနေထိုင်သော နယ်မြေတခုတွင် ကိုယ်ပိုင်ပြဌာန်းခွင့် ကျင့်သုံးနိုင်ခွင့် ရှိစေရ မည်။ ထိုနယ်မြေတွင်နေထိုင်သော ပြည်သူလူထုကို အသိအမှတ်ðပရမည်။ အုပ်ချုပ်သူအစိုးရက ကာကွယ်စောင့်ရှောက်မှု ပေး ရမည်။ ဖွံ့òဖိးတိုးတက်အောင် ဆောင်ရွက်ပေးရမည်။ အစိုးရ၏ မည်သည့်လုပ်ဆောင်ချက်ကမှ ပြည်သူလူထု၏ အခြေခံအခွင့် အရေးများကို မထိပါးသင့်ပေ။ ကိုယ်ပိုင်ပြဌာန်းခွင့်၏အခြေခံအရ လူတဦးချင်းစီ၌ သူ့ကြမ္မာ သူဖန်တီးခွင့်ရှိသကဲ့သို့ နိုင်ငံတိုင်း၌ လည်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိပေသည်။
မိမိနှစ်သက်သောဥပဒေကို မိမိဖာသာ ပြဌာန်းခွင့်ရှိသည်။ မိမိနှစ်သက်သောအစိုးရကို ကိုယ်တိုင်ရွေးချယ်နိုင်ခွင့် ရှိ သည်။ မိမိလိုလားသော တရားစီရင်ရေးစနစ်ကို ကျင့်သုံးခွင့်ရှိသည်။ နိုင်ငံအတွင်း ဖြစ်ပေါ်လာသောပြဿနာများကို မိမိစိတ် တိုင်းကျ ဖြေရှင်းခွင့်ရှိသည်။ ဤသည်ပင် နိုင်ငံတခု၏ အချုပ်အခြာအာဏာဖြစ်ပေသည်။ အချုပ်အခြာအာဏာသည် လူထု နှင့်အစိုးရ အပြန်အလှန်အသိအမှတ်ðပသည့်သဘောကို အခြေခံသည်။ နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာကို အခြားနိုင်ငံ များက လေးစားမှုမရှိလျှင် နိုင်ငံတနိုင်ငံက အခြားတနိုင်ငံ၏ ပြည်တွင်းရေးပြဿနာကို အချိန်မရွေး ဝင်ရောက်စွက်ဖက်နိုင် သည့် အခြေအနေမျိုးသို့ ရောက်သွားပေလိမ့်မည်။ နိုင်ငံတိုင်း၌ အချုပ်အခြာအာဏာသည် အဓိကအကျဆုံးဖြစ်သည် ဟူသည့် အချက်ပေါ် အခြေခံ၍ အစဉ်အလာနိုင်ငံတကာဥပဒေက စဉ်းစားခြင်းဖြစ်သည်။ ထိုကဲ့သို့ နိုင်ငံတခုနှင့်တခုအကြား ဖြစ်ပွား သောပြဿနာများအား သက်ဆိုင်ရာနိုင်ငံများ၏ အချုပ်အခြာအာဏာကိုမထိပါးစေပဲ မည်ကဲ့သို့ဖြေရှင်းပေးနိုင်မည်နည်းဆို သော စဉ်းစားချက်အခြေခံမှ နိုင်ငံတကာဥပဒေ ပေါ်ပေါက်လာခြင်းဖြစ်သည်။

နိုင်ငံတကာဥပဒေ

ထို့အတူ နိုင်ငံတခုနှင့်တခုအကြား လုပ်ငန်းများ ပူးတွဲလုပ်ဆောင်ရာ၌ မည်ကဲ့သို့သော ယုံကြည်မှုကို အခြေခံမည် နည်းဆိုသောစဉ်းစားချက်မှနေ၍ နိုင်ငံနှစ်ခုအကြား၊ သို့မဟုတ် ထို့ထက်ပိုသောနိုင်ငံများအကြား စာချုပ်များ ပေါ်ပေါက်လာ သည်။ နိုင်ငံတကာဥပဒေကို လက်မှတ်ထိုးထားခြင်းမရှိသော နိုင်ငံများအတွက် ဤဥပဒေသည် အကျိုးသက်ရောက်မှု သိပ်မရှိနိုင်။ ထို့အပြင် လက်မှတ်ထိုးထားသော တိုင်းပြည်များအတွက်လည်း နိုင်ငံတကာဥပဒေ၌ အားနည်းချက်များရှိနေ သည်ကို တွေ့ရပြန်သည်။ ‚င်းတို့မှာ -
နိုင်ငံတကာဥပဒေ၌ (၁) ဥပဒေðပ လွှတ်တော်မရှိခြင်း
(၂) ဥပဒေ၏ စည်းနှောင်အား မရှိခြင်း
(၃) တရားရုံးတော် မရှိခြင်း
(၄) နိုင်ငံတကာလုံးဆိုင်ရာ အစိုးရမရှိခြင်း တို့ဖြစ်သည်။
သို့သော် နိုင်ငံများက နိုင်ငံတကာဥပဒေကိုအခြေခံကာ ကိစ္စရပ်များကို ပြောကြဆိုကြ၊ ဆွေးနွေးကြသည်။ နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာကြောင်း ပြသချင်ကြသည်။ နိုင်ငံတခုနှင့်တခု အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက မိမိတို့သည် နိုင်ငံတကာဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြသည်။ ဤမျှ အားနည်းချက်များရှိနေသည့် နိုင်ငံ တကာဥပဒေကို အဘယ်ကြောင့် ကိုးကားပြောဆိုချင်ကြပါသနည်း။ အဓိကမှာ မိမိတို့မှန်ကန်ကြောင်း သက်သေပြချင်ကြ သည်။ နိုင်ငံတကာ၏ယုံကြည်မှုကို လိုချင်ကြသည်။ ထို့ကြောင့် မိမိတို့၏ရပ်တည်ချက်ကို နိုင်ငံတကာဥပဒေနှင့် စံထိုးပြကြ သည်။ နိုင်ငံတကာဥပဒေများနှင့် အညီအညွတ်ဖြစ်ပါက နိုင်ငံ၏ဂုဏ်သိက္ခာ တိုးတက်သည်။ နိုင်ငံအများက လေးစားသည်။ စီးပွားရေးနှင့်တကွ နယ်ပယ်အရပ်ရပ်၌ ဆက်ဆံမှုများ တိုးချဲ့လိုကြသည်။ နိုင်ငံတကာဥပဒေများကို ချိုးဖေါက်သည်ဟု သတ် မှတ်ခံရလျှင် နိုင်ငံ့ဂုဏ်သိက္ခာကျသည်။ နိုင်ငံရေးအရ၊ စီးပွားရေးအရ မည်သူကမှ ပေါင်းသင်းဆက်ဆံမှုမလုပ်ချင်ကြ။ ဝိုင်းပယ် ခြင်းခံရတတ်သည်။
ယခုရှိနေသောတရားရုံးမှာ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီစီဟုခေါ်သည်။ အခင်းဖြစ်ပွားသော နိုင်ငံများ၏ သဘောတူညီချက်အရ ပြဿနာကို ရုံးတော်သို့တင်ပြလာမှသာ တရားရုံးက စီရင်ချက်ချပေးနိုင်သည်။ ထိုအချိန်ကျမှ အပြည် ပြည်ဆိုင်ရာတရားရုံးတော်တွင် စီရင်ပိုင်ခွင့်အာဏာ ရှိသည်။
အပြည်ပြည်ဆိုင်ရာတရားရုံးနှင့် နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး မတူပေ။ ကွဲပြားခြားနားသည်။ နိုင်ငံတကာပြစ်မှု ဆိုင်ရာတရားရုံးသည် ကမBာ့သမိုင်းတွင် ပထမဆုံးပေါ်ပေါက်လာခြင်းဖြစ်သည်။ ၂ဝဝ၂ ခုနှစ် ဇူလိုင်လမှ စတင်သည်။ ကမBာ့ နိုင်ငံပေါင်း ၁၃၉ နိုင်ငံလက်မှတ်ရေးထိုးထားပြီး၊ သတ်မှတ်ထားသည့် အတည်ðပလက်မှတ်ရေးထိုးရန် လိုအပ်သောနိုင်ငံအရေ အတွက် ၆၆ နိုင်ငံ ပြည့်သွားပြီဖြစ်သည်။
ပုံမှန်အားဖြင့် နိုင်ငံတကာဥပဒေသည် သက်ဆိုင်ရာတိုင်းပြည်၏ အချုပ်အခြာအာဏာကို လေးစားရေး၊ မထိပါးစေ ရေးဟူသော အခြေခံမှ စဉ်းစားသည်။ သို့သော် ဒုတိယကမBာစစ်အတွင်း နာဇီအစိုးရက သူ့ဂျာမန်ပြည်သူများအပေါ် လူ့အခွင့် အရေးချိုးဖေါက်မှုများ အလွန်ဆိုးဝါးရက်စက်စွာ ကျုးလွန်ခဲ့သောအခါ ထိုပြစ်မှုများကို လစ်လျုရှုမထားသင့်ဟူသော တွေးခေါ် ချက်ပေါ်အခြေခံ၍ ကမBာ့သမိုင်းတွင်ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံတကာဥပဒေကို စတင်စဉ်းစားလာကြသည်။ အစိုးရက သူ့ ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုများ ကျုးလွန်ခြင်းသည် ပြည်တွင်းရေးပြဿနာဖြစ်သည်ဟု ပြောနိုင်သော်လည်း အလွန်ရက်စက်ဆိုးဝါးစွာ ကျုးလွန်သောပြစ်မှုများဖြစ်ပါက နိုင်ငံတကာက ဝင်ရောက်အရေးယူ ဆောင်ရွက်သင့်သည်ဟု စဉ်းစားလာကြသည်။ နူရင်ဘတ် စစ်ခုံရုံးသည် လူသားခြင်းစာနာမှုကင်းမဲ့စွာဖြင့် ကျူးလွန်ခဲ့သည် ပြစ်မှုများကို နိုင်ငံတကာ ဥပဒေအရ အရေးယူနိုင်ရန် စတင်အုပ်မြစ်ချနိုင်ခဲ့သည့် စစ်ခုံရုံးတခုအဖြစ် စတင်ပေါ်ထွန်းလာခဲ့သည်၊၊ လူတဦးတယောက်၏ လွတ်လပ်ခွင့်ကို အချုပ်အခြာအာဏာပိုင် အစိုးရတရပ်ရပ်၊ အဖွဲ့အစည်းတခုခုက ကျူးလွန်ဖေါက်ဖျက်ခဲ့ပါက အကာအကွယ် ရယူနိုင်ရန် ခုံရုံးများဖြင့် စစ်ဆေးစီရင်နိုင်ကြောင်း အာဏာပိုင်အဖွဲ့အစည်းများကို စိမ်ခေါ်အသိပေးမှုတရပ် အနေဖြင့်ဖြစ်ထွန်း ပေါ်ပေါက်လာသည်။

နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး

တရားရုံးများရှိခဲ့သော်လည်း လူ့အခွင့်အရေးချိုးဖေါက်မှုများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးနိုင် ခြင်း မရှိခဲ့ချေ။ အဘယ့်ကြောင့်ဟု ပြန်လည်သုံးသပ်သောအခါ အမြဲတမ်းတရားရုံး မရှိသောကြောင့်ဖြစ်ကြောင်း တွေ့ရသည်။
နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးသည် နိုင်ငံတခုအတွင်းရှိ အစိုးရနှင့် ပြည်သူလူထုကြား ဖြစ်ပွားနေသောပြဿနာ များကို အဓိကအာရုံစိုက်လုပ်သည်ဟု ပြောနိုင်သည်။ သို့အတွက် ပြည်တွင်းရေးပြဿနာများကို ဝင်ရောက်ဖြေရှင်းဆောင်ရွက် သောအခါ သက်ဆိုင်ရာနိုင်ငံ၏ အချုပ်အခြာအာဏာကို အနည်းနှင့်အများ ထိပါးစေနိုင်သည်။ ထို့ကြောင့် အိုင်စီစီ ပေါ်လာ သောအခါ သက်ဆိုင်ရာနိုင်ငံများ၏ အချုပ်အခြာအာဏာကို ထိမ်းသိမ်းကာကွယ်ပေးသောဘက်မှလည်း စဉ်းစားပေးခဲ့ကြ သည်။ အိုင်စီစီကိုယ်၌သည်လည်း လုပ်ပိုင်ခွင့် အပြည့်အဝမရှိပေ။ နုရင်ဘတ်အခြေခံမူကို လက်ခံသော်လည်း သက်ဆိုင်ရာ တိုင်းပြည်၏ ပြည်တွင်းရေးပြဿနာတရပ် ကို ဝင်ရောက်တရားစီရင်ပိုင်ခွင့်အာဏာ မရှိပေ။
အမှန်တကယ်တော့မူ စီရင်ပိုင်ခွင့်အာဏာဆိုသည်မှာ တရားရုံးဟုပြောလိုက်လျှင် တဆက်တည်း တွဲပါလာသည်သာ ဖြစ်သည်။ သို့သော် နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး အိုင်စီစီ တည်ထောင်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အပြည်ပြည် ဆိုင်ရာတရားရုံး၊ ရဝမ်ဒါနှင့် ယူဂိုဆလားဗီးယားဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး၊ အထူးရုံးတော်များ၏ အားနည်းချက်ကို ဖြည့်ဆည်းပေးရန်ဖြစ်သည်။ ရဝမ်ဒါနှင့် ယူဂိုဆလားဗီးယားဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး အိုင်စီတီအာနှင့် အိုင်စီတီဝိုင် တို့မှာ ဗိံသခ များဖြစ်သည်။ အက်ဒ်ဟော့ ဆိုသည် အမြဲတမ်း တည်ရှိသောတရားရုံး မဟုတ်ပေ။ ထိုတရားရုံးသုံးခုအား ကုလသမဂ္ဂလုံòခံရေးကောင်စီမှ တည်ထောင်ထားခြင်းဖြစ်သည်။ ရဝမ်ဒါနိုင်ငံတွင် မှုခင်းများကို ၇ နှစ်ကြာ စီရင်ခဲ့သည်။ ထိုကာလအတွင်း အမေရိကန်ဒေါ်လာသန်းတရာကျော်ကုန်၍ တရားခံလူတရာခန့်သာ စီရင်ဆုံးဖြတ် အပြစ်ပေးနိုင်ခဲ့သည်။ ထောင်နှင့်ချီသော တရားခံများ ထောင်များအတွင်း ရှိနေဆဲဖြစ်သည်။ တချို့ ထောင်ထဲ၌ သေဆုံးသွားသည်။ ရဝမ်ဒါ၏ လုပ်ထုံးလုပ်နည်းများမှာ ရှုတ်ထွေးသည်။ အမှုစီရင်ရာ၌လည်း အချိန်နှင့်ငွေကြေး အကြီးအကျယ်ကုန်သည်။ ထို့ကြောင့် အမြဲတမ်းတရားရုံးတရုံးရှိသင့်သည်ဟုယူဆကာ လက်ရှိတရားရုံးများ၏ အားနည်းချက်ကို ðပပြင်ရန်အတွက် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး ၏ အပိုဒ် (၁) ၌ ပြဌာန်းထားသည့် ရည်ရွယ်ချက်မှာ ဖြည့်ဆည်းပေးရန်၊ အကူအညီပေးရန်ဖြစ်သည်။ နိုင်ငံများ၌ရှိသည့် တရားရုံးများ၏ တရားစီရင်ရေးစနစ်များ ကို ပံ့ပိုးပေးရန်ဖြစ်သည်။ နိုင်ငံအတွင်းဖြစ်ပေါ်နေသော လူ့အခွင့်အရေးချိုးဖေါက်မှုများအား ထိုနိုင်ငံ၏ တရားရုံးနှင့် တရား စီရင်ရေးစနစ်များက တိတိကျကျ အရေးယူဆောင်ရွက်ပေးခြင်းမðပနိုင်ပဲ၊ ထိရောက်မှုမရှိ၊ အားနည်းနေသည်ဆိုလျှင် နိုင်ငံ တကာပြစ်မှုဆိုင်ရာတရားရုံးက ဖြည့်ဆည်းကူညီသွားမည် ဖြစ်သည်။
နိုင်ငံတကာပြစ်မှုဆိုင်ရာဥပဒေသည် နိုင်ငံနှင့်တိုင်းပြည်ကို အခြေမခံ။ လူတဦးချင်းကို အခြေခံသည်။ သို့သော် ရိုးရိုး လူ သတ်မှု၊ မုဒိန်းမှုများကိုမဆိုလို။ နိုင်ငံတကာက စိုးရိမ်လောက်သည့် အဆိုးဝါးဆုံးသော ရာဇဝတ်မှုများအပေါ်တွင် စီရင်ပိုင်ခွင့် အာဏာကို ကျင့်သုံးသည်။ တချိန်တည်းမှာပင် သက်ဆိုင်ရာတိုင်းပြည်များ၏ ပြစ်မှုဆိုင်ရာ စီရင်ပိုင်ခွင့် လုပ်ထုံးလုပ်နည်း ကိစ္စ ရပ်များအတွက် ကူညီဖြည့်ဆည်းပေးသည်။ ရောမòမိ့တွင် ၁၃၅ နိုင်ငံမှ ကိုယ်စားလှယ်ကြီးများ အပြင်းအထန် ငြင်းခုံဆွေးနွေး ကြပြီးနောက် ရည်ရွယ်ချက်ရှိစွာဖြင့် ဖြည့်ဆည်းခြင်းကိစ္စကို ထည့်သွင်းထားခြင်းဖြစ်သည်။ သက်ဆိုင်ရာတိုင်းပြည်၏ တရားစီရင် ရေးစနစ်သည် မလည်ပတ်နိုင်၊ အလုပ်မဖြစ်၊ ထိရောက်မှုမရှိဖြစ်နေလျှင် ထိုကိစ္စကိုဖြည့်ဆည်းကူညီရန်အတွက် အိုင်စီစီမှ လျှို့ဝှက်အစီရင်ခံစာ တင်ရသည်။ ထို့ကြောင့်သက်ဆိုင်ရာနိုင်ငံ၏ တရားစီရင်ရေးစနစ် အလွန်အားနည်းနေပါက နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရား±ုံးကို အသုံးချရန် စဉ်းစားရမည်။ သက်ဆိုင်ရာတရားစီရင်ရေးစနစ် အားကောင်းနေမည်ဆိုပါက နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရား±ုံးကို အသုံးðပရန် လိုအပ်လိမ့်မည်မဟုတ်။ ကမေBာဒီးယားဥပမာကို ကြည့်ပါ။ ခမာနီများလက်ထက်က လူ နှစ်သန်းကျော် အသတ်ခံခဲ့ရသည်။ ကမေBာဒိးယားလူ့အဖွဲ့အစည်းသည် ထိုပြဿနာနှင့်ပတ်သတ်၍ အပြင်းအထန်စဉ်းစားနေ ကြရသည်။ တကမBာလုံးက လက်ခံထားသော တရားဥပဒေစိုးမိုးရေး အယူအဆအရ လူ့အဖွဲ့အစည်းအတွင်း နောင်ဤကဲ့သို့ အဖြစ်မျိုးမဖြစ်ရအောင် အပြစ်ကျုးလွန်ခဲ့သူများကို အပြစ်ပေးရန်လိုအပ်သည်။ သို့သော် ထိုအချိန်က ပြစ်မှုကျုးလွန်ခဲ့သူများထဲ တွင် ယနေ့လက်ရှိခေါင်းဆောင်များ ပါဝင်နေသည်။ လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်မှာ တချိန်က ခမာနီတပ်မှုးကြီးတဦး ဖြစ်ခဲ့သည်။ ‚င်းတို့ကို အရေးယူမည်ဆိုလျှင် ပြည်တွင်းစစ် ပြန်ဖြစ်နိုင်သည်။ ထိုအခါ မည်ကဲ့သို့လုပ်ရမည်ကို အသေအချာစဉ်းစားကြရ တော့သည်။ ကုလသမဂ္ဂနှင့် ဟွန်ဆန်ဦးဆောင်သော ကမေBာဒီးယားအစိုးရတို့ အကြီးအကျယ် ည‡ိနှိုင်းကြသည်။ ဟွန်ဆန်က ကမေBဒီးယားတရားသူကြီးတဦးနှင့် ကုလသမဂ္ဂမှလွှတ်သော တရားသူကြီးတဥိးတို့ပါဝင်သော ခုံရုံးတခုဖွဲ့စည်းရန် အဆိုðပခဲ့ သည်။ ထိုအခါ အလွန်အားနည်းသော ကမေBာဒီးယား တရားစီရင်ရေးစနစ်ကို နိုင်ငံတကာပြစ်မှုဆိုင်ရာဥပဒေက ဖြည့်ဆည်းပေး ရန် လိုအပ်လာသည်။
တတ်နိုင်သမျှ သက်ဆိုင်ရာတိုင်းပြည်၏ အချုပ်အခြာအာဏာကို မထိပါးအောင်၊ အကြီးအကျယ် မဖျက်ဆီးမိအောင် အခြေခံစဉ်းစားကြသောအခါ သက်ဆိုင်ရာအမျိုးသားတရားရုံးများ သူ့ဖာသာ ကောင်းမွန်စွာလည်ပတ်နေနိုင်ရန်၊ အနှောင့် အယှက်မဖြစ်စေရန် လိုအပ်သည်။ အစဉ်အလာ နိုင်ငံတကာဥပဒေအရ အချုပ်အခြာအာဏာကို ထိပါး၍မရသော်လည်း နိုင်ငံ တကာပြစ်မှုဆိုင်ရာ တရားရုံးကမူ အတိုင်းအတာတခုအထိ ပြောင်းလဲသွားသည်။ နိုင်ငံသားတဦး၏ အခြေခံအခွင့်အရေးများကို ထိခိုက်နစ်နာခံရပြီဆိုပါက သူ့နိုင်ငံအတွင်းမှာဖြစ်သော်ငြား သက်ဆိုင်ရာနိုင်ငံကိုကျော်၍ နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးသို့ တိုင်ကြားအရေးဆိုခွင့်ရှိသည်။ ဤသည်မှာ နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး၏ ထူးခြားချက်ပင်။ အပိုဒ် ၅ အရ နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံး၏ စီရင်ပိုင်ခွင့်အာဏာအတွင်းတွင် ဖြစ်ပွားသောပြစ်မှုများအနက် အောက်ပါအချက်လေးချက်ကို စီရင်ခွင့် ရှိသည်။
(၁) သက်ဆိုင်ရာနိုင်ငံအတွင်းတွင် မျိုးðဖတ်သုတ်သင်ရန်ရည်ရွယ်သော ပြစ်မှုများ ကျုးလွန်ခြင်း၊ အပိုဒ် ၆ အရ ရည်ရွယ်ချက်ဖြင့် အမျိုးသားရေးအရသော်‚င်း၊ လူမျိုးရေးအရသော်‚င်း၊ ဘာသာရေးအရသော် ‚င်း၊ လူမျိုးစုတိုင်းရင်းသားများကိုသော်‚င်း တခုလုံးကိုဖြစ်စေ၊ တစိတ်တပိုင်းကိုဖြစ်စေ ကြံရွယ်သတ် ဖြတ်ခြင်းကို ဆိုလိုသည်။ ဂျာမနီတွင် ဂျုးများအသတ်ခံရမှု၊ ရဝမ်ဒါတွင် ဟူတူများက တွတ်စီများကို သတ်ဖြတ်မှုမျိုးဖြစ်သည်။
(၂) တိုင်းရင်းသားများ၊ လူမျိုးကွဲများ၊ ဘာသာကွဲများအား ခန္ဒာကိုယ်ကိုဖြစ်စေ၊ စိတ်ကိုဖြစ်စေ ဆင်းရဲဒုက္ခ ရောက်စေရန် ကြံရွယ်လုပ်ဆောင်ခြင်းသည် ဖိနှိပ်ည‡င်းဆဲမှုဖြစ်သည်။ ဘာသာရေးကိုးကွယ်မှုကို စနစ် တကျ ချိုးနှိမ်ဖျက်ဆီးခြင်းသည် စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ပျက်စီးစေသည်။ ဥပမာ ခရစ်ယန်ဘုရား ကျောင်းများကိုဖျက်ဆီး၍ ဗုဒ္ဓြွဘာသာဘုန်းကြီးကျောင်းများ ဆောက်လုပ်စေခြင်းသည် သုတ်သင်ဖျက် ဆီးမှု ဖြစ်သည်။
(၃) လူမျိုး၊ ဘာသာ၊ တိုင်းရင်းသားတို့၏ နေထိုင်စားသောက်မှု နေ့စဉ်ဘဝအခြေအနေကို ဖျက်ဆီးခြင်းသည် လည်း မျိုးðဖတ်သုတ်သင်မှုတမျိုး ဖြစ်သည်။ ကရင်နီရွာပေါင်း ၈ဝ ကျော်ကို ဖျက်ဆီးခြင်းသည် ကရင်နီ တိုင်းရင်းသားများဖြစ်သောကြောင့် ဖြစ်သည်။ လူကိုမသတ်သော်လည်း လူ့အဖွဲ့အစည်းတခု၏ လူမှု ဘဝကို ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်ပါသည်။
(၄) ရည်ရွယ်ချက်ရှိရှိဖြင့် ကလေးမွေးဖွားခွင့်ကို စနစ်တကျ ပိတ်ပင်နှောက်ယှက်ခြင်းသည် လူမျိုးမပြန့်ပွားစေ ရန် ကြံစည်ခြင်းဖြစ်သည်။ ကလေးဖျက်ချစေခြင်း၊ အòမံဖြစ်အောင် ဆေးတိုက်ခြင်းစသည်တို့သည် မျိုး ðပတ်စေခြင်းပင်ဖြစ်သည်။ ( တရုတ်ပြည်၌ မိသားစုစီမံကိန်းအရ မိသားတစုလျှင် ကလေးတယောက်သာ မွေးဖွားခွင့်ပေးထားသည်။ တချို့နိုင်ငံများ၌လည်း ထိုသို့ မိသားစုစီမံကိန်းများ ရှိကြသည်။ လူဦးရေ အဆမတန်တိုးပွားမှုအား တားဆီးရန်óကိးစားခြင်းဖြစ်သည်။ မွေးဖွားခွင့်ကို တားဆီးခြင်းမဟုတ်။ ဥပဒေ ဖြင့် ကန့်သတ်ခြင်းဖြစ်သည်။ ထို့ကြောင့် လူမျိုးတုံးသတ်ဖြတ်မှုဟု သတ်မှတ်၍မရ။ တရုတ်တပြည်လုံး ကိုမဟုတ်ပဲ လူမျိုးတမျိုးကိုသာ ရည်ရွယ်ကန့်သတ်သည်ဆိုလျှင်မူ လူမျိုးတုံးသတ်ဖြတ်မှုဟုပြောနိုင် သည်။ တဖန် ထိုသို့ကန့်သတ် တားဆီးခံရသည့်အတွက် စိတ်ပိုင်းဆို်င်ရာအရကော၊ ရုပ်ပိုင်းဆိုင်ရာ အရပါ အကြီးအကျယ် ထိခိုက်ခံစားရစေသည်ဆိုလျှင်လည်း လူမျိုးတုံးသတ်ဖြတ်ခြင်း ဖြစ်သွားနိုင်သည်။
အထက်ပါပြစ်မှုများကို ကျုးလွန်ပါက နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံး၏ ဥပဒေလမ်းကြောင်းကိုသုံး၍ တရားစွဲဆိုနိုင်သည်။


စစ်ရာဇဝတ်မှု

နိုင်ငံတကာဥပဒေက တရားသောစစ်ကိုသာ လက်ခံသည်။ စစ်ပွဲဖြစ်နေသော်လည်း တရားမျှတမှုကို ထိမ်းသိမ်းခြင်းသည် အခြေခံအကျဆုံး အချက်ဖြစ်သည်။ လူနာထားသောနေရာများတွင် စစ်တပ်မှ ဝင်ရောက်တပ်စွဲခြင်းမðပရ။ ဂျီနီဗာ သဘောတူ ညီချက်ပါ ထင်ရှားသောအမှတ်အသားများကို သုံးစွဲထားသော အဆောက်အဦ၊ အရာဝတ္ထု၊ ဆေးဘက်ဆိုင်ရာတပ်ဖွဲ့များ၊ သယ်ယူပို့ဆောင်ရေးယဉ်များကို မတိုက်ခိုက်ရ။ အရပ်သူအရပ်သားများကို ငတ်မွတ်အောင်ðပခြင်းဖြင့် စစ်ပွဲကိုအနိုင်မယူရ။ ၁၅ နှစ်အောက် ကလေးများအား အတင်းအဓမ္မစစ်သားစုဆောင်းခြင်း၊ စစ်တိုက်စေခြင်းမðပရ။ ထိုအချက်များကို ကျုးလွန် ဖေါက်ဖျက်ခြင်းသည် စစ်ရာဇဝတ်မှုဖြစ်သည်။ စစ်ရာဇဝတ်မှုနှင့်ပတ်သတ်၍ ဂျီနီဗာသဘောတူညီချက်၌ အောက်ပါအတိုင်း ပြဌာန်းထားသည်၊
(၁) စစ်ပွဲဖြစ်နေသောကာလအတွင်း တိတိကျကျ ရည်ရွယ်ချက်ရှိရှိဖြင့် ကြံစည်သတ်ဖြတ်ခြင်း
(၂) လူမဆန်စွာ ည‡င်းပမ်းနျိပ်စက်ခြင်း၊ လူသားဂုဏ်သိက္ခာနှင့်မညီ စော်ကားဆက်ဆံခြင်း
(၃) ဓတ်ခွဲခန်းအတွင်း အရှင်လတ်လတ် လူကို ဇီဝစမ်းသပ်မှုများðပလုပ်ကာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ဒုက္ခခံစားစေခြင်း
(၄) စစ်ရေးလိုအပ်ချက်အရမဟုတ်ပဲ ပြည်သူလူထု၏ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကို အတင်းအဓမ္မသိမ်းပိုက်ခြင်း၊ အကြီး အကျယ်ပျက်စီးစေခြင်း
(၅) ဓားစာခံအဖြစ်ဖမ်းဆီးအသုံးချခြင်း၊ စစ်သုံ့ပန်းများကို ည‡င်းပမ်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ဖြစ်သည်။

ငြိမ်းချမ်းမှုကို ဖျက်ဆီးခြင်းနှင့် ကျုးကျော်ရန်စ အန္တရယ်ðပလာသည့်အခါ မည်ကဲ့သို့ အရေးယူဆောင်ရွက် မည်ဆိုသည်နှင့် ပတ်သတ်၍ အခန်း ရ ၌ ဖေါ်ပြထားသည်။ အသေးစိတ်အားဖြင့် အပိုဒ် ၄၁ နှင့် အပိုဒ် ၄၂ တို့တွင် အခြားနည်းများဖြင့် ဖြေရှင်းခြင်း၊ နောက်တဆင့်တက်၍ စစ်ရေးနည်း တို့ဖြင့်ဖြေရှင်းခြင်းတို့ကို ဖေါ်ပြထားသည်။ အပိုဒ် ၄၁ ၏သဘောမှာ ဆက်သွယ်ရေးအကုန်လုံးဖြတ်ခြင်းဖြစ်သည်။ စီးပွားရေး၊ ဆက်သွယ်ရေး၊ သံတမန်ဆက်ဆံရေးများ ဖြတ်တောက်ခြင်းဖြင့် သက်ဆိုင်ရာတိုင်းပြည်ကို အခြားတိုင်းပြည်များက ဖိအားပေးခြင်းများ ðပလုပ်ကြမည်။ ထိုသို့မှ မဖြေ ရှင်းနိုင်လျှင် အပိုဒ် ၄၂ အရ ကုလသမဂ္ဂတပ်များစေလွှတ်ကာ အရေးယူဆောင်ရွက်စေနိုင်သည်။ ဤသည်မှာ အပိုဒ် ၄၁ နှင့် ၄၂ တို့၏ ကွာခြားချက်ဖြစ်သည်။ ကမBာကြီး၏ လုံòခံတည်ငြိမ်ရေးကို ထိပါးလာမည်ဆိုပါက ကုလသမဂ္ဂလုံòခံရေး ကောင်စီ၌ ကိုင်တွယ်အရေးယူဆောင်ရွက်ခွင့်ရှိသည်။ ပထမဆုံး သံတမန်ရေးနည်းလမ်း၊ နိုင်ငံရေးနည်းလမ်းများဖြင့် ပြဿနာကို ဖြေရှင်းနိုင်ရန် óကိးစားမည်။ ထိုသို့ အပိုဒ် ၄၁ အရ မဖြေရှင်းနိုင်သောအခါကျမှသာ အပိုဒ် ၄၂ မှ ပေးထား သည့်လုပ်ပိုင်ခွင့်အတိုင်း စစ်ရေးနည်းဖြင့် ဖြေရှင်းလေသည်။ သို့သော် ကုလသမဂ္ဂတွင် ပုံမှန်စစ်တပ်မရှိ။ အကြောင်း ကိစ္စပေါ်သောအခါကျမှ နိုင်ငံအလိုက် ခွဲဝေခေါ်ယူကာ ဖွဲ့စည်းသည်။ ဥပမာ အီရတ်စစ်ပွဲဖြစ်စဉ်က ထိုင်းနိုင်ငံမှ စစ်သား ၁ဝဝဝ ပို့ပေးရသည်။
ကုလသမဂ္ဂတပ်များရောက်သွားသောအခါ သက်ဆိုင်ရာတိုင်းပြည်ရှိ ပြည်သူများ အားရှိသွားကြသည်။ လုံòခံစိတ်ချသွား ကြသည်။ သို့သော်လည်း ကုလသမဂ္ဂတပ်နှင့်အတူ ပြဿနာများလည်း ပါလာနိုင်သည်။ စစ်တပ်ဆိုသည့်အတိုင်း လူမျိုးစုံ မ တထောင်သားများဖြစ်သောကြောင့် မဖြစ်သင့်သည်များ ဖြစ်နိုင်သည်။ ဥပမာ အရှေ့တီမောတွင် ကုလသမဂ္ဂတပ်မှ ထိုင်းတပ် သားတယောက်က ဒေသခံအမျိုးသမီးလေးတဦးကို မုဒိန်းကျင့်လိုက်သောပြဿနာအား အများမသိအောင် ကြိတ်၍ ဖြေရှင်း လိုက်ရသည်။ ထိုကဲ့သို့ကိစ္စမျိုး အများအပြားဖြစ်ခဲ့သည်။ ထိုကိစ္စများကို ထိန်းသိမ်းနိုင်ရန် သဘောတူညီချက် ပြန်လုပ်ရသည်။ ကုလသမဂ္ဂတပ်များသည် ရောက်ရှိနေသော နိုင်ငံ၏ယဉ်ကျေးမှုကို လေးစားလိုက်နာရမည်။ မည်သည့်နိုင်ငံမှ တပ်ဖြစ်စေ ကုလ သမဂ္ဂ တပ်မှူး၏အမိန့်ကို နာခံရမည်။ သူ အမိန့်ပေးနေရသောတပ်သည် သူ၏ အမြဲတမ်းတပ်မဟုတ်သည့်အတွက် တပ်မှူး လုပ်သူ၌ အခက်အခဲရှိလေသည်။ ထို့ကြောင့် ကုလသမဂ္ဂတပ်ဖွဲ့ရသည်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပေ။

ကမ္ဘာလုံးဆိုင်ရာတရားစီရင်ရေးအယူအဆ

အပိုဒ် ၁၂ (၁) ၌ ဖေါ်ပြထားချက်အရ အပိုဒ် ၅၊ ၆၊ ၇ တို့၌ပါရှိသော ပြစ်မှုများနှင့်ပတ်သတ်၍ စာချုပ်ကိုလက်မှတ်ထိုး ထားသည့် နိုင်ငံအပေါ်မှာသာ တရားစီရင်ခွင့်အာဏာရှိသည်။ မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးခြင်းမရှိသေးပါ။ ထို့ပြင် နိုင်ငံ တကာပြစ်မှုဆိုင်ရာတရားရုံး မစတင်မီကာလမှ ဖြစ်ရပ်များအတွက် နောက်ကြောင်းပြန်တရားစွဲဆို၍မရပါ။ ထိုအခါ တကမBာ လုံးဆိုင်ရာတရားစီရင်ရေးအယူအဆဘက်မှ ပြန်လည်ချဉ်းကပ်ရန်လိုအပ်လာသည်။
မျိုးðဖတ်သုတ်သင်မှု၊ လူသားဖြစ်မှုကိုဆန့်ကျင်မှု စသည့် ပြစ်မှုများကို ကျုးလွန်ခဲ့သူဖြစ်ပါက ကမBာ့မည်သည့်နေရာသို့ ရောက်နေသူဖြစ်စေ ထိုတိုင်းပြည်ရှိတရားရုံးများက ဖမ်းဆီးတရားစွဲဆို စီရင်ပိုင်ခွင့်ရှိသည်။ ဤသည်မှာ တကမBာလုံးဆိုင်ရာ စဉ်းစားတွေးခေါ်ချက်ကိုအခြေခံသည့် စီရင်ပိုင်ခွင့်အာဏာဖြစ်သည်။ ထိုကြောင့် ကျုးလွန်ခံခဲ့ရသည့် ကာယကံရှင်များ၊ မိသား စုများက အာဏာရှင်များကို ရောက်ရာနိုင်ငံသို့လိုက်လံကာ တရားစွဲဆိုကြသည်။ ထိုနိုင်ငံက စာချုပ်ကို လက်မှတ်ထိုးခြင်း၊ မထိုးခြင်းနှင့် မသက်ဆိုင်။ ဥပမာ အေ နိုင်ငံရှိ အာဏာရှင်တဦးသည် လူ့အခွင့်အရေးချိုးဖေါက်မှုများကို အကြိးအကျယ် ကျုးလွန်ခဲ့သည်။ အပြောင်းအလဲဖြစ်သောအခါ ဘီ နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကာ အေးအေးလူလူ နေထိုင်လျှက်ရှိသည်။ တရားမျှတမှုနှင့် အမှန်တရားရှုထောင့်မှကြည့်လျှင် ထိုကဲ့သို့မျိုးကို ခွင့်မðပသင့်ပေ။ ဤသည်မှာ လူ့အခွင့်အရေး ချိုးဖေါက်ခံရ မှုများနှင့်ပတ်သတ်၍ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ရေးအယူအဆဖြစ်သည်။ ထိုအယူအဆအရ ယခုအခါ လူ့အခွင့်အရေး ချိုး ဖေါက်ခံရသည့်အမှုများကို အမေရိကန်၊ ဘယ်လဂျီယန်စသည့်နိုင်ငံများ၌ လက်ခံစစ်ဆေး ကြားနာပေးလျှက်ရှိပါသည်။ နိုင်ငံ ခြားသားများ တရားမနစ်နာမှုတောင်းဆိုခွင့်ဥပဒေကို အမေရိကန်နိုင်ငံတွင် ပြဌာန်းထားသည်။ ခရိုင်တရားရုံးများအနေဖြင့် တရားစီရင်မှု မူလအာဏာကိုခွင့်ပြုထားပြီး နိုင်ငံဖြတ်ကျော်၍ စွဲဆိုလာသည့် တရားမနစ်နာမှု အမှုများကို ထိုတရားရုံးများက စစ်ဆေးစီရင်သည်။ ထိုဥပဒေအရ တရားမကြောင်းအရသာ တရားစွဲဆိုနိုင်ပြီး အမေရိကန်နိုင်ငံနှင့် သဘောတူစာချုပ် ချုပ်ဆို ထားသည့်နိုင်ငံများ သို့မဟုတ် နိုင်ငံအတွင်း လူ့အခွင့်အရေး ကျူးလွန်ဖေါက်ဖျက်မှုများအပေါ်တွင် တရားစွဲဆိုနိုင်သည်။ သာဓကတရပ်အနေဖြင့် ၁၉၇၈ ခုနှစ်တွင် ဒေါက်တာ ဂျိုးဖီလာတီဂါဆိုသည့် ပါရာဂွေးနိုင်ငံသားတဦးက မိသားစုများကိုယ်စား အမေရိကန်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကိုချိုးဖေါက်မှုအတွက် ပါရာဂွေးအစိုးရဟောင်းကို တရားစွဲဆိုခဲ့ သည်၊ ‚င်း အမေရိကန်နိုင်ငံတွင်နေထိုင်နေစဉ်အတွင်း ပါရာဂွေးနိုင်ငံရှိ ‚င်း၏ မိသားစုများကို အာဏာပိုင် အစိုးရက နှိပ်စက် ညှင်းပမ်းခြင်းပြုသည့်အတွက် နစ်နာကြေးပေးရန် တောင်းဆိုခဲ့သည်။ အမေရိကန်တရားရုံးက ဆုံးဖြတ်သည်မှာ နိုင်ငံတနိုင်ငံ အနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေအရ အသိအမှတ်ပြုထားသည့် နိုင်ငံသားများ၏ အခွင့်အရေးကိုလေးစားလိုက်နာရမည့် တာဝန်ရှိသဖြင့် ပါရာဂွေးအစိုးရအနေဖြင့် နှိပ်စက်ညှင်းပန်းခြင်းခံခဲ့ရသည့် မိသားစုများအား အမေရိကန်ဒေါ်လာ ၁ဝ သန်း နစ် နာကြေးပေးစေရန် ဆုံးဖြတ်ခဲ့သည်။
ထိုဆုံးဖြတ်ချက်ပေါ်ထွက်လာပြီးသည့်နောက်ပိုင်း အမေရိကန်တရားရုံးများတွင် လူ့အခွင့်အရေးချိုးဖေါက်မှုများ အတွက် အရေးယူဆောင်ရွက်ပေးရန် အမှုများစွဲဆိုလာကြသည်။ ၁၉၉၉ ခုနှစ်တွင်ကျင်းပခဲ့သည့် အမျိုးသား ဆန္ဒခံယူပွဲ ပြီး သည့်နောက်ပိုင်း အရှေ့တီမောနိုင်ငံသားများအပေါ် အင်ဒိုနီးရှားစစ်တပ်က ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများ အတွက် ထိုအချိန်က ပြည်ထဲရေးဝန်ကြီးအဖြစ်တာဝန်ယူသည့် ဗိုလ်ချုပ်လူမင်တန်အား ဝါရှင်တန်ခရိုင်တရားရုံးတွင် အမေရိ ကန်နိုင်ငံပြင်ပတွင် ကျုးလွန်သည့်အမှုများအတွက် တရားစွဲဆိုခဲ့သည်။
ကမBာလုံးဆိုင်ရာတရားစီရင်ရေးကို ဖွံòဖိးတိုးတက်အောင်óကိးစားလာကြသောအခါ စာချုပ်ကို လက်မှတ်ထိုးမထား သော်ငြား ထိုးထားသည့်အခြားနိုင်ငံတခုမှ တင်ပြလာပါက ထိုနိုင်ငံကို စွဲဆိုစီရင်ခွင့်ရှိသည်ဆိုသည့်အယူအဆကို ယခုအခါ နိုင်ငံတကာ၌ အချေအတင်ဆွေးနွေးနေကြလေသည်။ လူ့အခွင့်အရေးအတွက်လှုပ်ရှားသူများ၊ လူ့အခွင့်အရေးဆိုင်ရာ အမှု များကို လိုက်ပါဆောင်ရွက်သည့်ရှေ့နေများ နိုင်ငံတကာလူ့အခွင့်အရေးအသင်းအဖွဲ့များက နိုင်ငံဖြတ်ကျော် တရားစွဲဆိုခြင်းဖြင့် ဥပဒေအရ တရားရုံးများမှ တဆင့် တရားမျှတမှုကို ရှာဖွေကြရန် အားထုတ်မှုများပြုလုပ်လာကြသည်။
နိုင်ငံဖြတ်ကျော်တရားစွဲဆိုသည့်ဥပဒေကို ပြစ်မှုကြောင်းအရသော်‚င်း တရားမကြောင်းအရသော်လည်းကောင်း၊ လူ့အခွင့်အရေးချိုးဖေါက်မှုများအပေါ်အရေးယူအပြစ်ပေးနိုင်စေရန်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေပြဌာန်းချက်များ ကို မိမိတို့နိုင်ငံ၏ ပြည်တွင်းဥပဒေများတွင် ထည့်သွင်းရေးဆွဲလာကြသည်ကို လည်းတွေ့ရသည်။ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ပြည်တွင်းဥပဒေတို့၏ ဆက်စပ်မှုဟုလည်းခေါ်ဆိုနိုင်သည်။

နိဂုံးချုပ်အားဖြင့် နိုင်ငံတကာဥပဒေသည် အစဉ်အလာအားဖြင့် နိုင်ငံများအပေါ်တွင် အခြေခံ၍ တည်ရှိခဲ့သော်လည်း၊ နုရင်ဘတ်စစ်ခုံရုံးအယူအဆပေါ်တွင် တဖြည်းဖြည်းဖြင့် ဖွံòဖိးတိုးတက်လာကာ ယနေ့ ကမBာအနှံ့ဆက်သွယ်ဆောင်ရွက်သော ခေတ်၌ လူတဦးချင်းပေါ်တွင်အခြေခံသည့်အဆင့်သို့ ပြောင်းလဲရောက်ရှိလာပါသည်။ မည်သည့်အခါမှ ပြောင်းလဲရုပ်သိမ်း၍မရ သော လူတဦးချင်း၏ အခြေခံရပိုင်ခွင့်များဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်နှင့် မိမိကိုယ်တိုင်ရပ်တည်စီမံပိုင် ခွင့်တို့အား ကမBာမည်သည့်ဒေသမှာမဆို အကာအကွယ်ပေးသွားရန် óကိးစားကြရာ၌ နည်းလမ်းများစွာရှိသော်လည်း၊ အချိုး ဖေါက်ခံခဲ့ရသူများအား ပြန်လည်ကုစားမှုပေးကာ ချိုးဖေါက်သူများအား အပြစ်ပေးခြင်းဖြင့် လူ့အဖွဲ့အစည်း၏ တရားမျှတမှုကို အာမခံပေးနိုင်သည်မှာ တရားရုံးများသာဖြစ်သည်။ သို့အတွက် အခြေအနေတရပ်၌ ပြည်တွင်းတရားရုံးများသည် လွတ်လပ်စွာ တရားစီရင်ခွင့်မရှိပဲဖြစ်နေလျှင်၊ တရားဥပဒေစိုးမိုရေး ပျက်ပြားနေလျှင်၊ လူတဦးချင်း၏အခွင့်အရေးများကို ကာကွယ်ရန်နှင့် လူ့ အဖွဲ့အစည်းအတွင်း တရားမျှတမှုကိုတည်ဆောက်ရန် နိုင်ငံတကာရှိတရားရုံးများနှင့် နိုင်ငံတကာဥပဒေများကို ကိုင်တွယ်အသုံး ချ၍ အရေးယူဆောင်ရွက်ခြင်းသည် အရေးကြီးသော ခြေလှမ်းတလှမ်း၊ နည်းဗျုဟာတခု ဖြစ်လာပါသည်။ နိုင်ငံတကာဥပဒေ၏ လူတဦးချင်းပေါ်အခြေခံသောအယူအဆ ပိုမိုအားကောင်းလာသည်နှင့်အမျှ၊ ငါတကောကော၍ လုပ်ချင်ရာလုပ်သော လူ့အဖွဲ့အ စည်းတခုအတွင်း ပိတ်မိနေကြရသောလူများအဖို့ မျှော်လင့်ချက်များ ပို၍ထွန်းလင်းလာပေလိမ့်မည်။ ယနေ့အချိန်အခါ၌ တရား မျှတမှုကိုရှာဖွေခြင်းနှင့် မိမိ၏အခြေခံရပိုင်ခွင့်များအား ကာကွယ်ရာ၌ ဤကမBာပေါ်တွင် မည်သူမျှ အထီးကျန်မဟုတ်တော့ ကြောင်း ရှင်းလင်းစွာ သိမြင်ထားသင့်ပေသည်။



- Traditional International Law
Concept
Self-Determination
Treaties
Convention
International Customary Law
International Court of Justice
Binding Force
International Criminal Court
Court
(1) International Court of Justice
(2) International Criminal Tribunal of Yugoslavia (or) International Criminal Tribunal of Rwanda (AD-Hoc)
( War Crime)
(Crime Against Humanity)
(Genocide)
Forecus
Sovereignty
ICC
Jucdition
Special Court
Procedure Process
Complementary
Group Condition of Live
ICC . Procedure
The European Convention of Human Rights
Converntion
European Convention of Human Rights
(Article –19
( a ) European Commission of Human Rights
(b ) European Court of Human Rights
United Nation
Security Council
Chapter 1
Chapter 7
Action
Article 41
Article 42
Asia Human Rights Commission
Asia Value
Globalization
confusious
Supreme Court
Amnisty International
Forum Asia
Conversaton
Article 28 )
Restitution Rehabilitation

မူရင်းဆိုဒ်။ ။ http://www.lubo601.com/2011/04/blog-post_2188.html

Sunday, December 18, 2011

ခေါင်းဆောင်မှု

-အောင်ခက်-

၂၀ရာစုခေတ်လယ်ပိုင်းလောက်ကစပြီး ခေါင်းဆောင်မှုအရေးပေါ် ချဉ်းကပ်နည်း ကို ထဲထဲဝင်ဝင် လွန်စွာအလေးထား လာခဲ့ကျပါတယ်။ အရေးပေါ်ခေါင်းဆောင်မှု သီအိုရီတွေ မြောက်မြားစွာပေါ်ထွန်းလာခဲ့ပါတယ်။ သို့သော် ၄င်းတို့အားလုံးရဲ့ တူညီတဲ့ ယူဆချက်ဆုံမှတ်တစ်ခုကတော့ တစ်စုံတစ်ခုသော(သို့) ထူးခြားသောအခြေအနေ တစ်ရပ်မှာ ခေါင်းဆောင်တစ်ဦးဟာ ဘယ်ပုံဘယ်နည်းပြုမှုသင့်တယ်ဆိုတာကို ထောက်ပြ ညွှန်ပြကြခြင်းပဲဖြစ်ပါတယ်။ ပညာရှင်တွေက Management ရဲ့ အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့် ဆိုခဲ့သလိုပဲ Leadership နဲ့ပါတ်သက်ပြီးတော့လည်း အဓိပွါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကျပါတယ်။



၂၀ရာစုခေတ်လယ်ပိုင်းလောက်ကစပြီး ခေါင်းဆောင်မှုအရေးပေါ် ချဉ်းကပ်နည်း ကို ထဲထဲဝင်ဝင် လွန်စွာအလေးထား လာခဲ့ကျပါတယ်။ အရေးပေါ်ခေါင်းဆောင်မှု သီအိုရီတွေ မြောက်မြားစွာပေါ်ထွန်းလာခဲ့ပါတယ်။ သို့သော် ၄င်းတို့အားလုံးရဲ့ တူညီတဲ့ ယူဆချက်ဆုံမှတ်တစ်ခုကတော့ တစ်စုံတစ်ခုသော(သို့) ထူးခြားသောအခြေအနေ တစ်ရပ်မှာ ခေါင်းဆောင်တစ်ဦးဟာ ဘယ်ပုံဘယ်နည်းပြုမှုသင့်တယ်ဆိုတာကို ထောက်ပြ ညွှန်ပြကြခြင်းပဲဖြစ်ပါတယ်။ ပညာရှင်တွေက Management ရဲ့ အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့် ဆိုခဲ့သလိုပဲ Leadership နဲ့ပါတ်သက်ပြီးတော့လည်း အဓိပွါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကျပါတယ်။

ခေါင်းဆောင်မှု အနက်အဓိပ္ပါယ် ဖွင့်ဆိုတာ အမျိုးမျိုးရှိသလိုပဲ ခေါင်းဆောင်မှု သဘောတရားကို အဓိပ္ပါယ်ဖွင့်ဆိုရန် ကြိုးပမ်းသူ ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ယေဘုယျအားဖြင့်တော့ ထိရောက်ဖြစ်ထွန်းသော ခေါင်းဆောင်မှုဆိုသည်မှာ ခေါင်းဆောင် ၏ အောင်မြင်သော သြဇာသက်ရောက်မှု နှင့် နောက်လိုက်များ၏ ရည်မှန်းချက်ပန်းတိုင် ဆွတ်ခူးရရှိတဲ့ အောင်မြင်မှု နှစ်ရပ် ပါဝင်တယ်ဆိုသော အချက်ကို အ‌ခြေခံအားဖြင့် လက်ခံ ထားရှိကြပါသည်။ ခေါင်းဆောင်မှုဟူသည် တစ်စုံတစ်ခုသော ပန်းတိုင်တစ်ရပ် (သို့) ပန်းတိုင်အချို့ ဆွတ်ခူး ရရှိအောင်မြင်ရေး၌ ပါဝင်သက်ဆိုင်သူတို့၏ လုံးလစိုက်ထုတ် ကြိုးပမ်း အားထုတ် ချက်များကို သြဇာပေးလမ်းညွှန်ပြတဲ့ နည်းစဉ် အဖြစ် အဓိပ္ပါယ်ဖွင့် ဆိုနိုင်တယ် လို့ဆိုပါတယ်။

(Barnard Bass. Stogdill’s Handbook of Leadership)

ဂျော့အက်ဖ်ကင်နန် ( George F.Kennan 1954 )ကတော့ “ ကိုယ့်ကိုယ်ကို ဧကန်အမှန် ပိုင်စိုးထိန်းနိုင်သူသည်သာ အခြားတစ်ပါးသူတွေအပေါ် ခေါင်းဆောင်မှု ပေးစွမ်းနိုင်သည်” ဟုဆိုပါတယ်။

စီမံခန့်ခွဲရေးမှူးတစ်ဦး၏ ရှေ့တန်းအကျဆုံး နဲ့ အရေးပါဆုံး အရည်အချင်းတစ်ရပ် ကတော့ “ ခေါင်းဆောင်တတ်ရေး” ပဲဖြစ်ပါတယ်။ ထိရောက်ဖြစ်ထွန်းသော ခေါင်းဆောင်မှု သည် လူတစ်ဦးချင်းအောင်မြင်မှုအတွက်ရော အဖွဲ့အစည်းအောင်မြင်မှု အတွက်ပါ အဓိကကျပါတယ်။

စီမံခန့်ခွဲရေးမှူးတွေဟာ တစ်ဦးနှင့်တစ်ဦးသည် သြဇာပေးနည်းစနစ်ခြင်း မတူညီ ကျပါဘူး။

ဥပမာ -

စီမံခန့်ခွဲရေးမှူးအချို့ဟာ လက်အောက်ငယ်သားများအတွက် ရည်မှန်းချက်များ ဖော်ပေးခြင်း၊ လုပ်ရမည့်အရာများကို အသေးစိတ်စာရင်းချပေးခြင်း နှင့် လုပ်ငန်းစဉ်ဇယား အတိုင်း လုပ်ဖြစ် /မဖြစ် သေချာအောင် ထပ်ကြပ်မကွာ အနီးကပ်စစ်ဆေး ကြည့်ရှု့ခြင်းဖြင့် အချိန်အများကြီးသုံးစွဲခဲ့ကျပါတယ်။ ဒီလိုစီမံခန့်ခွဲးရေးမှူးမျိုးကိုတော့ လက်အောက်ငယ် သားများအား လုပ်ပိုင်ခွင့်အာဏာကို မဖြစ်ညစ်ကျယ် မဆိုစလောက်သာ လွှဲအပ်ပေးသည့် လူမျိုးလို့ဆိုရမှာဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ လက်အောက်ငယ်သားများကို ကိုယ်လုပ်နည်းကိုင်နည်း အား ကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်စေခြင်း၊ အကူအညီထပ်မံလိုသူတွေကို တံခါးဖွင့်မူဝါဒ ထားပေးခြင်းဖြင့် ယေဘုယျ ရည်မှန်းချက်များ ချမှတ်ပေးရတာကို ပိုလိုလားကျတယ်။ ဒီလို စီမံခန့်ခွဲရေးမှူးများကတော့ လက်အောက်ငယ်သားများအား မျှတတဲ့အလုပ်တာဝန်ကို လွှဲအပ်ပေးတဲ့သူမျိုးဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။

တချို့စီမံခန့်ခွဲသူတွေကတော့ လက်အောက်ငယ်သားတွေကို ဖြစ်နိုင်သမျှ အနည်းဆုံးလမ်းညွှန်မှုပေးတယ်၊ လက်အောက်ငယ်သားတွေက ပြဿနာအချို့ကိုရင်ဆိုင် နေရပါက သူတို့ဘာသာအဖြေရှာပြီးဖြေရှင်းစေတယ်။ ဒီလိုစီမံခန့်ခွဲရေးမှူးမျိုးကတော့ အလုပ်တာဝန်ခပ်သိမ်းကို လုံးလုံးလွှဲအပ်ပေးထားတဲ့သူမျိုးတွေဖြစ်ပါတယ်။
အဲ့ဒီနည်းလမ်း သုံးမျိုးထဲမှာ ဘယ်နည်းလမ်းကအကောင်းဆုံးလဲလို့မေးလာခဲ့လျှင် တော့ နည်းဟန်သုံးမျိုးစလုံးဟာ တစ်မျိုးစီထိရောက်နိုင်ပါတယ်။ အကောင်းဆုံး ခေါင်းဆောင်မှုနည်းဟန် တစ်မျိုးတည်းဟူ၍ မရှိဘူးဆိုတာကို သိသာထင်ရှားစေပါတယ်။ အဲ့ဒီအချက်တွေကြောင့်ပဲ ခေါင်းဆောင်မှုဆိုတာဟာ အလွန်စိတ်ဝင်စားဖွယ်ရာ ကောင်း လာပါတယ်။

အဓိကစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အချက်ကတော့ ခေါင်းဆောင် တွေမှာ ရှိတတ်ကျတဲ့ ဓလေ့စရိုက်များ နဲ့ အရည်အချင်း စွမ်းရည်များ ( traits & abilities ) ပဲဖြစ်ပါတယ်။

၁၉၂၀ နှင့် ၁၉၅၀ ပြည့်နှစ်အတွင်း ခေါင်းဆောင်မှု ထိရောက် အကျိုးဖြစ်ထွန်းချက် အား အထောက်အကူပြုသော အင်အားစုများကို ပိုင်းခြားပြရန် အားထုတ်သည့်အနေဖြင့် ဓလေ့စရိုက်သီအိုရီ ( traits & abilities ) သုတေသနပြုမှုတွေကို အများကြီးပြုလုပ်ခဲ့ကျ ပါတယ်။ စူးစမ်းလေ့လာသူ ပညာရှင်များက အများလက်ခံနိုင်သော ယေဘုယျစာရင်း တစ်ခု မဖော်ဆောင်နိုင်ခဲ့ခြင်းမှာ ကံဆိုးသည့် အကြီးမားဆုံးပြဿနာပဲဖြစ်ပါတယ်။ဒါပေမဲ့ အများစုတင်ပြခဲ့တဲ့ ယေဘုယျတွေ့ရှိချက်အချို့ကို တော့ရရှိခဲ့ပါတယ်။

သာဓကအားဖြင့် အဲ့ဒီခေတ်က ရေးသားတင်ပြချက်တွေကို ဆန်းစစ်သုံးသပ်ပြီး နောက် ဘက်စ် (Bass )ဆိုသူက အောက်ပါကောက်ချက်များ ဆွဲယူရန် စူးစမ်း လေ့လာချက် ၁၅ခုကျော်မှ တစ်‌ပြေးညီ ခိုင်မာအားကောင်းသော အထောက်အထားများကို တွေ့ရှိခဲ့ပါတယ်။

ခေါင်းဆောင်မှု အနေအထားတစ်ရပ်ရရှိထားသူဟာ ၄င်းရဲ့ အုပ်စု သာမန်အဖွဲ့ဝင် များထက် အောက်ပါအချက်တွေဟာသာလွန်နေတာကိုတွေ့ရမှာဖြစ်ပါတယ်-
(၁) ဉာဏ်အမြော်အမြင် ( Intelligence )
(၂) ပညာအရည်အချင်း ( Scholarship )
(၃) တာဝန်များထမ်းဆောင်ရာ၌ မှီခိုအားထားနိုင်မှု ( Depend-ability in exercising responsibilities )
(၄) လှုပ်ရှားထကြွရှိမှု နှင့် လူမှုရေးပါဝင်ပူပေါင်းဆောင်ရွက်မှု ( Activity & Social Participation )
(၅) လူမှုစီးပွါးရေးဘဝအဆင့်အတန်း ( Socioeconomic Status ) တို့ပဲဖြစ်ပါတယ်။

အဲ့ဒီအချက်တွေအပြင် အောက်ပါတွေ့ရှိချက်များကို အထောက်အကူပြုစေတဲ့ စူးစမ်းလေ့လာမှု (၁၀)ခုကျော်ကိုလဲ ဘက်စ် (Bass )က ထပ်မံတွေ့ရှိခဲ့ပြန်ပါတယ်။
(က) ခေါင်းဆောင်တစ်ဦးမှာ လိုအပ်တဲ့အရည်အချင်းတွေ၊ စရိုက်လက္ခဏာတွေနဲ့ ကျွမ်းကျင်တပ်မြောက်မှုတွေကို ခေါင်းဆောင်တစ်ဦးအဖြစ် ရင်ဆိုင်ကိုင်တွယ်ရာမှာ အ‌ခြေအနေတွေရဲ့ တောင်းဆိုချက်များက အဓိကအားဖြင့် ပိုင်းဖြတ်တယ်လို့ဆိုပါတယ်။
(ခ) ခေါင်းဆောင်မှုအနေအထားတစ်ရပ် ရရှိထားတဲ့သူဟာ သူ့ရဲ့သာမန်အဖွဲ့ဝင်တွေ ထက် အောက်ပါအချက်တစ်ခုစီ၌ အတိုင်းအတာတစ်စုံတစ်ခုအထိ သာလွန်နေတာကိုတွေ့ ရမှာဖြစ်တယ်လို့ဆိုပါတယ်-
(၁) လူမှုရေးနားလည်မှု ( Sociability )
(၂) ပင်ကိုအစွမ်းအစ ( Initiative )
(၃) ဇွဲနပဲကြီးမှု ( Persistence )
(၄) အလုပ်တွင်ကျယ်မည့် လုပ်နည်းကိုင်နည်းများ သိရှိနားလည်မှု ( Knowing how to get things done )
(၅) ကိုယ့်ကိုယ်ကိုယုံကြည်မှု ( Self-Confidence )
(၆) အ‌ခြေအနေများကို နိုးကြားထွင်းဖောက်မြင်သိမှု ( alertness to, and insight into, situations )
(၇) အများနဲ့လက်တွဲပူးပေါင်းလုပ်ဆောင်မှု ( Cooperativeness )
(၈) ရေပန်းစားမှု ( Popularity )
(၉) အ‌ခြေအနေနှင့်လိုက်လျောညီထွေပြုတတ်မှု ( Adaptability )
(၁၀) နှုတ်ရေးတတ်ကျွမ်းမှု ( Verbal facility ) တို့ပဲဖြစ်ပါတယ်။
သည်လို ယေဘုယျ ခေါင်းဆောင်မှုဓလေ့စရိုက်တွေကို စူစမ်းရှာဖွေရာမှာ အလိုအလျောက် စေ့ဆော်ဆွဲဆောင်မှု ရှိခြင်းကြောင့် ဒီချဉ်းကပ်နည်းတွေဟာ မျက်မှောက်ခေတ် စီမံခန့်ခွဲရေးဆိုင်ရာ စာပေတွေမှာ ရေပန်းစားနေဆဲဖြစ်ပါတယ်။

ဥပမာ စိတ္တဗေဒပညာရှင် ဟာရီလီဗင်ဆင် က ခေါင်းဆောင်ကိုယ်ရည်ကိုယ်သွေး ဥပတိအတိုင်းအတာ အချက် (၂၀)ကို ဆွဲထုတ်ပြခဲ့ပါတယ်။ အဲ့ဒီအတိုင်းအတာတွေဟာ ထိပ်တန်းစီမံခန့်ခွဲရေး အခွင့်အာဏာရှိသူတစ်ဦးကို စီစစ်ရွေးချယ်တဲ့အခါမှာ ထည့်သွင်း စဉ်းစားရမဲ့ အချက်တွေပဲဖြစ်ပါတယ်။ အဲ့ဒါတွေကတော့-
(၁) အချက်အလက်အမျိုးမျိုးကို ရှေ့နောက်ညီညွတ်သော ရည်မှန်းချက်ဘောင် တစ်ခုရအောင် တွေးဆသိမြင်ဖွဲ့စည်းပေါင်းစပ်တည်ဆောက်တတ်ခြင်း
( The capacity to abstract, to conceptualize, to organize, and to integrate different data into a coherent frame of reference )
(၂) ဒွိဟသံသယဝိဝါဒကို သဘောထားကြီးခြင်း
( A tolerance for ambiguity)
(၃) ဉာဏ်အမြော်အမြင်ရှိခြင်း
( Intelligence )
(၄) ကောင်းကောင်းပိုင်းဖြတ်ခြင်း
( Good Judgment )
(၅) တာဝန်ယူတတ်ခြင်း
( Ability to take charge )
(၆) ပြဿနာများကို အားတက်သရော မဟာဗြူဟာမြောက် ရင်ဆိုင်‌ဖြေရှင်း တတ်ခြင်း
( A Capacity for Attacking Problems Both Vigorously and Strategically )
(၇) ထမြောက်အောင်မြင်ရေးအလေးပေးခြင်း
( An Achievement Oriented-ness )
(၈) အခြားသူများ၏ စိတ်ခံစားချက်ကို သိလွယ်တုံ့ပြန်တတ်ခြင်း
( A Sensitivity to the Feelings of Others )
(၉) အဖွဲ့အစည်းဝင်တစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်တတ်ခြင်း
( Participation as a Member of the Organization )
(၁၀) ရင့်ကျက်ပြည့်ဝခြင်း
( Maturity )
(၁၁) အခြားသူများထံမှသတင်းစကား၊ ‌ဝေဖန်ချက်နှင့် ပါဝင်ပူပေါင်းမှုရသည့်တိုင် ကိုယ်ဒူးကိုယ်ချွန်တတ်ခြင်း
( Ability to Stand on his or her Own while accepting information, criticism, and cooperation from others. )
(၁၂) ပီပြင်ရှင်းလင်းပြောဆိုတတ်ခြင်း
( Ability to Articulate )
(၁၃) ရုပ်ပိုင်းစိတ်ပိုင်းသက်လုံကောင်းခြင်း
( High Physical and Mental Stamina )
(၁၄) ဖိစီးမှုကိုအလိုက်သင့်စီမံထိန်းတတ်ခြင်း
( Ability to adapt and to manage stress )
(၁၅) ဟာသဉာဏ်ရှိခြင်း
( A Sense of Humor )
(၁၆) အဖွဲ့အစည်း၏ လိုအပ်ချက်များနှင့်ကိုက်ညီသော ရှင်းလင်းပြတ်သားသည့် ကိုယ်ပိုင်ပန်းတိုင်များရှိခြင်း
( Well-defined personal goals that are consistent with organizational needs )
(၁၇) လုံးလဝီရိယကြီးခြင်း
( High perseverance )
(၁၈) အချိန်ကိုစံနစ်တကျစုစည်းအသုံးချတတ်ခြင်း
( The ability to organize time well )
(၁၉) လေးနက်တည်ကြည်ခြင်း
( High integrity )
(၂၀) လူမှုတာဝန်နှင့်ခေါင်းဆောင်မှုတာဝန်ယူဖို့လိုအပ်ပုံကို နားလည်တန်ဖိုးထားခြင်း ( An appreciation for the need to assume social responsibility and leadership.)

လီဗင်ဆင်သည် သူရဲ့အတိုင်းအတာတွေဟာ စာရင်းအင်းဗေဒအရ ခိုင်လုံတယ်လို့ တော့ အာမဝန်တာမခံပေ။ ထိပ်ပိုင်ဆိုင်ရာ စိမံခန့်ခွဲရေး ထိရောက်အောင်မြင်မှု နှင့် စပ်လျဉ်းသော သဘောလက္ခဏာများကို အလေးပေးစဉ်းစားနိုင်ရုံသာ သူဟာတင်ပြခဲ့ခြင်း ဖြစ်ပါတယ်လို့ဆိုပါတယ်။
သူ ဘယ်လိုပဲ‌ပြော‌ပြော ဖော်ပြပါ ဓလေ့စရိုက်များဟာ ခေါင်းဆောင်မှု သဘော သဘာဝကို နားလည်သဘောပေါက် အောင်မြင်အောင်ပြုလုပ်ရာမှာ အလွန်အရေးပါတယ် ဆိုတာ ငြင်းနိုင်ဖွယ်ရာမရှိပါဘူး။ သူတင်ပြခဲ့တဲ့ ဓလေ့စရိုက်များ နဲ့ စွမ်းရည်များကို ဆန်းစစ်ကြည့်တဲ့အခါမှာ စီမံခန့်ခွဲရေး ခေါင်းဆောင်တစ်ဦးမှာ အမှန်တကယ်လိုအပ်တဲ့ ယေဘုယျပုံရိပ်တစ်ခုကို မီးမောင်းထိုးပြနေသည်မှာ ထင်ရှားတာကို တွေ့မြင်ကျရမှာဖြစ် ပါတယ်။
( Ref: Richard M.Hodgetts. Management)

နောက် အရေးပါသော ခေါင်းဆောင်မှု လေ့လာစူးစမ်းနည်းမှာ ခေါင်းဆောင်တွေရဲ့ အပြုအမူ လုပ်ဆောင်ချက်တွေကို စစ်ဆေးအကဲဖြတ်ခြင်းပဲဖြစ်ပါတယ်။ လူတစ်ဦးရဲ့ ထွန်းပေါက်အောင်မြင်သော ခေါင်းဆောင်မှုအမူအရာတစ်မျိုးကို အတုယူကျင့်သုံးခြင်း အားဖြင့် ပိုတော်သော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာနိုင်တယ်လို့ သုတေသီပညာရှင် အများအပြားက ယုံကြည်ခဲ့ကျပါတယ်။ ဒါပေမဲ့ ဒီအယူအဆဟာ အငြင်းပွါးနိုင်စရာတွေ ရှိပါတယ်။ မျက်မှောက်ခေတ်မှာ ခေါင်းဆောင်မှုအမူအရာကို ပိုပြီးနက်နက်နဲနဲ ထဲထဲဝင်ဝင် စိတ်ဝင်တစားရှိလာကြပါတယ်။ စိတ်ဝင်တစားကြည့်လာကြတာနဲ့အမျှ ခေါင်းဆောင်တွေ နဲ့ လက်အောက်ငယ်သားတွေ အပြန်အလှန်ချိတ်ဆက် အကြိုးပြုနေကျပုံကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကျပါတယ်။

စီမံခန့်ခွဲမှူးတွေ အများဆုံးလက်ခံကျင့်သုံးပြီး အလွန်အမင်း ပြုလုပ်တတ်ကြတာ ကတော့ အာဏာရှင်ဆန်သော ခေါင်းဆောင်မှု ( Autocratic Leadership )ပဲဖြစ်ပါတယ်။ သူတို့တွေဟာ အလုပ်တာဝန်ပြီးမြောက်အောင်မြင်ရေးကိုပဲ အဓိကထားအာရုံစိုက်ကြပြီးတော့ လူသားတွေအပေါ်မှာတော့ အလေးမထားကျပေ။ ဒီလိုခေါင်းဆောင်တွေကတော့ ရှေးရိုးစီမံခန့် ခွဲရေးပုံစံနဲ့သာ သင့်မြတ်ကိုက်ညီပါတယ်။ အဲ့ဒီပုံစံအရ အလုပ်သမားတွေကို ကုန်ထုတ် အင်အားစုများ ( Factors of Production )အဖြစ် ရှုမြင်သဘောထားကျတယ်။ မည်သို့ ပင်ဆိုစေ ခေါင်းဆောင်တွေမစွမ်း၊ မထိရောက်ဟု တစ်ဖက်သတ်တော့ မမှတ်ယူ သင့်ပါဘူး။ တစ်ခါတစ်ရံမှာ သူတို့ဟာ ကြောက်ခမန်းလိလိ စွမ်းဆောင်အောင် မြင်တတ် ကြပါတယ်။ ဥပမာ အကျပ်အတည်းဆိုက်တဲ့အ‌ခြေအနေတွေမှာဆိုရင် ခေါင်းမာပြင်း ထန်သော စီမံခန့်ခွဲရေးမှူး တွေလိုအပ်ပါတယ်။ တစ်ချို့သောအဖွဲ့အစည်းတွေမှာဆိုရင် ကုန်ထုတ်လုပ်မှု စွမ်းအား တိုးမြင့်ရေး၊ စရိတ်ထိန်းသိမ်းရေးပြဿနာများ (သို့) အရည်အသွးညံ့ဖျင်းမှု ပြဿနာများနှင့် ရင်ဆိုင် ကျရတဲ့အခါတွေမှာဆိုရင် အ‌ခြေအနေတည့် မတ်အောင် ဖြေရှင်းရန် အာဏာရှင်ဆန်တဲ့ ခေါင်ဆောင်တွေကို အာကိုးအားထားပြုကျရပါတယ်။

ဘာလို့လဲဆိုတော့ အာဏာရှင်ဆန်တဲ့ခေါင်းဆောင်တွေရဲ့ အမူအရာကို အမူအရာကို အနီးကပ် ကွပ်ကဲထိန်းချုပ်မှုအပေါ် အလေးထားခြင်း နဲ့ လုပ်ပိုင်ခွင့်အာဏာလွှဲအပ်ပေးရန် မလိုခြင်း ဆိုတဲ့လက္ခဏာ နှစ်ရပ်အရ အကဲဖြတ်နိုင်ပါတယ်။ သူတို့ဟာဆိုရင် အရေးပါ သောအကြောင်းကိစ္စအားလုံးအပေါ် ဆုံးဖြတ်ချက်ချမှတ်တဲ့အခွင့်အာဏာကို ထိန်းချုပ်ထား ကျပါတယ်။ နောက်ဆုံးအပြီးသတ်အတည်ပြုချက်ကို သူတို့ သေချာပေါက်ရယူလိုသော ကြောင့်ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ဖခင်အသွင်ဆန်သောခေါင်းဆောင်မှု ( Paternalistic Leadership ) ပဲဖြစ်ပါတယ်။ ဒီခေါင်းဆောင်မှုစတိုင်ကတော့ အလုပ်ကိုအလွန်အမင်း ဗဟိုပြုထားသော်လည်း လူသားအမြုတေဖြစ်တဲ့ ဝန်ထမ်းလုပ်သားများကိုလည်း အလေးထား ထည့်တွက်ကျပါတယ်။ တစ်ခါတစ်ရံမှာသူတို့ကို ဒီမိုခရေစီဆန်သော/မျှ‌ဝေတာဝန်ယူသော ခေါင်းဆောင်တွေနဲ့ ရောထွေးမြင်တတ်ကျပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အလုပ် ကိုရော လူတွေကိုပါ တစ်ပြိုင်နက် အလေးထားကျသောကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ထူးခြားသောသွင်ပြင်လက္ခဏာတစ်ရပ်က သူတို့ဟာ ဒီမိုကရေစီဆန်သော ခေါင်းဆောင်တွေ မဟုတ်ဘူးဆိုတာကို မီးမောင်းထိုးပြပါတယ်။ “ ငါ‌ပြောသလိုလုပ်၊ အဖွဲ့အစည်းက မင်းကို တာဝန်ယူ စောင်မလိမ့်မယ်” ဆိုသောအတွေးအခေါ်ကို သူတို့ယုံကြည်ကြခြင်းကြောင့် ဖြစ်ပါတယ်။ ဒီလိုခေါင်းဆောင်တွေကတော့ သားသမီးတွေကိုအုပ်ချုပ်တဲ့ မိဘတွေနဲ့ တစ်ထေရာထဲ တူလိုဟန် ရှိကျပါတယ်။

စီးမံခန့်ခွဲရေးမှူးအများအပြားဟာ ဖခင်အသွင်ဆန်သော ခေါင်းဆောင်သူတွေဖြစ်ကြ ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ လက်အောက်ငယ်သားတွေဟာ သူတို့ကို ကြည့်ရှုစောင့် ရှောက်ပေးမဲ့ တစ်စုံတစ်ဦးကို အမြဲတမ်းလိုလားတောင့်တနေတယ်လို့ ထင်နေသောကြောင့် ဖြစ်ပါတယ်။ ဖခင်အသွင်ဆန်သောခေါင်းဆောင်မှုပုံစံသည် ဘဝမှာလုံခြုံမှုမရှိသောသူများ၊ မိမိတို့ရဲ့အလုပ်အကိုင်ကိုသာ သင်ယူနေကျရှာပြီး အကြံဉာဏ်၊ အကူအညီနဲ့ အကာအကွယ်ကို ငံ့လင့်နေကျတဲ့ လက်အောက်ငယ်သားများကို ကိုင်တွယ်‌ဖြေရှင်းတဲ့အခါမျိုးမှာ အထိရောက် ဆုံးနဲ့ အစွမ်းဆောင်နိုင်ဆုံး ဖြစ်တတ်ကျပါတယ်။

( Ref: Richard M.Hodgetts. Management)

ဒီမိုကရေစီဆန်သော/မျှ‌ဝေတာဝန်ယူသောခေါင်းဆောင်မှု ( Democratic/ Participative Leadership) ဆိုတာကတော့ လူနှင့်အလုပ် နှစ်မျိုးစလုံးကို လွန်စွာအလေး ထားခြင်းပဲဖြစ်ပါတယ်။ သူတို့ဟာ လက်အောက်ငယ်သားတွေအကြား တစိုက်မတ်မတ် သတင်းအချက်အလက် အပြန်အလှန် စီးဆင်းမှုကိုအားပေးတယ်၊ ကူညီပံ့ပိုးပေးတယ် လုပ်ပိုင် ခွင့်အာဏာအများအပြားကိုလဲ လက်အောက်ငယ်သားများအား လွှဲအပ်ပေးထားပါတယ်။ လုပ်သားများ တက်တက်ကြွကြွပါဝင်လုပ်ဆောင် အောင်လဲ နှိုးဆော်အားပေးပါတယ်။ ဒီ‌ခေါင်းဆောင်မှုနည်းဟန်ရဲ့ အားသာချက်ကတော့ လူတစ်ဦးချင်းစီ တာဝန်ယူမှု၊ အချင်းချင်း ယိုင်းပင်းကူညီမှု၊ တစ်ဦးရဲ့အားနည်းချက်ကို တစ်ဦးကဖြည့်ဆည်းအားပေးမှု၊ အပြန်အလှန် နားလည်မှု၊ မိမိတာဝန် နှင့်အပြစ်ကို တစ်ပါးသူအပေါ်ပုံမချမှု၊ တစ်ဦး၏ စွမ်းဆောင် အောင်မြင်မှုကို တစ်ဦးကမုဒိတာပွါးမှု၊ စေ့စပ်ညှိနှိုင်းအ‌ဖြေရှာမှု နှင့် ပျော့ပျောင်း သောဆက်ဆံ ရေးဘဝဖြစ်တည်မှု စတာတွေပဲဖြစ်ပါတယ်။ သည်လို လူကိုရောအလုပ်ကိုပါ အလွန်အမင်း တန်ဖိုးထားခြင်းကြောင့် ဒီခေါင်းဆောင်မှုနည်းဟန်မှာ အကျိုးကျေးဇူး‌မြောက်များစွာဖြစ်ထွန်း ပါသည်။ သိသာထင်ရှားတဲ့အကျိုးကျေးဇူးတွေကတော့-

(၁) အပြီးသတ်ဆုံးဖြတ်ချက်မချမီ လိုအပ်တဲ့သတင်းအချက်အလက်တွေနဲ့ အထောက်အကူရရှိရေးအတွက် တခြားသက်ဆိုင်သူတွေအပေါ် ခေါင်းဆောင် က အားကိုးအားထားပြုနိုင်သောကြောင့် ဆုံးဖြတ်ချက်ချမှတ်ပုံ တိုးတက် ကောင်းမွန်လာမှာဖြစ်ပါတယ်။
(၂) လုပ်အောက်ငယ်သားတွေဟာ သူတို့လုပ်ငန်းခွင်ဝန်းကျင်မှာ အဆင်ပြေ ပွင့်လင်းလွတ်လပ်မှုကို နှစ်သက်သဘောကျသောကြောင့် စိတ်ဓါတ်တက်ကြွ အားကောင်းလာမှာဖြစ်ပါတယ်။
(၃) လက်အောက်ငယ်သားတွေဟာ သူတို့ရည်မှန်းချက်ကိုသိရှိပြီး အဲ့ဒီရည်မှန်းချက် ကို မဖြစ်မနေဆွတ်ခူးရရှိရန် လိုအပ်တဲ့လုပ်ပိုင်ခွင့် လွပ်လပ်မှု အပြည့်အဝရရှိ သောကြောင့် အကြီးအကျယ် ထမြောက်အောင်မြင်ရေး မောင်းနှင်အားကို ပျိုးထောင် ရှင်သန်ကြီးထွားလာစေမှာဖြစ်ပါတယ်။
(၄) အပြောင်းအလဲများပြုလုပ်ခဲ့ပါလျှင်လဲ ဝန်ထမ်းများဟာ ဆန့်ကျင်သွေဖီခြင်း မရှိပဲ ၄င်းတို့ကိုယ်တိုင် ပါဝင် တာဝန်ယူလုပ်ဆောင်ကျမှာဖြစ်ပါတယ်။

အဓိကအားဖြင့် မျှ‌ဝေတာဝန်ယူသော ခေါင်းဆောင်မှုနည်းဟန်ကို ဒီမိုကရေစီကျင့်သုံး သော တိုင်းပြည်တွေမှာ အများဆုံးလက်ခံကျင့်သုံးကျပါတယ်။ အထူးသဖြင့် အမေရိကန် နိုင်ငံမှာ လက်ခံကျင့်သုံးပါတယ်။ သို့သော် ဒီခေါင်းဆောင်မှုနည်းဟန်သည် အဖွဲ့အစည်း တိုင်းအတွက်တော့ ခြွင်းချက်မရှိ အလုပ်ဖြစ်တယ်လို့တော့ မဆိုနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ တစ်ချို့အဖွဲ့အစည်းတွေဟာ မျှ‌ဝေတာဝန်ယူမှု အလွန်အားကောင်းတဲ့ ပတ်ဝန်းကျင် ဓလေ့ စရိုက်နဲ့ ဟန်ကျပန်ကျ လည်ပတ်အောင် မစွမ်းဆောင်နိုင်တတ်ကျလို့ပဲ ဖြစ်ပါတယ်။

နောက် လွပ်လပ်သော/အထိန်းအချုပ်ကင်းသောခေါင်းဆောင်မှု ( Laissez-faire/Free-rein Leadership) ဆိုတာကတော့ လုပ်ငန်းဌာနရဲ့ဆောင်ရွက်ချက်တွေကို အ‌ခြေခံအားဖြင့် ကိုယ်တိုင်ပါဝင် တာဝန်ယူခြင်းမရှိတဲ့ စီမံခန့်ခွဲရေးမှူး(ခေါင်းဆောင်)တွေက ကိုင်စွဲကျင့်သုံးကျပါတယ်။ ဒီစီမံခန့်ခွဲရေးမှူးတွေဟာ လုပ်ငန်းတာဝန်တွေကို လက်အောက် ငယ်သားတွေအပေါ် ပုံအောပြီး ပခုံးလွှဲပေးလိုကျတယ်။ သူတို့ကိုယ်တိုင်ကျတော့ ဘာတာဝန်ကိုမှ မယ်မယ်ရရမယူခြင်ကျဘူး၊ အလုပ်တာဝန်တွေကို သူတို့နဲ့မဆိုင်သလိုပဲ သဘောထားကျတယ်။

သူတို့ဟာ လုပ်ငန်းခွင်ထဲကို ကိုယ်ရောင်ပြသာလာကြပြီး လုပ်ငန်းအခြေအနေဘယ်လို ရှိတယ် ဘယ်လိုစခန်းသွားနေတယ်ဆိုတာကို ကြည့်ရှုစစ်ဆေးရန်လောက်သာ စိတ်ဝင်စားမှုရှိ ပါတယ်။ ခေါင်းဆောင်တာဝန်ယူ၍ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခြင်းမျိုးမရှိပေ။
သို့ဆိုလျှင် လွပ်လပ်သော/အထိန်းအချုပ်ကင်းသော ခေါင်းဆောင်မှုနည်းဟန်ဟာ ကောင်းစွာအလုပ်ဖြစ်ပါသလားဆိုတဲ့ မေးခွန်းတွေပေါ်ပေါက်လာနိုင်ပါတယ်။ အ‌ဖြေကတော့ အလုပ်ဖြစ်နိုင်ပါတယ်လို့ပဲ ‌ဖြေဆိုရပါမယ်။ ဘယ်လိုနေရာတွေမှာအလုပ်ဖြစ်နိုင်သလဲဆိုတော့ သုတေသနနဲ့ဖွံဖြိုးရေး လက်တွေ့စမ်းသပ်ခန်းတွေမှာ တာဝန်ယူရတဲ့ စီမံခန့်ခွဲရေးမှူးရဲ့ စွမ်းဆောင်ချက်တွေပဲ ဖြစ်ပါတယ်။ သူရဲ့လက်ထောက်တွေအားလုံးဟာ အများအားဖြင့် အထူးကျွမ်းကျင်နှံ့စပ် တတ်သိလိမ်မာ
ကြတယ်၊ အလုပ်တာဝန်ကို ပိုင်နိုင်ကျွမ်းကျင်သော အတတ်ပညာရှင်တွေဖြစ်ကျတဲ့ အတွက်ကြောင့် စီမံခန့်ခွဲရေးမှူးဟာ အလုပ်ပြီးမြောက် အောင်မြင်ရေးအတွက် လိုအပ်တဲ့ လက်နက်ကရိယာတွေနဲ့ အထောက်အကူကိုဖြည့်ဆည်း ပေးရန်သာဖြစ်တယ် ဘာတွေလုပ်ကိုင် ဆောင်ရွက်ရမယ်ဆိုတာကို အထူးတိုက်တွန်း‌ပြောဆိုဖို့ လုံးလုံးမလိုအပ်ပါဘူး။ အားကြိုးမာန်တက် စွမ်းစွမ်းတမံလုပ်ဆောင်ကြသည်မှာ လုံးဝစိတ်ချရ သောကြောင့် စီမံခန့်ခွဲးရေးမှူးတွေအဖို့ ထူးခြား‌ပြောင်မြောက်တဲ့ ရလာဘ်ကောင်းတွေရရှိနိုင် မှာဖြစ်ပါတယ်။

သို့သော် ဒီလိုအခြေအနေမျိုးတွေဟာ တွေ့ရခဲပါတယ်။ ဖြစ်မြဲသဘောရဲ့ ချွင်းချက် တစ်ခုသာဖြစ်ပါတယ်။ ဒီလိုစီမံခန့်ခွဲရေးမှူးတွေဟာ စည်းမျဉ်းစည်းကမ်း လွန်စွာလျော့နည်း တတ်ကျပါတယ်။ အများအားဖြင့်တော့ သူတို့ဟာ စာဖွဲ့ရလောက်အောင် ဘာတစ်ခုမှ ဟုတ္ထိပတ္ထိ ထိရောက်အောင်စွမ်းဆောင်နိုင်ခြင်း မရှိကျပါဘူး။ သည်လိုဖြစ်ရြခင်းရဲ့အဓိက အကြောင်းရင်းကတော့ ခေါင်းဆောင်တစ်ဦးရဲ့ အရေးကြီး ဆုံးဖြစ်တဲ့ ဦးစီးခေါင်ဆောင် မှုတာဝန်ကို လစ်ဟင်းကြသောကြောင့်ဖြစ်ပါတယ်။

ဘယ်သူတွေဘာတွေ‌ပြော‌ပြော နောက်ဆုံးမှာတော့ ခေါင်းဆောင်ကောင်းတစ်ယောက် ရဲ့တာဝန်မှာ-
(က) လက်အောက်ငယ်သားတွေလုပ်ဆောင်ရမဲ့ အလုပ်တာဝန်တွေကို အလွယ်တကူ နားလည်အောင်ရှင်ပြနိုင်ရမယ်။
(ခ) ပန်းတိုင်ပေါက်မြောက် အောင်မြင်ရေးကိုဟန့်တားထားတဲ့ လမ်းပိတ်ဆို့မှု တားဆီးမှုအခက်အခဲတွေကို ရှင်းလင်းဖယ်ရှားပေးရမယ်။
(ဂ) ကိုယ်ပိုင်ဆန္ဒပြည့်ဝ ကျေနပ်မှုရရှိအောင် လက်အောက်ငယ်သားတွေအတွက် အခွင့်အလမ်းကိုတိုးမြှင့်ဖွင့်ပေးနိုင်ရပါမယ်။

ဒါတွေဟာ ခေါင်းဆောင်ကောင်းတစ်ဦးမှာ ရှိသင့်တဲ့အခြေခံလိုအပ်ချက်တွေပဲဖြစ် ပါတယ်။
နောက်တစ်ခု ကတော့ John C.Maxwell ရေးသားတဲ့ The 21 Irrefutable Laws Of Leadership ကို မောင်မြင့်ကြွယ်ဘာသာပြန်ဆို ထားတဲ့ မှတ်သားထားတာလေး တစ်ချို့ ကို‌ပြောပြချင်ပါတယ်။
ဒါကတော့ တစ်ချို့သောသူများဟာ ခေါင်းဆောင်မှု နှင့် စီမံခန့်ခွဲမှု သည် တစ်မျိုးတည်း ဖြစ်တယ်ဆိုသော ယူဆချက်ပဲဖြစ်ပါတယ်။ တကယ်တော့ ဒါဟာမှားယွင်းတဲ့အယူအဆပဲ ဖြစ်ပါတယ်။ တကယ်တော့ ‘ခေါင်းဆောင်မှု’ဆိုသည်မှာ လူအများအပြားအား လိုက်ပါလာ အောင် သြဇာသက်ရောက်စေမှုဖြစ်ပြီး ‘စီမံခန့်ခွဲမှု’ကတော့ နည်းစနစ်များနှင့်လုပ်ငန်းစဉ်များ တသမတ်တည်းရှိနေစေရေးကို အာရုံစိုက်မှုပင်ဖြစ်တယ်လို့ဆိုပါတယ်။

ခရိုက်စလာ မော်တော်ကားကုမ္ပဏီရဲ့ ရှယ်ယာမင် နှင့် အမှုဆောင်အရာရှိချုပ်ဟောင်း လီအိုင်ယာကော့ကာ ကတော့ “တစ်ခါတစ်ရံမှာတော့ အတော်ဆုံးမန်နေဂျာတွေတောင် ခွေးအကြီးကြီးတစ်ကောင်ရဲ့ကြိုးကို ကိုင်ထားရတဲ့ ချာတိတ်လေးတစ်ယောက်နဲ့တူတယ်တဲ့ ခွေးကြီးကဘယ်ကိုသွားချင်သလဲဆိုတာကို စောင့်ကြည့်ပြီးမှ လိုက်ပို့တတ်တာမျိုးပေါ့” ဆိုပြီး လှောင်တောင်တောင်ခနဲ့တဲ့တဲ့‌ပြောဖူးပါသေးတယ်။
ပုဂ္ဂိုလ်တစ်ယောက်အား ထိုပုဂ္ဂိုလ်သည် စီမံခန့်ခွဲမှုသက်သက်ထက် ခေါင်းဆောင်မှု ပေးနိုင်သူဟုတ်မဟုတ် စမ်းသပ်ကြည့်နိုင်တဲ့ အကောင်ဆုံးနည်းလမ်းကတော့ ၄င်းအား အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုကို ဖန်တီးပေးရန် စေခိုင်းဖို့ပဲဖြစ်ပါတယ်။ မန်နေဂျာများသည် ဦးတည်ချက်ကို မပြောင်းလဲအောင် ထိန်းထာနိုင်သော်လည်း ပြောင်းလဲသွားအောင်မူ မပြုလုပ်နိုင်ကျပေ။ လူပုဂ္ဂိုလ်များကို ဦးတည်ချက် အသစ်ဆီသို့ ပြောင်းရွှေ့ဆောင်ရွက်စေရန်ဆိုတဲ့ ကိစ္စရပ်တွေမှာ သြဇာသက်ရောက်မှုရှိစေရန်လည်း လိုအပ်မှာဖြစ်ပါတယ်။

ခေါင်းဆောင်ကြီးများက မည်သည့်အခါ၌ ဦးဆောင်ရမည်ကိုသိခြင်းသည် မည်သည့်ကိစ္စ အားဆောင်ရွက်ရမည်နှင့် မည်သည့်နေရာသို့ သွားရမည်တို့အား သိရှိသကဲ့သို့ပင် အရေးကြီး ကြောင်းကိုတွေ့မြင်ကြရမှာဖြစ်တယ်လို့ဆိုပါတယ်။ ခေါင်းဆောင်တစ်ဦးက လှုပ်ရှားမှုတစ်ရပ် ကို ပြုလုပ်သည့်အခါတိုင်း ဖြစ်ပေါ်လာနိုင်သည့် ရလဒ် လေးမျိုးရှိပါသည်။

(၁) မှားယွင်းသောအချိန်တွင် မှားယွင်းသောလုပ်ရပ်က ဘေးဒုက္ခနှင့် ကြုံတွေ့ရရှိလိမ့်မည်။
(၂) မှန်ကန်သောအပြုအမူအား မှားယွင်းသည့်အချိန်ကာလတွင် ပြုလုပ်မိပါက ခုခံငြင်းဆန်မှုကို ဖြစ်စေ၏။
(၃) မှားယွင်းသောလုပ်ရပ်ကို မှန်ကန်သည့်အချိန်အခါတွင် ဆောင်ရွက်ပါကလဲ မှားယွင်းမှုဖြစ်၏။
(၄) မှန်ကန်သောအချိန်တွင်ရှိ မှန်ကန်သောလုပ်ရပ်က အောင်မြင်မှုများကို ရရှိစေ၏။
အင်္ဂလန်နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသော ဝင်စတန်ချာချီက “လူတစ်ယောက်ရဲ့ဘဝမှာ မွေးဖွားလာကတည်းက သူကြုံတွေ့ရမဲ့ အထူးအချိန်ကာလလေးတစ်ခုရှိနေပါတယ်။ အဲ့ဒီအထူးအခွင့်အရေးလေးကို အမိအရဖမ်းယူပြီး သူဆောင်ရွက်ရမဲ့လုပ်ငန်းတာဝန် -အဲ့ဒါကလဲ သူနဲ့အထူးတလည် သင့်လျော်တဲ့လုပ်ငန်းတာဝန် တစ်ခုကိုသူဆောင်ရွက်လိမ့်မယ်။ အဲ့ဒီအချိန်ကာလကလေးမှာ သူဟာဂုဏ်သတင်းကြီးခြင်းကိုရရှိလိမ့်မယ် နောက်အဲ့ဒီအချိန်ဟာ သူ့ဘဝရဲ့ အကောင်းဆုံးအချိန်ပဲဖြစ်တယ်”လို့ဆိုပါတယ်။

အချုပ်ဆိုရသော် ခေါင်းဆောင်တစ်ယောက်သည် မည်မျှပင်ထူးချွန်သူဖြစ်ပါစေ ၄င်းတစ်ဦးတည်းဆောင်ရွက်နိုင်စွမ်း မရှိကြပါ။ အားကစားလောကတွင် အောင်မြင်မှုရရှိစေရန် နည်းပြဆရာတစ်ယောက်သည် အားကစားသမားကောင်းများကို စုစည်းထာရန်လို အပ်ပေသည်။ အဖွဲ့အစည်းတစ်ခုသည်လည်း အောင်မြင်မှုရရှိစေရန်အတွက် ခေါင်းဆောင် ကောင်းများ ပါဝင်သည့်အဖွဲ့တစ်ဖွဲ့ရှိရန် လိုအပ်ပေသည်။ အဖွဲ့အစည်း၏ ပမာဏက ပို၍ ကြီးမားလေလေ ပို၍ခွန်အားပြည့်ဝသော ပို၍လေးနက်သော ခေါင်းဆောင်ကောင်းကို လိုအပ်လေလေဖြစ်ပါသည်။

ဤ Post ဖြစ်လာအောင် အစစအရာရာ ကူညီပေးတဲ့ ဒေါ်သီတာအေး(လက်ထောက်ညွှန်ကြားရေးမှူး,အမှတ်(၂)စက်မှုဝန်ကြီးဌာန) အား အထူးကျေးဇူးတင်ပါသည်။

ဤဆောင်းပါးကို Creative Space Design ဘလော့ခ်မှ ကူးယူဖော်ပြသည်။

Tuesday, November 29, 2011

တော်လှန်ရေးဆန်းစစ်ချက်နှင့် BARD O’NEILL’S FRAMEWORK

၂ဝ ရာစု ကာလတလျှောက်ဟာ စစ်ပွဲတွေနဲ့ ပြည့်လွှမ်း နေတဲ့ ရာစုနှစ်ကြီး တခုပါ။ ကမ္ဘာစစ်ကြီးတွေ၊ စစ်အေး တိုက်ပွဲတွေ၊ နယူးကလီးယား ထုတ်လုပ်အားပြိုင်မှုတွေ က နိုင်ငံတကာအဆင့်မှာ ဖြစ်ပွားနေခဲ့သလို၊ ကိုလိုနီနယ် ချဲ့စနစ်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးတွေ၊ အာဏာရှင် စနစ် အသွင်အမျိုးမျိုးကို ဆန့်ကျင်တဲ့ လက်နက်ကိုင် တော်လှန်ရေးတွေ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လှိုင်း လုံးကြီးတွေကနေ ပေါ်ထွက်လာခဲ့တဲ့ လူထုတော်လှန်ရေး တွေကလဲ နိုင်ငံပေါင်းများစွာမှာ ဖြစ်ပွားနေခဲ့ပါတယ်။ ဒီစစ် ပွဲကြီးတွေထဲမှာ လူပေါင်းများစွာရဲ့ သွေးတွေ မြေမှာကျခဲ့ ရပါတယ်။ လူသားတွေရဲ့ အသက်တွေဟာလဲ ပန်းပွင့်တွေ ပမာ တဖြုတ်ဖြုတ်နဲ့ ကြွေကျခဲ့ရပါတယ်။ စစ်ပွဲတွေကြောင့် မြေမှာကျ ခဲ့တဲ့ သွေးစက်တွေသာ ပေါင်းစုသွားပြီး သမုဒ္ဒရာထဲကို စီးဝင်သွားခဲ့မယ်ဆိုရင် ကမ္ဘာ့အကြီးဆုံး သမုဒ္ဒရာကြီးတွေဖြစ်တဲ့ ပစိ ဖိတ်၊ အတ္တလန္တိတ်နဲ့ အိန္ဒိယသမုဒ္ဒရာကြီးတွေထဲက ပင်လယ်ရေတွေဟာ ရဲရဲများ နီနေလိမ့်လေမလားလို့ ဆိုရမလိုပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာစစ်ကြီးတွေနဲ့ အင်အားကြီးနိုင်ငံကြီးတွေရဲ့ အားပြိုင်မှုတွေကတော့ ယနေ့ခေတ် အခြေအနေနဲ့ အချိန်ကာလ တခုမှာ ခေတ္တငုပ်လျှိုးနေပါပြီ။ ငြိမ်းချမ်းရေးလေ့လာသူတွေက ကမ္ဘာစစ်ကြီးတွေနဲ့ စစ်အေးတိုက်ပွဲလို အားပြိုင်မှုကြီးတွေ ထပ်ပြီး မ ပေါ်ပေါက်လာအောင် ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို လေ့လာဖော်ထုတ်နေကြပါတယ်။ တပြိုင်နက်တည်းမှာပဲ စစ်ရေးလေ့လာ သူတွေကတော့ ထွက်ပေါ်နေတဲ့ ခြေလှမ်းတွေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အားပြိုင်မှုတွေကို အကဲခတ်စောင့်ကြည့်နေကြပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးလေ့လာသူတွေ၊ စစ်ရေးလေ့လာသူတွေ၊ ပဋ္ဋိပက္ခရေးရာ ကျွမ်းကျင်သူ ဆိုသူတွေကို ပကတိ အခြေအနေမှာ စိန်ခေါ်နေမှုတွေက ကမ္ဘာစစ်နဲ့ စစ်အေးတိုက်ပွဲတွေ မဟုတ်ပါဘူး။ နိုင်ငံတော်အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတွေ၊ ဖွံ့ဖြိုးတိုး တက်မှုမရှိပဲ Failed state ဖြစ်နေတဲ့ နိုင်ငံတွေ၊ နိုင်ငံရေး တည်ငြိမ်မှုမရှိတဲ့ အာဏာရှင် နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ အင် အားကြီးနိုင်ငံတွေက ပါဝါဂိမ်းတွေ ဝင်ကစားကြပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှု အခြေအနေကြောင့် မူးယစ်ဆေးဝါး ကူးသန်းရောင်း ဝယ်မှု၊ လူကုန်ကူးမှုတွေစတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကလဲ ကြီးစိုးနေကြပါတယ်။ ရာဇဝတ် ဂိုဏ်းတွေကလဲ အသွင်အမျိုးမျိုးနဲ့ ပေါ်ထွက်နေပါတယ်။ အဖိနှိပ်ခံ ပြည်သူတွေရဲ့ ဘဝအခြေအနေတွေကလဲ တနေ့တခြား ဆိုးရွားလာနေကြတယ်။ နိုင်ငံကို စွန့်ခွာထွက် ရသူတွေ၊ နိုင်ငံကနေ ထွက်ပြေးရသူတွေ ပိုပြီး များလာပါတယ်။ အဖိနှိပ်ခံပြည်သူတွေထဲကနေ ဖိနှိပ်သူတွေကို တော်လှန်ဖို့ ပေါက်ဖွား လာတဲ့ တော်လှန်ရေးတွေကလဲ ပန်းတိုင်နဲ့ မနီးပဲ ကြန့်ကြာမှုတွေ ရှိနေကြတယ်။ ဒီမိုကရေစီ ကနဦးအသွင်ကူးမှု စပြီးမှ ဒီမိုကရေစီ စနစ် အမြစ်တွယ် ရှင်သန်ခိုင်မာမှု အဆင့်ကို မကူးပြောင်းနိုင်ပဲ ရှေ့မတိုး၊ နောက်မဆုတ် ဖြစ်နေတဲ့ နိုင်ငံတွေကလဲ ရှိနေတယ်။ နောက်ပြန်ဆွဲသွားပြီး အာဏာရှင်စနစ် ပြန်ဖြစ်သွားတဲ့ နိုင်ငံတွေကလဲ ရှိပြန်တယ်။ လူသားတွေရဲ့ ရှင်သန်ရပ်တည်ရမှုအပိုင်းမှာ မတူ ညီ ကွဲပြားမှုတွေကလဲ တစတစ ပိုကြီးထွားလာနေတယ်။

ကြန့်ကြာနေသော တော်လှန်ရေးများ
အခြေအနေ၊ အမျိုးမျိုးကြောင့် တော်လှန်ရေးကြန့်ကြာနေတဲ့ နိုင်ငံတွေမှာဆိုရင် တော်လှန်ရေးသမားတွေနဲ့ ပြည်သူလူထုဟာ အာဏာ ရှင်စနစ်ဆိုးရဲ့ ဖိနှိပ်မှုဒဏ်တွေကို စက္ကန့်နဲ့အမျှ ခံစားနေကြရတယ်။ နံနက်မိုးလင်းတာနဲ့ စပြီးကြုံတွေ့ရတဲ့ ရေ၊ မီး ပြဿနာတွေ၊ ကူး သန်းသွားလာရေး ပြဿနာတွေ၊ ပညာရေး အခက်အခဲတွေ၊ ကျန်းမာရေး အခက်အခဲ၊ ပေါင်နှံရောင်းချငွေတိုးပေးရတဲ့ အခက်အ ခဲတွေ၊ စာရိတ္တပျက်စီးမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ လောင်းကစားဝိုင်းတွေ၊ စတာတွေဟာ ဘဝအကျိုးပေးတွေကြောင့် မဟုတ်ပဲ အာဏာရှင်စနစ်ဆိုးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။ ဒီနောက်ဆက်တွဲ ဆိုးကျိုးတွေကို လူထုကြီးတရပ်လုံး ခါးစည်းခံ နေကြရသလို တော်လှန်ရေးသမားတွေမှာလဲ အကျဉ်းထောင်တွေထဲမှာ ငရဲပြည်တမျှ ညှဉ်းပမ်းနှိပ်စက်မှုတွေကို ခံစားနေကြရပြန်ပါ တယ်။

တော်လှန်ရေးတွေမှာ အချိန်တိုအတွင်း အောင်မြင်သွားတဲ့ တော်လှန်ရေးတွေရှိသလို၊ ဆယ်စုနှစ်ပေါင်းများစွာကြာမှ အောင်မြင်သွား တဲ့ တော်လှန်ရေးတွေ ရှိပါတယ်။ အောင်မြင်ဖို့ဆိုတာမှာ အခြေအနေ၊ အချိန်အခါ၊ နိုင်ငံရေး အခင်းအကျင်း၊ မဟာဗျူဟာ အားသာ ချက်၊ အဂါင်္ရပ်ပြည့်စုံမှု၊ ခေါင်းဆောင်မှုအရည်အချင်း စတာတွေပေါ်မှာ မူတည်တာ ဖြစ်တာကြောင့် မအောင်မြင်သေးခင်မှာ ခေါင်း ဆောင်မှု တခုတည်းကိုပဲ လက်ညှိုးထိုး အပြစ်ပုံချလို့ မရပါဘူး။ မဟာဗျူဟာ တခုတည်းကိုပဲ ပုံချပြီး အပြစ်ဆိုလို့ မရပါဘူး။ ကမ္ဘာ့နိုင်ငံ ရေး အခင်းအကျင်းတခုတည်းကိုပဲ လက်ကိုင်ထားပြီး တည်မှီ ဆုံးဖြတ်နေလို့လဲ မဖြစ်ပြန်ပါဘူး။ ဘက်ပေါင်းစုံ အားနည်းချက်တွေ ရှိနေနိုင်လို့ပဲ ဖြစ်ပါတယ်။

အားနည်းချက်တွေ ရှိတာဟာ အပြစ်ဆိုဖွယ်ရာ မဟုတ်ပါဘူး။ ဒါပေမယ့် ရှိတဲ့ အားနည်းချက်တွေကို ဖော်ထုတ်ဆန်းစစ်မှု မရှိတာနဲ့ လိုအပ်တဲ့ ပြင်ဆင်ဖြည့်ဆည်းမှု မရှိဘူးဆိုရင်တော့ ဒါဟာ အပြစ်ဆိုဖွယ်ရာပဲ ဖြစ်ပါတယ်။ သင်္ချာပုစ္ဆာတွေကို မှားပြီးတွက်ထားလို့ စာ မေးပွဲကျထားတဲ့ နှစ်ကျကျောင်းသားတယောက်ဟာ ဒီတွက်နည်းတွေကိုပဲ တခါပြန်တွက်နေပြီး၊ အသစ်တက်လာတဲ့ ကျောင်းသား တွေကိုလဲ ငါက ကျောင်းတနှစ် ပိုနေဖူးတာကြောင့် ငါတွက်တာ မှန်တယ်ဆိုတဲ့ ပုံစံနဲ့ တွက်နည်းအမှားတွေပဲ လမ်းညွှန်ပေးနေမယ် ဆိုရင် ဒီကျောင်းသားရဲ့ အနာဂတ်နဲ့ သူပြောတာ ယုံပြီး လိုက်တွက်မိတဲ့ ကျောင်းသားတွေရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာ ဖြစ်ပါမယ်။ အမှန်တကယ် နှစ်ကျကျောင်းသား လုပ်သင့်တာကတော့ အသစ်တက်လာတဲ့ ကျောင်းသားတွေကို “ညီလေးတို့၊ ညီမလေးတို့ရေ။ အစ်ကိုတော့ ဒီပုစ္ဆာတွေကို ဒီလိုမှားတွက်မိတယ်။ ဒါကြောင့် စာမေးပွဲကျတာ။ အစ်ကို့တို့ စုပြီး တွက်နည်းအမှန်ကို အဖြေထုတ်ကြည့် ရအောင်။ ဆရာမကို သွားမေးကြည့်ရအောင်” ဆိုတာပဲ ဖြစ်သင့်ပါတယ်။ ဟန်ကိုယ့်ဖို့ ဆိုပြီး၊ တောပြောတောင်ပြောနဲ့ တွက်နည်းအ မှားကိုပဲ လက်ဆုပ်လက်ကိုင်ပြုထားတာတွေဟာ အနာဂတ်မှာ ဘယ်သူ့အတွက်မှ အကျိုးမရှိနိုင်ပါဘူး။ စာသင်ခန်းရှေ့က ဆရာခုံမှာ ထိုင်နေတိုင်းလဲ ဆရာမဖြစ်ပါဘူး။ ကျောင်းသားတွေက ဆရာလို့ သတ်မှတ်မှ ဆရာဖြစ်ပါတယ်။ ခေါင်း ဆောင်လို့ ထိုင်အော်တိုင်းလဲ ခေါင်းဆောင်မဖြစ်ပါဘူး။ ခေါင်းဆောင်လို့ သတ်မှတ်သူရှိမှ ခေါင်းဆောင်ဖြစ်ပါတယ်။ ပွင့်လင်းမှုနဲ့ အခြေ အနေကို အမှန်အတိုင်း မြင်တတ်နိုင်မှုက ဆုံးဖြတ်ချက်ချမှတ်သူတွေအတွက် အရေးကြီးဆုံး အရည်အချင်းတွေပါ။

ဒါကြောင့် တော်လှန်ရေးတခုမှာ တော်လှန်ရေးသမားတွေဟာ ကိုယ်ဘာလဲ၊ ကိုယ်ဘယ်လဲ၊ တော်လှန်ရေး အခြေအနေက ဘယ်အ ဆင့်ကို ရောက်နေပြီလဲ ဆိုတာကို ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဆန်းစစ်ချက်တွေကနေ ထွက်ပေါ်လာတဲ့ လိုအပ်ချက်တွေကို ဖြည့် ဆည်းဖို့ လိုအပ်ပါတယ်။ ဘေးက ထိုင်ကြည့်နေသူတွေကလဲ ဘေးထိုင်ဘုပြောလုပ်နေတာထက် ဘယ်လိုအပ်ချက်မှာ ကိုယ်က ပါ ဝင်ဖြည့်ဆည်းပေးနိုင်မလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ဖို့ လိုပါမယ်။ အဖိနှိပ်ခံပြည်သူတွေက ဖိနှိပ်သူတွေကို တော်လှန်တဲ့ တော်လှန်ရေးဆိုတာ လှေလှော်ပြိုင်ပွဲ ကျင်းပနေတာ မဟုတ်ပါဘူး။ နှစ်ဘက်အသင်း ဘောလုံးကန်နေတာ မဟုတ်ပါဘူး။ လေယာဉ် ကြီးတစင်း ပြန်ပေးဆွဲခံထားရတဲ့ အခြေအနေမျိုးပါ။ ပြန်ပေးသမားတွေကို ပြန်တိုက်ခိုက်ဖို့ ကြိုးပမ်းနေသူတွေကို ဝေဖန်ရင်း ကိုယ် ငုတ်တုတ်ထိုင်နေတာကပဲ သူတို့ကြောင့်လိုလို ပြောလိုက်၊ ပြန်ပေးသမားတွေကို ကြောက်ပြီး ပြုံးပြလိုက်၊ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး သီ ချင်းလေး နားထောင်လိုက် လုပ်နေလို့ မရပါဘူး။ ပြန်ပေးသမားတွေကို ပြန်ခုခံနေသူတွေမှာ အားနည်းချက်တွေ ရှိမှာလဲ အမှန်ပါပဲ။ ဘယ်လိုဖြည့် ဆည်းပေးမလဲ စဉ်းစားကြည့်ဖို့ လိုပါတယ်။ ပြန်ခုခံနေသူတွေကလဲ ပုံစံတမျိုးနဲ့ မရရင် အားနည်းချက်တွေကို ပြန်ဆန်း စစ်ဖို့ လိုပါမယ်။ သူများတွေ ဝေဖန်ထောက်ပြတဲ့အခါ ပြန်ဆန်းစစ်ပြီး မဟုတ်ရင် လျစ်လျူရှု၊ ဟုတ်နေရင်တော့ ပြင်သင့်ပါတယ်။ ဒါမှ လဲ တိုးတက်မှာပါ။ မျက်စိစုံမှိတ်၊ နားပိတ်ပြီး ခုန်ဆွခုန်ဆွ လုပ်နေလို့ မရပါ။

လေယာဉ်ပြန်ပေးဆွဲခံထားရတဲ့အခါ ခုခံမယ်ဆိုရင် လေယာဉ်နောက်ပိုင်းမှာ ခုခံနေသူတွေ ရှိဖို့သလို လေယာဉ်မှူးခန်းထဲကို ဘယ်လို ရအောင် ဝင်ပြီး လေယာဉ်မောင်းတံကို ကိုယ့်လက်ထဲ ရောက်အောင် ဘယ်လိုလုပ်မလဲ။ မြေပြင်နဲ့ ဆက်သွယ်မှုကို ဘယ်လိုပြန်ရ အောင်ယူပြီး လေယာဉ်ကြီးကို အထိအခိုက် အနည်းဆုံးနဲ့ မြေပေါ်ဆင်းနိုင်အောင် လုပ်မလဲဆိုတာတွေ ကြိုတင်တွက်ချက်ဖို့ လိုပါ တယ်။ ခုခံရေးပဲ ဦးစားပေးလုပ်တဲ့အခါ ထိန်းချုပ်ရေးက ကိုယ့်လက်ထဲမှာ မရှိတာကြောင့် နောက်ဆုံး လေယာဉ်ကြီး ပျက်ကျသွား တာမျိုးလဲ ရှိတတ်ပါတယ်။ ခုခံပြီး အရာမထင်တာတွေလဲ ရှိတတ်ပါတယ်။ ဘက်မျှဖို့ လိုပါတယ်။ ပြန်ပေးသမားတွေကို ဝိုင်းဖမ်းပြီး တ ရားစွဲတာတွေ ဘာတွေက ကြိုတွေးထားဖို့လိုပေမယ့် နောက်မှလုပ်ရမယ့် ကိစ္စတွေပါ။ ပြန်ပေးဆွဲခံထားရတဲ့ လေယာဉ်ပေါ်ကနေ ထိုင် ပြီး ဖုန်းလေးတဂွမ်ဂွမ်နဲ့ ပြန်ပေးသမားတွေကို တရားစွဲပေးနော်လို့ ထိုင်အော်နေလဲ ပြောရုံပဲ အဖတ်တင်မှာပါပဲ။ ကူပါ၊ ကယ်ပါဦး ပြော နေပြန်ရင်လဲ တိုက်လေယာဉ်တွေ ဘေးကဝန်းရံပြီး တက်လာပေးတာပဲ လုပ်လို့ ရမှာပါ။ ဘေးကနေတက်လာတဲ့ အခါမှာလဲ ဆက် သွယ်ရေးကိရိယာကနေတဆင့် ပြန်ပေးသမားတွေနဲ့ ညှိနှိုင်းမှုတွေ၊ ဖိအားပေးမှုတွေပဲ လုပ်နိုင်မှာပါ။ ပြန်ပေးသမားတွေချည်းကိုပဲ သီး သန့်ပစ်ချလို့ ရသည်ကလဲ မဟုတ်၊ ပြန်ပေးဆွဲခံထားရတဲ့ လေယာဉ်ကြီးထဲ ဝင်လာလို့ကလဲ ရတာ မဟုတ်တာကြောင့် “ပြန်ပေးဆွဲခံ ထားရတဲ့ လူတွေကို သနားပါကြောင်း၊ ကိုယ်ချင်းစာပါကြောင်း” ပဲ ပြင်ပကနေ ပြောနိုင်မှာပါ။ ဒါကို ပြန်ပေးဆွဲခံထားရသူတွေထဲက ဖုန်းရှိတဲ့ လူတွေက “အဲဒီပြန်ပေးတွေလေ၊ ခုပဲ လူတယောက်ကို ရိုက်ပစ်လိုက်ပြန်ပြီ။ ခုပဲ ကိုယ်ဝန်ဆောင်ခရီးသည် မေ့လဲသွားပြီ။ ငါ တို့တွေမှာ စားစရာလဲ မရှိဘူးသိလား” လို့ ပြင်ပက လူကို ပြောလိုက်၊ ပြင်ပလူက “ဟုတ်လား။ ငါတို့ ကိုယ်ချင်းစာ သနားပါတယ်လို့ လေယာဉ်ပေါ်က လူတွေကို ပြောလိုက်ပါ” လို့ ပြန်ပြောတဲ့အခါ ဝမ်းသာအားရ ဖြစ်သွားပြီး “ဟေ့။ ငါတို့ဘေးမှာပါလာတဲ့ ဟိုလေ ယာဉ်က လူကလေ ငါတို့ကို သနားတယ်လို့ ပြောခိုင်းလိုက်တယ်” ဆိုပြီး ပြန်အော်ပြောပေးလိုက်နဲ့ လုပ်နေကြလို့ မရပါ။

ဒီကြားထဲ တခြားဘာလုပ်ရမလဲဆိုတာတွေ မစဉ်းစားတော့ပဲ လေယာဉ်မှူးအခန်းထဲမှာ ပိတ်လှောင်ခံထားရတဲ့ ပိုက်လော့ကို အမြန် လွှတ်ပေးပါလို့ ပြန်ပေးသမားတွေကို ပြောသူကပြော၊ လေယာဉ်အပြင်က ဝန်းရံလိုက်လာပေးတဲ့ တိုက်လေယာဉ်တွေကို လေယာဉ် မှူးထုတ်လာပေးဖို့ ပြောပေးပါဆိုပြီး ဖုန်းတလုံးနဲ့ အော်နေသူကအော် ဖြစ်တတ်ပြန်ပါတယ်။ ဒီလေယာဉ်မှူးရှိနေရင် ပြန်ပေးဆွဲထား ရမှာ အခက်အခဲရှိလို့ ကြိုးတုပ်ပိတ်လှောင်ထားကာမှ လှောင်ထားသူကို လွှတ်ပေးပါလို့ အော်နေတာဟာ လက်တွေ့နဲ့ အပ်စပ်မှု ရှိမရှိ သိဖို့ လိုပါတယ်။

ဒီကြားထဲ “မင်းတို့လဲ ငါတို့နဲ့အတူတူ လေယာဉ်မောင်းရမှာပါကွာ” ဆိုပြီး ပြန်ပေးသမားတွေက လေယာဉ်မောင်းခန်းထဲ ဝင်လာဖို့ ကမ်းလှမ်းတာနဲ့ပဲ ဘယ်ရောက်လို့ ဘယ်ဆိုက်မယ်မှန်းမသိတဲ့ လေယာဉ်ကို ပြန်ပေးသမားတွေနဲ့ အတူမောင်းဖို့ ဖင်တကြွကြွ ဖြစ်နေ တတ်သူတွေကလဲ ရှိပါသေးတယ်။ ပြုသင့်တဲ့ လုပ်ငန်းဆောင်တာတွေကတော့ လူတစုက ခုခံရေး လုပ်နေချိန်မှာ လူတစုက လေ ယာဉ်မှူးခန်းကို ပြန်စီးနင်းပြီး လေယာဉ်မောင်းတံကို လေယာဉ်မှူးလက်ထဲရောက်အောင် လုပ်ပေးဖို့၊ လိုအပ်တဲ့ ပြင်ပဆက်သွယ် မှုတွေနဲ့ လေယာဉ်မြေပြင်ဆင်းနိုင်ဖို့ အကူအညီတွေရယူဖို့ စတာတွေ ဖြစ်ပါတယ်။

လက်တွေ့ဖြစ်နေတဲ့ အခြေအနေမှန်ကို ပကတိအတိုင်း သိနေပြီး လုပ်သင့်တဲ့အလုပ်တွေကို ဦးစားပေးစနစ်နဲ့ လုပ်ဖို့က တိုက်ပွဲ အောင်မြင်ရေးရဲ့ သော့ချက်ပါ။ ဒီလိုမဟုတ်ပဲ ဗျာများပြီး ဟိုဟာစပ်စပ်၊ ဒီဟာစပ်စပ်နဲ့ လူအင်အား၊ ငွေအင်အားတွေကို ဖြန့်ကျဲသုံးနေ ရင် ဘာမှာမှ မထိရောက်ပဲ အချိန်တွေကြာလာတဲ့အခါ လေယာဉ်ဆီကုန်လို့ပဲဖြစ်ဖြစ်၊ ပြန်ပေးသမားတွေရဲ့ စိတ်ဖောက်ပြန်မှု ပိုဆိုး သွားလို့ပဲဖြစ်ဖြစ် လေယာဉ်ကြီးတခုလုံး ပျက်ကျသွားနိုင်ပါတယ်။ ပြင်ပမှာ ပါလာတဲ့ တိုက်လေယာဉ်မှူးတွေကလဲ လေယာဉ်ပေါ်က လူတွေက သနားလွန်းလို့ ဝင်ကယ်ဖို့ လုပ်နေသူတွေချည်းပါလို့ ဘယ်သူမှ အာမမခံနိုင်ပါ။ ပြန်ပေးသမားတွေနဲ့ ညှိနှိုင်းမှု တစုံတရာ ရ သွားပြီး၊ ဘယ်လိုအခြေအနေမျိုးတွေကို သဘောတူရင် လေယာဉ်ပေါ်က ခရီးသည်တွေကို လုပ်ချင်တာလုပ်လို့ ရတယ်။ သတ်ပစ်ချင် သူ သတ်ပစ်လိုက်လို့ရတယ်၊ မသိချင်ယောင် ဆောင်နေကြမယ်လို့ ဆိုသွားခဲ့ရင်ရော မခက်ပါဘူးလား။ ဒါတွေကို မတွက်ချက်ပဲ လေ ယာဉ်ပေါ်မှာ ပြန်ပေးဆွဲ ခံထားရသူတွေထဲက ဖုန်းရှိသူတွေဟာ ဖုန်းပြောရတာလေးတွေ၊ နှစ်သိမ့်ခံရတာလေးတွေ ခုံမင်ပြီး ဘာမှန်းမ သိတဲ့ ပြင်ပက မရေမရာ အခြေအနေပေါ်မှာ ပုံအပ်ထားကြတဲ့အခါ၊ လေယာဉ်တွင်းမှာ တကယ်ရှိနေသူတွေရဲ့ အင်အားကို မစုစည်း နိုင်ကြတော့တဲ့ အခါ၊ မရနိုင်တဲ့ တောင်းဆိုချက်တွေကို ထိုင်အော်တဲ့ အလုပ်ပဲ လုပ်နေကြတဲ့အခါ ကျရင် ဒီလေယာဉ်ကြီး ပျက်ကျဖို့ ရာခိုင်နှုန်း တော်တော်များနေပြီလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် တော်လှန်ရေး ဆန်းစစ်ချက်နဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ဖြည့်ဆည်းမှုဆိုတာတွေက အလွန်အရေးကြီးပါတယ်။ ကိုယ်တိုင် ပါဝင်နေတဲ့ တော်လှန်ရေးရဲ့ အခြေအနေတွေကို ဆန်းစစ်မှုပြုတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ တခြားတော်လှန်ရေးတွေကို လေ့လာဆန်းစစ်ချက် ပြုတာမှာပဲဖြစ်ဖြစ် စနစ်တကျ ဆန်းစစ်ချက်ပြုလုပ်ဖို့ အတွက် လိုအပ်တဲ့ Framework တခုကို စစ်ရေးနဲ့ တော်လှန်ရေးစစ်ပွဲတွေကို လေ့လာသူ ပညာရှင် Dr. Bard O’Neill က ဖော်ထုတ်ပေးခဲ့ပါတယ်။

တကမ္ဘာလုံးက စစ်ဦးစီးတက္ကသိုလ်တွေနဲ့ စစ်မဟာဗျူဟာ လေ့လာရေး သင်တန်းတွေတိုင်းမှာ BARD O’NEILL’S FRAMEWORK ဆိုတာ မပါမဖြစ်တဲ့ သက်ရိုးညွှန်းတန်း သင်ခန်းစာ တခုပါ။ တော်လှန်ရေးလုပ်နေသူတွေအတွက် အရေးကြီးတဲ့ သင်ခန်းစာတခုဖြစ် သလို၊ တော်လှန်ရေးကို နှိမ်နင်းသူတွေအတွက်ကလဲ ဒါကို သုံးပြီး တော်လှန်ရေး အားနည်းချက်ကို ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်ကြ ပါတယ်။ တဘက်နဲ့ တဘက် ဂိမ်းကစားတဲ့အခါ တဘက်ရန်သူကို လျှော့တွက်ပြီး ကိုယ့်ကိုယ်ကို အထင်ကြီးတာဟာ အဆိုးဆုံး အား နည်းချက်ပါပဲ။ သူ့ဗျူဟာအခင်းအကျင်း၊ ကိုယ့်ဗျုဟာအခင်းအကျင်းကို သိအောင်အရင်လုပ်ပြီး ကိုယ့်ဘက်က ဟာကွက်တွေကို သူက ဘယ်ဗျူဟာသုံးပြီး ဆန်းစစ်သွားနိုင်တယ်၊ ဘယ်ဗျူဟာသုံးပြီး ချေမှုန်းသွားနိုင်တယ် ဆိုတာ ကြိုတင်ခန့်မှန်းနိုင်ရင် ကိုယ့်ဘက်က ဟာကွက်တွေကို ကြိုဖြည့်ထားနိုင်ပါတယ်။

BARD O’NEILL’S FRAMEWORK
ဒီ Framework မှာ အရေးကြီးဆုံး အချက်ကတော့ တော်လှန်ရေးရဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။ တော်လှန်ရေးကို နားလည်ဖို့ တော်လှန်ရေးရဲ့ သဘောသဘာဝကို နားလည်ဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးသဘောသဘာဝကို နားလည်ဖို့ တော်လှန်ရေးရဲ့ ပန်းတိုင်၊ အခြေခံရပ်တည်ချက်၊ သုံးသပ်စဉ်းစားချက်၊ တော်လှန်ရေး ဗျူဟာတွေကို တိတိကျကျ သတ်မှတ်ဖော်ထုတ်ပြီး၊ နားလည်သိ ရှိနေဖို့ လိုပါတယ်။ အခုဖော်ပြမယ့် Framework ဟာ လေ့လာဆန်းစစ်သူတွေကို တော်လှန်ရေးရဲ့ ပန်းတိုင်၊ လမ်းကြောင်း၊ ဗျူဟာ ပိုင်းဆိုင်ရာတွေထဲက အားသားချက်၊ အားနည်းချက်တွေကို ဖော်ထုတ်ထောက်ပြပေးရုံသာမက တော်လှန်ရေးတခုရဲ့ အောင်မြင်မှု ဖြစ်နိုင်ချေကိုပါ တွက်ချက်ပေးနိုင်ပါတယ်။

တော်လှန်ရေးဆိုတာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်သူတွေကို တော်လှန်တဲ့ အင်အားစုတွေအကြားက Political Struggle တခုပါ။ တော်လှန် တဲ့ အင်အားစုတွေဟာ အဖွဲ့အစည်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ ဝါဒဖြန့်ချိရေးနဲ့ လူထုလှုပ်ရှားမှု စတဲ့ နိုင်ငံရေး အရင်းအမြစ်တွေနဲ့ လက် နက်ကိုင်လှုပ်ရှားမှုတွေကို ပေါင်းစပ်အသုံးပြုပြီး၊ အုပ်ချုပ်သူတွေရဲ့ နိုင်ငံရေး မျက်နှာစာတွေကို ဖျက်ဆီးတာ၊ ရပ်ဆိုင်းတာ၊ ပြောင်းလဲ တာတွေ ပြုလုပ်ကြပါတယ်။ ဒီနေရာမှာ နိုင်ငံရေးအရင်းအမြစ်နဲ့ လက်နက်ကိုင်လှုပ်ရှားမှု ပေါင်းစပ်အသုံးပြုမှုလို့ ဆိုထားပါတယ်။ လက်နက်ကိုင်လှုပ်ရှားမှုဆိုတာမှာ တောခိုပြီး ပုန်ကန်လှုပ်ရှားတာတွေအပြင် မြို့ပြပုန်ကန်မှုတွေလဲ ပါဝင်ပါတယ်။ ကမ္ဘာတဝှမ်းက တော်လှန်ရေးတွေမှာ လက်နက်ကိုင်လှုပ်ရှားမှု မပါပဲ အောင်မြင်သွားတဲ့ တော်လှန်ရေးတွေလဲ ရှိတတ်ပါတယ်။ ဒါပေမယ့် လှုပ်ရှား မှုတွေကို လူထုတိုက်ပွဲပဲဖြစ်ရမယ်၊ လက်နက်ကိုင်လှုပ်ရှားမှုပဲ ဖြစ်ရမယ် စသဖြင့် ကန့်သတ်လို့တော့ မရပါဘူး။ တော်လှန်ရေး တခုမှာ ပန်းတိုင်က တိကျပြတ်သားရမယ်။ မဟာဗျူဟာက စနစ်တကျ ချမှတ်ရပါမယ်။ နည်းဗျူဟာပိုင်းကျတော့ အသုံးပြုလို့ ရနိုင်တဲ့ နည်း လမ်းမှန်သမျှကို အသုံးပြုနိုင်ရပါတယ်။ ဒီသဘောတရားကို သွေဖည်ပြီး ပန်းတိုင်ကျတော့ ဟိုလိုလို၊ ဒီလိုလိုနဲ့ မသဲမကွဲ၊ မဟာဗျူဟာ ကျတော့ ရှေ့တိုးမရ၊ နောက်ဆုတ်ခက်၊ နည်းဗျူဟာကျတော့ ဒါမှဒါ လုပ်လို့ အောင်ပွဲနဲ့ ဝေးသွားခဲ့တဲ့ တော်လှန်ရေးတွေ အများအ ပြားပါပဲ။ ဘာနဲ့ တူလဲဆိုတော့ ဘယ်ပန်းတိုင်ကို ရောက်အောင်သွားမယ်ဆိုတာလဲ မရေမရာ၊ ဘယ်လမ်းကြောင်းနဲ့ သွားမယ်ဆိုတာ ကလဲ မတိမကျနဲ့ လှေလှော်ရင်တော့ တက်ကို ဘယ်ဘက်မှာ မထားရဘူး။ ညာဘက်မှာပဲ ထားရမယ်လို့ ကန့်သတ်နေတာနဲ့ အတူတူ ပါပဲ။

နိုင်ငံရေးမျက်နှာစာဆိုရာမှာ အုပ်ချုပ်နေတဲ့ အစိုးရရဲ့ ယန္တရားကို ဆိုလိုပါတယ်။ ဒီယန္တရားမှာ မျက်နှာစာ လေးခုရှိပါတယ်။ နိုင်ငံရေး အသိုင်းအဝိုင်း၊ နိုင်ငံရေးစနစ်၊ အာဏာရှင်တွေနဲ့ မူဝါဒတွေ ဖြစ်ပါတယ်။ နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ အစိုးရရေးရာ ဆုံးဖြတ်ချက် တွေကို နေ့စဉ်နဲ့အမျှ ချမှတ်အကောင်အထည် ဖော်ပေးနေရသူတွေ ပါဝင်ပါတယ်။ နိုင်ငံရေးစနစ်ထဲမှာ တန်ဖိုး၊ စည်းမျဉ်းဥပဒေနဲ့ အုပ် ချုပ်ရေးယန္တရား ဖွဲ့စည်းထားပုံတွေ ပါဝင်ပါတယ်။ နိုင်ငံရေးစနစ်ဆိုတာမှာ ထုံးတမ်းစဉ်လာ အော်တိုကရေစီစနစ် (traditional aut ocracy)၊ ခေတ်မှီအော်တိုကရေစီစနစ် (Modernizing autocracy)၊ အာဏာရှင် စနစ် (authoritarian) နဲ့ Pluralistic စနစ်တွေ ပါဝင် ပါတယ်။

ထုံးတမ်းစဉ်လာ အော်တိုကရေစီ စနစ်ဟာ မွေးရာပါအခွင့်အလမ်းနဲ့ ဘာသာရေးယုံကြည်မှုပေါ် မူတည်ပြီး အုပ်ချုပ်နိုင်တဲ့ ခေါင်းဆောင်ဖြစ်ခွင့် အခွင့်အလမ်းကို တန်ဖိုးထားပါတယ်။ ဥပမာ- ဘုရင့်သားက ဘုရင်ဖြစ်ခွင့် ရှိတာမျိုးတွေ၊ နိုင်ငံရေးမိသားစုကနေ မွေးဖွားလာပြီး နိုင်ငံရေးထဲ ရောက်လာသူတွေအနေနဲ့ နိုင်ငံရေးလောကထဲမှာ အခွင့်အာဏာ ပိုရှိမှုတွေနဲ့ ဘာသာရေး ယုံကြည်ချက်အရ ဘာသာရေးခေါင်းဆောင်အနေနဲ့ နိုင်ငံရေးခေါင်းဆောင်ပါ ဖြစ်လာတာ မျိုးတွေ ဖြစ်ပါတယ်။ ထုံးတမ်းစဉ်လာ အော်တိုကရေစီ စနစ်ရဲ့ တန်ဖိုးတွေကတော့ ရေပေါ်ဆီဖြစ်မှုနဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေ ဖြစ်ပါတယ်။ ခေတ်မှီသော အော်တိုကရေစီ စနစ်မှာကျတော့ တန်ဖိုးထားမှုက နိုင်ငံတော်အာဏာကို တည်ဆောက်ရယူမှု ဖြစ်ပါတယ်။ အဲဒီမှာ မွေးရာပါ အခွင့်အလမ်း၊ ရေပေါ်ဆီ ဖြစ်မှုနဲ့ ဘာသာရေးခေါင်းဆောင်အနေအထားတွေကို အကြောင်းပြုပြီး နိုင်ငံတော်အုပ်ချုပ်ရေးအာဏာ တရားဝင်ဖြစ်အောင် လုပ်ဖို့နဲ့ အများပြည်သူတွေ အစိုးရထဲမှာ မပါဝင်လာနိုင်အောင် ထိန်းချုပ်ရေးတွေ ပါဝင်ပါတယ်။ အာဏာရှင်စနစ်မှာကျတော့ နိုင်ငံသားတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘဝတွေကို ထိန်းချုပ်နိုင်မှုကို တန်ဖိုးထားပါတယ်။ Pluralistic စနစ်မှာကျတော့ တဦးချင်း လွတ်လပ်ခွင့်၊ ညှိနှိုင်းဆောင်ရွက်မှု၊ အပေးအယူရှိမှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် စတာတွေကို တန်ဖိုးထားပြီး၊ ဒီတန်ဖိုးတွေကို ဒီမိုကရေစီ အစိုးရသဏ္ဍာန်နဲ့ အကောင်အထည်ဖော် ပြီးမြောက်စေပါတယ်။

နိုင်ငံရေးရဲ့ တတိယမျက်နှာစာကတော့ အုပ်ချုပ်သူတွေ ဖြစ်ပါတယ်။ အုပ်ချုပ်သူတွေ ဆိုတာမှာ အုပ်ချုပ်ရေးအာဏာကို အမိန့်ပေး ကျင့်သုံးသူတွေ ပါဝင်သလို၊ အာဏာကို အသက်ဝင်စေတဲ့ ဒေါက်တိုင်တွေလဲ ပါပါတယ်။ အုပ်ချုပ်ခံရတဲ့ ပြည်သူလူထုကနေ အုပ်ချုပ် နေသူတွေဟာ “လာဘ်ပေးလာဘ်ယူမှုတွေ ရှိတယ်၊ တိုင်းပြည်တိုးတက်ရေးကို မဆောင်ကျဉ်းပေးနိုင်ဘူး၊ ပြည်သူလူထုကို ဖိနှိပ်နေ တယ်” ဆိုပြီး စဉ်းစားလာတဲ့အခါတွေကျရင် အာဏာဖီဆန်မှုနဲ့ ပုန်ကန်ခြားနားမှုတွေ ထွက်ပေါ်လာနိုင်ပါတယ်။

နိုင်ငံရေးရဲ့ စတုတ္တ မျက်နှာစာကတော့ ပေါ်လစီမူဝါဒတွေ ဖြစ်ပါတယ်။ ဒီမူဝါဒတွေထဲမှာ အစိုးရရဲ့ ပန်းတိုင်တွေ၊ လုပ်ထုံးလုပ်နည်း တွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ စီမံချက်တွေ ပါဝင်ပါတယ်။ ဒီပေါ်လစီတွေဟာ လူမျိုးရေး၊ ဘာသာရေး၊ အသားအ ရောင်နဲ့ စီးပွားရေး ရပ်တည်မှုတွေမှာ မျှမျှတတ ရေးဆွဲထားခြင်းမရှိပဲ ခွဲခြားသတ်မှတ်ခံရတယ်လို့ အုပ်ချုပ်ခံရတဲ့ ပြည်သူလူထု တွေထဲက လူထု လူတန်းစားတွေ၊ လူမျိုးစုတွေက ယုံကြည်လာတဲ့အခါ တော်လှန်ရေးတွေ စတင်ပေါက်ဖွားလာနိုင်ပါတယ်။

တော်လှန်ရေးတွေ ပေါ်ပေါက်လာတဲ့အခါ တော်လှန်ရေးအင်အားစုတွေ သဏ္ဍာန်အမျိုးမျိုးနဲ့ ထွက်ပေါ်လာပါတယ်။ နိုင်ငံရေးပညာရှင် တွေက တော်လှန်ရေးအင်အားစု အမျိုးအစားတွေကို ခုနစ်မျိုး ခွဲခြား ဖော်ပြခဲ့ပါတယ်။ ပထမလေးမျိုးဖြစ်တဲ့ anarchist, egalitarian, traditionalist,and pluralist သဏ္ဍာန်လေးမျိုးရဲ့ ပန်းတိုင်ကတော့ ရှိနေတဲ့ နိုင်ငံရေးစနစ်ကို လုံးဝ ပြောင်းလဲဖို့ ဖြစ်ပါတယ်။ Anarchist တွေရဲ့ ပန်းတိုင်ကတော့ institutionalized လုပ်ထားတဲ့ နိုင်ငံရေးအစီအမံတွေကို ဖယ်ရှားပစ်ဖို့ ဖြစ်ပါတယ်။ Egalitarian တွေကတော့ distributional equality နဲ့ ဗဟိုထိန်းချုပ်မှု ဖွဲ့စည်းပုံကို အခြေခံပြီး လူမှုအဖွဲ့အစည်းကို ပြောင်းလဲနိုင်မယ့် နိုင်ငံရေး စ နစ်သစ်ကို အစားထိုးဖို့ ရည်ရွယ်ပါတယ်။ traditionalist တွေကတော့ လက်ရှိကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်ကို အာဏာရှင်စနစ်နဲ့ စစ် တပ်၊ ဘာသာရေး အသိုင်းအဝိုင်း၊ ရေပေါ်ဆီ လူတန်းစားတွေ ထောက်ခံတဲ့ ခေါင်းဆောင်တွေနဲ့ အစားထိုးဖို့ ရည်ရွယ်ပါတယ်။ plur alist တွေကတော့ လွတ်လပ်မှု၊ တရားမျှတမှု၊ အပေးအယူရှိမှုတွေအပေါ်မှာ အခြေတည်တဲ့ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ပါတယ်။ secessionists တွေကတော့ သူတို့နယ်မြေဒေသတွေကို တိုင်းပြည်ကနေ လုံးဝခွဲထွက်ပြီး သီးခြားနိုင်ငံတော်နဲ့ အစိုး ရတည်ထောင်ဖို့ ရည်ရွယ်ပါတယ်။ reformists ကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်မှုနဲ့ အခွင့်အလမ်းတွေ ရရှိဖို့ပဲ မူ တည်ပါတယ်။ preservationist တွေကတော့ တော်လှန်ရေး လုပ်နေပေမယ့် လက်ရှိအခြေအနေနဲ့ နိုင်ငံရေးစနစ် ဆက်ပြီး တည်ရှိ နေမှုကိုပဲ လိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေး မတည်ငြိမ်မှု အခြေအနေတွေကနေ အကျိုးအမြတ် ရနေလို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးတခုမှာ ဒီလိုတော်လှန်ရေးအင်အားစု အမျိုးအစားတွေ တခု (သို့မဟုတ်) တခုထက် မက ပါဝင်နိုင်ပါတယ်။ အမျိုးအစား တွေ ကွဲပြားလေလေ၊ ပန်းတိုင်နဲ့ ရည်မှန်းချက်တွေ ကွဲပြားလေလေ ဖြစ်ပါတယ်။ ညီညွတ်မှု တည်ဆောက်ရေးက အလွန်ခက်ခဲပါ တယ်။ ပန်းတိုင်တခုမှာ ညီညွတ်ရေးရဖို့ အချိန်ပေး တည်ဆောက်နေရတဲ့အတွက် တော်လှန်ရေးမှာ အင်အားတွေ စုစည်းပြီး အားမယူ နိုင်ပါဘူး။ အင်အားတွေ ဖြာထွက်နေတတ်ပါတယ်။ တော်လှန်ရေးမှာ အဲဒီလို အခြေအနေမျိုးတွေဖြစ်နေရင် အာဏာပိုင်တွေဘက်က မဟာဗျူဟာကျွမ်းကျင်သူတွေအတွက် အခွင့်အလမ်းပါပဲ။ အင်အားစုတွေကို စည်းရုံးသိမ်းသွင်းရန် လွယ်ကူသောအင်အားစု၊ အမြစ် ဖြတ် ချေမှုန်းရန် လိုအပ်သော အင်အားစု၊ ချေမှုန်းရန် မလိုအပ်ပဲ အလိုလို ပြိုကွဲသွားနိုင်သော အင်အားစု၊ နိုင်ငံရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာနေသောကြောင့် ပွဲပြီးအောင် မတိုက်ပဲထားနေမည့် အာဏာတည်မြဲရေးကို တဘက်တလမ်းမှ ထောက်ကူပေးနိုင်သော အင်အားစု စသည်ဖြင့် ခွဲခြားသတ်မှတ်ပြီး တော်လှန်ရေးကို ဖြိုခွဲချပစ်လေ့ရှိပါတယ်။ လူထုနဲ့ တော်လှန်ရေး ကို ကွင်းဆက်ဖြတ်ပစ်လေ့ ရှိပါတယ်။ ဒါကြောင့် အမျိုးအစားသဏ္ဍာန်နဲ့ ရည်မှန်းချက် ပန်းတိုင် ကွဲပြားတဲ့ တော်လှန်ရေးအင်အားစု တွေအကြားမှာ တပ်ပေါင်းစု ညီညွတ်ရေးလုပ်ငန်း လုပ်တာဟာ ရေပေါ်မှာ အရုပ်ရေးတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ တော်လှန်ရေး လမ်းကြောင်းကို ချပြပြီး ချိတ်ဆက်လှုပ်ရှားမှုကနေ တဆင့် ကျစ်လျစ်အောင် တည်ဆောက်မှုအပိုင်းပဲ အမြင့်ဆုံးလုပ်လို့ရနိုင်ပါတယ်။

ညီညွတ်ရေးပဲ အာရုံစိုက် လုပ်နေတဲ့ တော်လှန်ရေးတွေ မအောင်မြင်ပဲ ကြန့်ကြာတတ်ပါတယ်။ တဘက်က ညီညွတ်ရေးရဖို့ ခေါင်း ဆောင်တွေ ဆွေးနွေးငြင်းခုံနေကြတုန်းမှာ တော်လှန်ရေးတကယ် လုပ်ရမယ့် အချိန်အခါ၊ အခွင့်အလမ်းတွေကို လက်လွတ်ဆုံးရှုံး သွားတတ်လို့ပဲ ဖြစ်ပါတယ်။ ချိတ်ဆက်လှုပ်ရှားမှုကို အကောင်အထည်ဖော်တာက အချိန်အခါနဲ့အညီ ချိန်ကိုက်လှုပ်ရှားမှု လုပ်နိုင်ပါ တယ်။ စစ်မဟာဗျူဟာအရတော့ ဒါကို အန်စီဒဗလျူ (Network centric Warfare) လို့ ခေါ်ဝေါ် သုံးစွဲကြပါတယ်။ ဒီသဏ္ဍာန်ကနေ Effects- Based Operations (EBO) ဆိုတဲ့ လုပ်ဆောင်လိုက်တဲ့ လှုပ်ရှားမှုကနေ ထွက်ပေါ်လာမယ့် ရလာဒ်ကို ဦးစားပေးသော အော်ပရေးရှင်းတွေ အကောင်အထည် ဖော်နိုင်လာပါတယ်။ ညီညွတ်မှုကို နှုတ်ကတိတွေ၊ ကြေငြာချက်တွေ၊ ညီလာခံကြီးတွေနဲ့ ရယူ တာမဟုတ်ပဲ တော်လှန်ရေး လှုပ်ရှားမှု တခုချင်းဆီက ထွက်ပေါ်လာမယ့် အကျိုးရလဒ်ကို အခြေခံပြီး case by case အနေနဲ့ ပူးပေါင်း ဆောင်ရွက်မှု ရယူခြင်းပါ။ အဲဒီကနေ တဆင့် ပူးပေါင်းဆောင်ရွက်လို့ ရလာတဲ့ အကျိုးရလဒ်တွေအတွက် ယုံကြည်မှု တည်ဆောက်မှု အဆင့်ကို ထပ်မံ တိုးတက်အောင် လုပ်ယူသွားလို့ ရနိုင်ပါတယ်။ တော်လှန်ရေးနဲ့ ညီညွတ်ရေးကို တပြိုင်တည်း အကောင်အထည် ဖော်ဆောင်သွားမှု ဖြစ်ပါတယ်။

ဒီလိုနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ အာဏာပိုင် ယန္တရားရဲ့ မျက်နှာစာလေးခုကို ဖယ်ရှားတိုက်ခိုက်တာ၊ အသွင်ပြောင်း ယူတာတွေ လုပ်ရပါမယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် နိုင်ငံရေးစစ်မျက်နှာနဲ့ စစ်ရေး စစ်မျက်နှာ နှစ်ခုကို ဖွင့်ရပါမယ်။ တချို့ကတော့ နိုင်ငံ ရေးစစ်မျက်နှာမှာ နိုင်ငံတကာပံ့ပိုးထောက်ကူမှုကို စစ်မျက်နှာတခုအနေနဲ့ ထည့်သွင်း ပြောဆိုတတ်ပါတယ်။ စစ်ရေးစစ်မျက်နှာမှာလဲ မြို့ပြပြောက်ကျားအသွင်နဲ့ အစိုးရအုပ်ချုပ်ရေးယန္တရားကို တတိတိ ဖြိုချမှုတွေ၊ တောတောင်လျှိုမြောင်မှာ လက်နက်လူသူ စုဆောင်း ပြီး ပြောက်ကျားပုန်ကန်မှုတွေကနေ တပ်ရင်းတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး အာဏာပိုင် တပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ထိတွေ့မှုတွေ ဆိုပြီး လူ အင်အား၊ လက်နက်အင်အား၊ အခြေစိုက်စခန်း တည်နေရာ စတာတွေပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိ ရောက်တဲ့ အမိန့်ပေးစနစ်နဲ့ ထိန်းချုပ်မှုတွေ၊ logistics ရေးရာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ လှုပ်ရှားမှုတွေမှာ အမိန့် ပေးစနစ် ဖရိုဖရဲဖြစ်ရင် ဟန်ချက်ပျက်ပါတယ်။ ပစ်မှတ်ကို မထိရင် ကျည်ဆံ တတောင့်သုံးသုံး၊ အတောင့်တရာသုံသုံး အတူတူပဲ ဖြစ် တာမို့ ငွေအင်အား၊ လူအင်အားတွေ သုံးနိုင်ပေမယ့် အမိန့်ပေးစနစ် မကောင်းလို့ အင်အားကျဆင်းသွားတဲ့ တော်လှန်ရေးတွေ အများ ကြီးပါပဲ။

တော်လှန်ရေးအင်အားစုတွေဟာ တော်လှန်ရေးပန်းတိုင်တွေ ချမှတ်ပြီးတဲ့အခါ (သို့မဟုတ်) ရလဒ်အခြေပြု အော်ပရေးရှင်းတွေ အ ကောင်အထည်ဖော်မယ်လို့ စဉ်းစားပြီးတဲ့အခါ စစ်မျက်နှာတွေ ဖွင့်ပါတယ်။ ဒီလိုဖွင့်ကြပြီးတဲ့အခါမှာလဲ အောင်ပွဲရဖို့အတွက် ဘယ်လို မဟာဗျူဟာတွေ ချမှတ်မလဲ ဆိုတာက အရေးကြီးပါတယ်။ မဟာဗျူဟာ မဲ့နေတဲ့ တော်လှန်ရေးတခုဟာ တောင်ယိမ်းမြောက်ယိမ်း၊ ရှေ့ယိမ်း၊ နောက်ယိမ်းနဲ့ လမ်းလျှောက်ရင်း လမ်းပျောက်သလို ဖြစ်နေတတ်ပါတယ်။ မဟာဗျူဟာဆိုတာက လှုပ်ရှားမှုကို ကြိုးကိုင် ပေးနိုင်တဲ့ လမ်းညွန်ချက်တွေပဲ ဖြစ်ပါတယ်။ Dr. Bard O’Neill ရဲ့ Framework ထဲမှာ မဟာဗျူဟာ လေးမျိုးကို ဖော်ပြထားပါတယ်။ ပထမ မဟာဗျူဟာက conspiratorial strategy ဖြစ်ပါတယ်။ သေးငယ်၊ လျှို့ဝှက်ပြီး စည်းကမ်းနဲ့ စနစ်တကျရှိတဲ့ အုပ်စုငယ်လေး တခုကို အသုံးပြုပြီး နိုင်ငံတော်အာဏာကို သိမ်းယူတာဖြစ်ပါတယ်။ ပဋ္ဋိပက္ခဖြစ်မှု၊ ထိပ်တိုက်ရင်ဆိုင်ရမှုတွေ နည်းပါးပါတယ်။ စစ်အာ ဏာရှင် နိုင်ငံတွေမှာ တပ်တွင်းအာဏာပြန်သိမ်းပြီးမှ အာဏာသိမ်းအစိုးရသစ်က အတိုက်အခံတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ အကောင် အထည်ဖော်တတ်တာတွေ ရှိပါတယ်။ သွေးထွက်နည်းစေတဲ့ တော်လှန်ရေး မဟာဗျူဟာ တရပ်ပါ။

နောက်ထပ် မဟာဗျူဟာ တမျိုးကတော့ protracted popular war strategy ဖြစ်ပါတယ်။ ဒီမဟာဗျူဟာက လူထုထောက်ခံမှုကနေ တော်လှန်ရေးစစ်ပွဲဆီကို ဦးတည်စေပါတယ်။ ဒီမဟာဗျူဟာမှာ အဆင့်သုံးဆင့်ရှိပါတယ်။ ပထမအဆင့်ဖြစ်တဲ့ strategic defensive မှာ တော်လှန်ရေးသမားတွေဟာ လူထုထောက်ခံမှု ရယူခြင်း၊ အဖွဲ့အစည်းများ တည်ထောင်ခြင်း၊ ရန်သူချေမှုန်းရေးစတင်ခြင်းနဲ့ လှုပ် ရှားမှု ခိုင်မာအောင် တည်ဆောက်ခြင်းတွေ ပြုလုပ်ကြပါတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ strategic stalemate ကတော့ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲပြီး အစိုးရကို တော်လှန်တာ ဖြစ်ပါတယ်။ အောင်ပွဲတွေ၊ အဖွဲ့အစည်း တိုးချဲ့မှုတွေ၊ အခြေစိုက်စခန်း တည် ဆောက်မှုတွေ၊ လေ့ကျင့်သင်တန်းပေးမှုတွေ ပြုလုပ်တာကြောင့် ကြာရှည်တည်ဆောက်ရတဲ့ အဆင့်တခုပါ။ အဲဒီကနေမှ strategic offensive အဆင့်ကို တက်ပါတယ်။ ဒီအဆင့်မှာ တော်လှန်ရေးအင်အားစုတွေက open war ဆင်နွှဲတာ ဖြစ်ပြီး နိုင်ငံရေး ဦးတည် ချက်ကတော့ အုပ်ချုပ်နေတဲ့ အစိုးရယန္တရားကို ဖြုတ်ချပြီး အစားထိုးတာဖြစ်ပါတယ်။ စစ်ရေးဦးတည်ချက်ကတော့ တဘက်ရန်သူရဲ့ စစ်တပ်တွေကို ချေမှုန်းတာ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာကို မော်စီတုန်းက ကျင့်သုံးဖော်ဆောင်ခဲ့တာဖြစ်ပြီး အဆုံးသတ်အောင်ပွဲကို ရ ရှိခဲ့ပါတယ်။

နောက်ထပ် မဟာဗျူဟာ တခုကတော့ military-focus strategy ဖြစ်ပါတယ်။ ဒီမဟာဗျူဟာကတော့ စစ်ရေးအရ ချေမှုန်း တိုက်ပွဲဝင် နိုင်ရေးကိုပဲ ဦးစားပေးပါတယ်။ protracted popular war strategy နဲ့ မတူညီတဲ့အချက်ကတော့ လူထုထောက်ခံမှုရဖို့ စနစ်တကျ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုမရှိပါဘူး။ လက်ရှိထောက်ခံမှုဟာ လုံလောက်ပြီလို့ ယူဆပြီး၊ စစ်မြေပြင်မှာ အောင်ပွဲရရေးကိုပဲ ဦး တည်ဆောင်ရွက်ပါတယ်။ အမေရိကန်ပြည်တွင်းစစ်တုန်းက Confederacy က ဒီမဟာဗျူဟာကို ကျင့်သုံးခဲ့ပါတယ်။ နောက်ထပ် မ ဟာဗျူဟာ တခုကတော့ urban-warfare strategy ဖြစ်ပါတယ်။ မြို့ပြမှာ ပြောက်ကျားလှုပ်ရှားမှုတွေ၊ ပုန်ကန်ခြားနားမှုတွေနဲ့ အစိုးရ ယန္တရားကို တိုက်ခိုက်တာ ဖြစ်ပါတယ်။ တော်လှန်ရေးအများစုမှာ တော်လှန်ရေးသမားတွေဟာ ဒီမဟာဗျူဟာလေးခုလုံးကို ပေါင်းစပ် အကောင်အထည် ဖော်လေ့ရှိကြပါတယ်။ အပျော့အမာလိုင်း၊ အအေး အပူလိုင်းတွေ ကွာခြားပေမယ့် ပေါင်းစပ်နိုင်မှုကတော့ အရေးကြီးပါတယ်။

အခုဆက်လက်ပြီး တော်လှန်ရေးအောင်ပွဲ သော့ချက်များကို တင်ပြပါမယ်

တော်လှန်ရေး အောင်ပွဲ၏ သော့ချက်များ
Bard O’Neill ရဲ့ Framework မှာ တော်လှန်ရေး အောင်ပွဲကို ဆန်းစစ်နိုင်မယ့် သော့ချက် ခြောက်ချက်ကို ဖော်ပြထားပါတယ်။ လူ တယောက်ကိုပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတရပ်ကိုပဲဖြစ်ဖြစ်၊ တော်လှန်ရေးတခုကိုပဲဖြစ်ဖြစ် အောင်မြင်နိုင်မယ့် ရာခိုင်နှုန်းကို ဆန်းစစ်နိုင် မယ့် စံနှုန်းစံထားတွေ၊ တွက်ချက်တိုင်းတာမှုတွေ ရှိပါတယ်။ ဒါတွေကို အသုံးပြုပြီး ဆန်းစစ်လေ့လာလို့ ရပါတယ်။ အလုပ်လုပ်နေ တိုင်း ထိရောက်မှု ရှိနေတာ မဟုတ်ပါဘူး။ ထိရောက်နိုင်တဲ့ အလုပ်တွေကိုလုပ်မှ ထိရောက်တာ ဖြစ်ပါတယ်။ သင်ရိုးစာအုပ်တခုလုံးကို အာဂုံဆောင်ထားတဲ့ ကျောင်းသားတိုင်း စာမေးပွဲအောင်မယ်လို့ မဆိုနိုင်ပါဘူး။ စာမေးပွဲကို အောင်မြင်အောင် ဖြေတတ်မှ စာမေးပွဲ အောင်ပါမယ်။ အင်္ဂလိပ်- မြန်မာ အဘိဓာန်ကြီးကို အလွတ်ကျက်နေသူတွေလဲ တွေ့ဖူးပါတယ်။ အကျိုးမရှိမဟုတ်ပါ။ တစုံတရာတော့ အကျိုးရှိပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံတကာကကျင်းပတဲ့ အင်္ဂလိပ်စာ စာမေးပွဲတွေကို ဝင်ဖြေရင်တော့ မအောင်ဖို့က များပါတယ်။ အ ချိန်ကုန်၊ လူပမ်းရုံပဲ ရှိမှာပါ။ တကယ်အရေးကြီးတဲ့ အခြေအနေနဲ့ အချိန်အခါတခုမှာ ဘာကိုလုပ်သင့်သလဲ၊ ဘာကိုဦးစားပေးသင့် သ လဲဆိုတာ ရွေးချယ်ဆုံးဖြတ်နိုင်ဖို့ လိုအပ်လှပါတယ်။ ကိုယ်လုပ်နေတာတွေ ထိရောက်မှုရှိမရှိ သိနိုင်ဖို့ ပြန်လည်ဆန်းစစ်ချက် လိုအပ်ပါ တယ်။ Bard O’Neil ရဲ့ သော့ချက် ခြောက်ချက်ဟာ ကမ္ဘာတဝှမ်းများ အောင်မြင်ခဲ့တဲ့ တော်လှန်ရေးတွေကို လေ့လာဆန်းစစ်ပြီး အ နှစ်သာရတွေကို ပြန်လည်စုစည်း ပေးထားတာ ဖြစ်တဲ့အတွက် တော်လှန်ရေးတရပ်ရဲ့ နိုင်ငံရေး ထိရောက်မှုနဲ့ မဟာဗျူဟာ ထိရောက် မှုတွေကို ပြန်လည်ဆန်းစစ် အကဲဖြတ်ရာမှာ အသုံးဝင်တဲ့ စံညွှန်းတွေပဲ ဖြစ်ပါတယ်။

(၁) လူထုထောက်ခံမှု
တော်လှန်ရေးတခု အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ရှိနေလား၊ မရှိနေဘူးလား ဆိုတာ ဆန်းစစ်တဲ့အခါ တော်လှန်ရေးနဲ့ လူထုကြီးနဲ့ ဘယ်လောက်အထိ နီးကပ်မှု ရှိနေလဲ ဆိုတာ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဘယ်တော်လှန်ရေးခေါင်းဆောင်မဆို ပထမဆုံးစဉ်းစားရ မယ့် အချက်က လူထုထောက်ခံမှုကို ဘယ်လိုရအောင်ယူမလဲ ဆိုတာပါပဲ။ အာဏာပိုင်အစိုးရဘက်မှာ စစ်တပ်၊ ရဲ၊ ဒေါက်တိုင်အင် အားစု၊ သတင်းပေးတွေနဲ့ တိုင်းပြည်ဘဏ္ဍာတွေကို လိုသလို အသုံးပြုနိုင်မှု စတဲ့ အားသာချက်တွေ ရှိပါတယ်။ ဒီအားသာချက်တွေကို ပါဝါချိန်ခွင်တဘက်ကနေ ထိန်းညှိနိုင်ဖို့က လူထုထောက်ခံမှုပဲ ဖြစ်ပါတယ်။ လူထုထောက်ခံမှု ဆိုရာမှာ လူထုထောက်ခံမှု အမျိုးအစား တွေ၊ ပညာရှင်တွေနဲ့ ပြည်သူလူထုရဲ့ အခန်းကဏ္ဍတွေနဲ့ လူထုထောက်ခံမှု ရဖို့အတွက် တော်လှန်ရေးသမားတွေ အသုံးပြုရမယ့် နည်းလမ်းတွေကို နားလည်ဖို့ လိုအပ်ပါတယ်။

လူထုထောက်ခံမှု အမျိုးအစားမှာ တိုက်ရိုက်ထောက်ခံမှုနဲ့ သွယ်ဝိုက်ထောက်ခံမှုဆိုပြီး အမျိုးအစားနှစ်မျိုး ရှိပါတယ်။ တိုက်ရိုက် ထောက်ခံသူတွေက တော်လှန်ရေးအတွက်ဆိုရင် အသက်တွေ၊ ဘဝတွေနဲ့ ရင်းပြီး စွန့်စားဖို့အထိ အဆင်သင့် ရှိနေသူတွေဖြစ်ပါ တယ်။ သူတို့တွေဟာ တော်လှန်ရေးအတွက် လိုအပ်မယ့် ထောက်လှမ်းရေးသတင်း အချက်အလက်တွေ၊ တော်လှန်ရေးသမားတွေ ပုန်းခိုနိုင်ဖို့ ဝပ်ကျင်းတွေ၊ ထောက်ပံ့ကြေးတွေ၊ မြေအောက်လှုပ်ရှားမှု နေရာထိုင်ခင်းတွေကို ပံ့ပိုးပေးတတ်ပါတယ်။ တခါတရံမှာ တော် လှန်ရေးသမားအချင်းချင်း ချိတ်ဆက်လှုပ်ရှားမှုတွေအတွက် ဆက်သားတာဝန်တွေကို ထမ်းဆောင်ပေးတတ်ပါတယ်။ သွယ်ဝိုက် ထောက်ခံသူတွေကတော့ တော်လှန်ရေးရဲ့ ရည်ရွယ်ချက်နဲ့ တော်လှန်ရေးသမားတွေရဲ့ လှုပ်ရှားမှုတွေ၊ စွန့်လွှတ်ပေးဆပ်ရမှုတွေကို ကိုယ်ချင်းစာနာပြီး တော်လှန်ရေးကို စိတ်ထဲက ထောက်ခံနေသူတွေဖြစ်ပါတယ်။ သူတို့တတွေဟာ တော်လှန်ရေးကို တိုက်ရိုက်ပံ့ပိုးမှု မရှိပေမယ့် အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလဲ တတ်နိုင်သမျှ ငြင်းဆန်လေ့ရှိပါတယ်။

ဒီလိုတိုက်ရိုက်ထောက်ခံသူတွေနဲ့ သွယ်ဝိုက်ထောက်ခံသူတွေ တော်လှန်ရေးနဲ့အတူ ရှိနေတာဟာ အာဏာပိုင်တွေရဲ့ တော်လှန်ရေး ဖြိုခွင်းမှုတွေကို ထိရောက်မှုမရှိအောင် တားဆီးနိုင်ပါတယ်။ တော်လှန်ရေးတရပ်မှာ တိုက်ရိုက်ထောက်ခံမှုကော၊ သွယ်ဝိုက်ထောက်ခံ မှုပါ အရေးကြီးတယ်ဆိုတာကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တိုက်ရိုက်ထောက်ခံမှုမရှိသေးပဲ သွယ်ဝိုက်ထောက်ခံနေသူတွေကို တော်လှန်ရေးသမားတွေက မစော်ကားမိစေဖို့ အထူးသတိထားရပါလိမ့်မယ်။ လူထုထောက်ခံမှုဆိုတာ စည်းရုံးရေးနဲ့ ဝါဒဖြန့်ချိရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ အကောင်အထည်ဖော်ပြီး ရယူရတာ ဖြစ်ပါတယ်။ အတင်းအကြပ်ထောက်ခံမှု ယူလို့ရတာမျိုး မဟုတ် ပါ။ လူထုရဲ့ တိုက်ရိုက်ထောက်ခံမှု၊ သွယ်ဝိုက်ထောက်ခံမှုတွေ ရရှိဖို့နဲ့ တော်လှန်ရေးသမားအဖြစ် တက်တက်ကြွကြွ ပါဝင်လာဖို့အ တွက် လူ့အဖွဲ့အစည်းထဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ယုံကြည်မှုတွေ၊ တန်ဖိုးတွေ၊ အမြင်သဘောထားတွေ၊ စိတ်ခံစားမှုတွေကို လေ့လာဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးသမားတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ အမြစ်တွယ်နေတဲ့ အယူအဆတွေ၊ ဘဝအမြင်တွေ၊ ရည်မှန်း ချက်တွေကို လေ့လာဖို့လဲ လိုအပ်ပါတယ်။

တော်လှန်ရေးမှာ ပညာရှင်တွေနဲ့ အများပြည်သူတွေရဲ့ အခန်းကဏ္ဍတွေက အရေးကြီးတဲ့ အချက်တွေဖြစ်တာမို့ တော်လှန်ရေး အတွက် စည်းရုံးမှုမှာ intelligentsia နဲ့ masses ဆိုပြီး နှစ်ပိုင်းခွဲ စည်းရုံးဖို့ လိုအပ်ပါတယ်။ ကမ္ဘာတဝှမ်းက တော်လှန်ရေးတွေမှာ တော်လှန်ရေးသမားတွေဟာ တက္ကသိုလ်ကျောင်းသားတွေနဲ့ အစိုးရယန္တရားအတွင်းက အလယ်အလတ် ရာထူးအဆင့်ရှိသူတွေကို intelligentsia အခန်းကဏ္ဍအနေနဲ့ စည်းရုံးလေ့ရှိကြပါတယ်။ သူတို့တတွေဟာ တော်လှန်ရေး ခေါင်းဆောင်တွေကို မဟာဗျူဟာ အ မြင်၊ အဖွဲ့အစည်းရေးရာ အတွေ့အကြုံနဲ့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ ပံ့ပိုးပေးနိုင်သူတွေ ဖြစ်တာမို့ သီးခြားပရောဂျက်နဲ့ စနစ် တကျ စည်းရုံးသိမ်းသွင်းမှု လုပ်ဖို့ လိုအပ်ပါတယ်။ Masses ဆိုတဲ့ အများပြည်သူတွေကို စည်းရုံးတဲ့အခါမှာလဲ တော်လှန်ရေးသမား တွေအနေနဲ့ စနစ်တကျ လှေကားချပြီး စည်းရုံးဖို့ လိုပါတယ်။ လူထုရဲ့ နိုင်ငံရေးရေချိန်ပေါ် မူတည်ပြီး အချိန်အခါနဲ့အညီ ချိန်ကိုက် လှုပ်ရှားဖို့ လိုအပ်ပါတယ်။ လူထုထောက်ခံမှု ရရှိဖို့နဲ့ တော်လှန်ရေးသမားတွေ ပေါ်ထွက်လာဖို့ စည်းရုံးလှုပ်ရှားမှုတွေမှာ နည်းလမ်း အမျိုးမျိုး ရှိပေမယ့် အောင်ပွဲအတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းခြောက်ခုရှိပါတယ်။

Charismatic attraction ဆိုတဲ့ နည်းလမ်းကတော့ ခေါင်းဆောင်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အသုံးပြုပြီး စည်းရုံးရေး ဖြစ်ပါတယ်။ ခေါင်းဆောင်ဟာ လူထုနဲ့ တသားတည်း ရှိနိုင်ဖို့ လိုပါတယ်။ လူထုရဲ့ အတွေး၊ လူထုရဲ့ အမြင်နဲ့ တထပ်တည်း ကျနေရပါမယ်။ လူထု ထဲမှာသာ တော်လှန်ရေးရဲ့ အဆုံးသတ်အောင်ပွဲကို ရယူနိုင်မယ့် အင်အားရှိနေတယ်ဆိုတာ နားလည်နေရပါမယ်။ ခေါင်းဆောင်နဲ့ လူထုအကြားမှာ ကွင်းဆက်မပြတ်ဖို့ လိုအပ်ပါတယ်။ လက်ဆင့်ကမ်းခေါင်းဆောင်မှုကို အကောင်အထည်ဖော်နိုင်ရမယ်။ ဒီလိုမဟုတ် ရင် ကွင်းဆက်ပြတ်သွားပြီး တော်လှန်ရေး ခါးဆက်ပြတ်ပါလိမ့်မယ်။ နောက်ထပ်နည်းလမ်းတခုကတော့ Esoteric appeals ဖြစ်ပါ တယ်။ ဒီနည်းလမ်းက ပညာတတ် လူ့အဖွဲ့အစည်းကို အာရုံစိုက်စည်းရုံးမှု ဖြစ်ပါတယ်။ ဒီလိုစည်းရုံးတဲ့အခါမှာ သီအိုရီသဘောတရား တွေနဲ့ အယူအဆ၊ အတွေးအခေါ်တွေ၊ အခြေအနေတွေကို သပ်သပ်ရပ်ရပ်နဲ့ တိတိကျကျ ရှင်းလင်းဖော်ပြဖို့ လိုအပ်ပါတယ်။

Exoteric appeals ဆိုတာကတော့ လူထုထဲမှာ အမှန်တကယ် ခံစားနေရတဲ့ ဘဝအခြေအနေတွေကို မီးမောင်းထိုးပြပြီး စည်းရုံးလှုံ့ ဆော်တာ ဖြစ်ပါတယ်။ လူထုကို စည်းရုံးလှုံ့ဆော်မှုမှာ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ အလုပ်လက်မဲ့ ပြဿနာ၊ လာဒ်ပေးလာဒ်ယူမှုတွေ၊ မြေယာပိုင်ဆိုင်မှုရေးရာတွေကို အာရုံစိုက်ရပါမယ်။ intelligentsia စည်းရုံးမှုမှာတော့ အလုပ်အ ကိုင်အခွင့်အလမ်းရှားပါးမှု၊ အာဏာပိုင်တွေရဲ့ ပညာတတ်တွေကို တန်ဖိုးမထားမှု၊ အသိအမှတ်မပြုမှု စတာတွေကို အာရုံစိုက်ဖော်ပြ ရပါမယ်။

စတုတ္တနည်းလမ်းကတော့ လှုပ်ရှားမှုတွေကို ပြောက်ကျားတိုက်ပွဲတွေ အနေနဲ့ အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ အာဏာပိုင် တွေအနေနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကို အမြစ်ဖြတ် နှိမ်နင်းလို့ မရနိုင်ဘူးဆိုတာကို လူထုကြီးကို အသိပေးနိုင်ဖို့လိုအပ်ပါတယ်။ ပထမနည်းလမ်းကတော့ အာဏာပိုင်တွေရဲ့ တော်လှန်ရေးအပေါ် ဖိနှိပ်မှုတွေကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။ နောက်ဆုံးနည်း လမ်းဖြစ်တဲ့ demonstration of potency ကတော့ အရေးကြီးဆုံး အချက်ပဲဖြစ်ပါတယ်။ တော်လှန်ရေးသမားတွေဆီမှာ တိုင်းပြည် အုပ်ချုပ်ရေးကို ဆောင်ရွက်နိုင်မယ့် အရည်အချင်းနဲ့ အလားအလာရှိတယ်လို့ လူထုက မယုံကြည်ရင် လက်ရှိနိုင်ငံရေးစနစ်ကို မကျေ နပ်ပေမယ့် တော်လှန်ရေးအပေါ်မှာ စိတ်ရောကိုယ်ပါ ထောက်ခံမှု မလုပ်ကြပါဘူး။ တော်လှန်ရေးသမားတွေဘက်က ဒီလိုအရည်အ ချင်းနဲ့ အလားအလာကို လူထုကို ပြနိုင်ဖို့ လိုပါတယ်။

(၂) ပတ်ဝန်းကျင်အနေအထား
တော်လှန်ရေးအောင်မြင်မှုရဲ့ ဒုတိယ သော့ချက်ကတော့ တော်လှန်ရေးလှုပ်ရှားမှု အခြေတည်နေတဲ့ ပတ်ဝန်းကျင်အနေအထားပဲ ဖြစ်ပါတယ်။ အဲဒီမှာ physical aspect နဲ့ human dimension ဆိုပြီး နှစ်မျိုးရှိပါတယ်။ physical aspect အနေနဲ့ နယ်မြေအနေအ ထား၊ ရာသီဥတုအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေးစနစ် တွေ ပါဝင်ပြီး၊ human dimension ကတော့ လူဦးရေ၊ လူမှုအဆောက်အအုံ၊ စီးပွားရေး၊ နိုင်ငံရေးယဉ်ကျေးမှု စတာတွေ ပါဝင်ပါတယ်။

လူမှုအဆောက်အအုံဟာ တော်လှန်ရေးရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းမှာ ဒေါင်လိုက်စုဖွဲ့မှုနဲ့ အလျားလိုက် စုဖွဲ့မှု သဏ္ဍာန်နှစ်မျိုး ရှိပါတယ်။ ဒေါင်လိုက်အနေနဲ့မှာ လူမျိုးစုနဲ့ ဘာသာရေးကွဲပြားမှုတွေ ရှိပြီး၊ အလျားလိုက် စုဖွဲ့မှုမှာ လူတန်းစားအလွှာ အမျိုးမျိုး ကွဲပြားမှုတွေ ပါဝင်ပါတယ်။ ဒီလိုကွဲပြားမှုတွေနဲ့ Societal cleavages တွေဟာ တော်လှန်ရေးတွေ ထွက်ပေါ်လာရခြင်းရဲ့ ပင်မအကြောင်းတရားတွေပါ။ ဝါဒဖြန့်ချိရေးနဲ့ အိုင်ဒီယော်လော်ဂျီတွေ လူ့အဖွဲ့အစည်းအတွင်းမှာ စတင်တဲ့အခါ ဒီလိုကွဲပြားမှုတွေကို တခုချင်း အာရုံစိုက်ပြီး သီးခြားဝါဒဖြန့်ချိရေး အစီအစဉ်တွေ လုပ်ဖို့ လိုအပ်ပါတယ်။ အုပ်စုခွဲပြီး ဝါဒဖြန့်ချိရေး မလုပ်ပဲ အားလုံးကို ခြုံငုံလုပ်လို့ မရပါဘူး။ လူတွေရဲ့ စိတ်ခံစားမှုနဲ့ တုန့်ပြန်မှုတွေကို နားလည်ဖို့ လိုအပ်ပါတယ်။

အီသီးယိုးပီးယားမှာ လူတွေငတ်သေတာ ကြားရရင် ကျွန်မတို့ မြန်မာတွေရဲ့ စိတ်ထဲမှာ သနားသလို ခံစားရပေမယ့် အကူအညီပေးဖို့ စိတ်ဝင်စားချင်မှ ဝင်စားပါမယ်။ ဒါပေမယ့် မြန်မာကလေးလေးတယောက် တောင်းစားနေတဲ့ ဓာတ်ပုံတပုံကြောင့် ရင်ထဲမှာ ဆို့နင့်ပြီး တော်လှန်ရေးသမား ဖြစ်လာသူတွေလဲ အများအပြားပါ။ Human touch ဖြစ်မှ ဝါဒဖြန့်ချိရေးယန္တရား အောင်မြင်မှာ ဖြစ်ပါတယ်။ ဝါဒ ဖြန့်ချိရေးယန္တရားဆိုတာ စနစ်တကျ အကောင်အထည်ဖော်ရတာပါ။ ဒီကဏ္ဍအားနည်းနေတဲ့ တော်လှန်ရေးတွေကတော့ မလွဲမသွေ နှောင့်နှေးကြန့်ကြာမှာ အမှန်ပါပဲ။ Physical aspect တခုဖြစ်တဲ့ ဆက်သွယ်ရေးစနစ်ကို အကောင်အထည်ဖော်ဖို့ပဲ တော်လှန်ရေးသ မားတွေက အားသန်လေ့ရှိပါတယ်။ ဆက်သွယ်ရေးစနစ်ရှိပြီး ကိုယ်ပြောချင်တာတွေပဲ စွပ်ပြီးပြောနေ၊ သတင်းအချက်အလက်တွေ ပေးနေရုံနဲ့ အောင်မြင်မှာ မဟုတ်ပါ။ အိုင်တီ နည်းပညာခေတ်မှာ အီးမေးလ်အုပ်စုတွေ၊ ဘလော့တွေနဲ့ လူထုကြီးကို သတင်းတွေပေးဖို့ အလွန်အားသန်ကြပါတယ်။

ဒီသတင်းစကားတွေဟာ လူဦးရေရဲ့ ရာခိုင်နှုန်း ဘယ်လောက်ကို စီးဆင်းသွားနိုင်မလဲ ဆိုတာရယ်၊ သတင်းစကားကို လက်ခံရရှိ သူ တွေဆီက active support, passive support ဘယ်လောက်ထိ ရနိုင်မလဲဆိုတာရယ်ကို တွက်ချက်ဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ်ပဲ ဝါဒဖြန့်ချိရေးနဲ့ သတင်းစကားပေးတာတွေက တော်လှန်ရေးသမားတွေအကြားမှာပဲ ပြန်ပြီး လည်ပတ်နေတာဆိုရင်တော့ အားနည်း ချက်ရှိနေပါပြီ။ ဖြည့်ဆည်းရမယ့် အချက်ဖြစ်နေပြီဆိုတာ နားလည်ရပါမယ်။ Human Dimension ဖြစ်တဲ့ လူမှုအဆောက်အအုံကို ထည့်သွင်း မစဉ်းစားရင် တော်လှန်ရေး နှောင့်နှေးပါလိမ့်မယ်။

(၃) အဖွဲ့အစည်း
တော်လှန်ရေးအောင်မြင်မှုရဲ့ တတိယသော့ချက်ကတော့ တော်လှန်ရေးအင်အားစုတွေပဲ ဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေ မှာ ဖွဲ့စည်းမှုရေးရာအရ structural dimension တွေဖြစ်တဲ့ Scope နဲ့ Complexity ဆိုတာ တွေရှိပါတယ်။ Scope ဆိုတာက နိုင်ငံရေး လှုပ်ရှားမှုတွေထဲမှာ အရေးပါတဲ့ နေရာတွေကနေ တက်တက်ကြွကြွ လုပ်နေသူတွေဖြစ်တဲ့ ကေဒါတွေ၊ မြေအောက်ယူဂျီအုပ်စုတွေ၊ တောခိုပုန်ကန်နေသူနဲ့ လှုပ်ရှားမှုရဲ့ active supporters တွေပါ။ Complexity ဆိုတာကတော့ တော်လှန်ရေးအဖွဲ့အစည်းရဲ့ စုဖွဲ့မှု သဏ္ဍာန် organizational structure ဖြစ်ပါတယ်။ တော်လှန်ရေးခေါင်းဆောင်တယောက်ဟာ organizational structure နဲ့ ပတ် သက်တဲ့ အရည်အချင်းတွေ ရှိနေဖို့ လိုအပ်ပါတယ်။ လူများအောင် လိုက်စည်းရုံးနေရုံနဲ့ အလုပ်လုပ်လို့ရတာ မဟုတ်ပါ။ ရှိတဲ့ လူကို ဘယ်ကဏ္ဍတွေမှာ ဘာလုပ်ငန်းဆောင်တာတွေအတွက် ဘယ်လိုတာဝန်တွေပေးမှာလဲ ဆိုတာက အဓိက ကျပါတယ်။ တိုက်ခိုက်ရေး တာဝန်၊ မြို့ပြပြောက်ကျားတာဝန်၊ ဆက်သားတာဝန်၊ သယ်ယူပို့ဆောင်ရေးတာဝန်၊ ထောက်ပံ့ရေးတာဝန်၊ သတင်းရယူစုဆောင်းရေး တာဝန်၊ ပြန်ကြားရေးတာဝန်၊ ဝါဒဖြန့်ချိရေးတာဝန်၊ ကွန်ယက်ချိတ်ဆက် လှုပ်ရှားမှုတာဝန်၊ မဟာဗျူဟာနဲ့ စီမံကိန်းရေးဆွဲရေး တာဝန်၊ ဘဏ္ဍာရေး တာဝန်၊ တည်ဆောက်စည်းရုံးရေး တာဝန်၊ နိုင်ငံခြားဆက်ဆံရေး တာဝန်တွေမှာ ဘယ်လိုတာဝန်မှာ ဘယ်သူတွေနဲ့ သင့်တော်လဲဆိုတာ ခွဲခြားဆုံးဖြတ်နိုင်စွမ်း ရှိရပါမယ်။

ဒီနေရာမှာ ခေါင်းဆောင်တွေရဲ့ အရည်အချင်းကို သိသိသာသာ တွေ့မြင်နိုင်ပါတယ်။ ခေါင်းဆောင်တယောက်ရဲ့ စီမံခန့်ခွဲနိုင်တဲ့ အ ရည်အချင်းကို သူဦးဆောင်နေတဲ့ အဖွဲ့အစည်းမှာ ဘယ်လိုရည်မှန်းချက် ပန်းတိုင်တွေ ချမှတ်ထားပြီး၊ ဘယ်လို မဟာဗျူဟာတွေနဲ့ ချဉ်းကပ်ခေါင်းဆောင်နေတယ်ဆိုတာ အကဲဖြတ်လေ့လာကြည့်နိုင်ပါတယ်။ မဟာဗျူဟာ အခင်းအကျင်းနဲ့ ခေါင်းဆောင်မှုမလုပ်ရင် အောင်မြင်မှုအတွက် အားနည်းချက်တွေ ရှိပါတယ်။ urban-warfare strategy နဲ့ conspiratorial strategy ကို အကောင်အထည် ဖော်နေတဲ့ ခေါင်းဆောင်တွေအတွက် Organizational complexity က နည်းနိုင်သမျှ နည်းရပါမယ်။ သေးငယ်ပြီး လျှို့ဝှက်တဲ့ အစုအ ဖွဲ့လေးတွေကို ဖြန့်ကျဲဖွဲ့စည်းပေးရတဲ့အတွက်ပါ။ Protracted popular နဲ့ military-focus strategies တွေကို အကောင်အထည်ဖော် နေတဲ့ အဖွဲ့အစည်းက ခေါင်းဆောင်တွေကတော့ အဖွဲ့အစည်းရဲ့ သဘောသဘာဝအရ Organization structure ကို ရှင်းရှင်းလင်း လင်း အကောင်အထည် ဖော်နိုင်ရပါမယ်။ ဒီနေရာမှာ မဟာဗျူဟာမျိုးစုံကို ကိုင်စွဲနေတဲ့ ခေါင်းဆောင်တွေဟာ အားလုံးမရော ယှက်ပစ် မိစေဖို့ သတိထားရပါမယ်။

ဥပမာ- Protracted popular strategy ကို ကိုင်စွဲမှုမှာ ပြည်သူ့ဆက်ဆံရေးယန္တရားတွေ အသုံးပြုရပါတယ်။ နည်းပညာတွေ တိုးတက် လာတော့ မီဒီယာတွေကို အသုံးပြုရပါတယ်။ အဲဒီလို အသုံးပြုမှုဟာ ကိုယ့်အဖွဲ့အစည်းက အကောင်အထည်ဖော်ဆောင်နေတဲ့ urban-warfare strategy နဲ့ conspiratorial strategy အရ ဖော်ဆောင်မှုတွေကို အနှောင့်အယှက်၊ အဟန့်အတားတွေ မဖြစ်စေဖို့ လိုအပ်ပါတယ်။ မီဒီယာနဲ့ မြေအောက်လှုပ်ရှားမှုကို ရောစပ်လို့ မရပါ။ ပေါင်းစပ်လိုက်တာနဲ့ သတင်းလုံခြုံရေး ထိခိုက်ပါတယ်။ မလို လားအပ်တဲ့ ဆိုးကျိုးတွေ အများကြီး ထွက်လာတတ်ပါတယ်။ လူအများက စိတ်ဓာတ်တက်ကြွ ထောက်ခံပြီး တော်လှန်ရေးထဲ ပါဝင် လာဖို့အတွက် သတင်းတခုကို ထုတ်ပြန်တဲ့အခါနဲ့ လှုပ်ရှားမှုဓာတ်ပုံတပုံကို ထုတ်တင်ပေးတဲ့အခါ ဒီသတင်းနဲ့ ပုံတွေထဲမှာ တခြားမ ဟာဗျူဟာ ဖော်ဆောင်ရေးကို ထိခိုက်စေမယ့် သတင်းအချက်အလက်တွေ ပါသွားနိုင်မလားဆိုတာကို သတိပြုစဉ်းစားပြီးမှ လုပ်သင့် ပါတယ်။ ဒီအချက်ဟာ ခေါင်းဆောင်တွေအတွက် အလွန်အရေးကြီးတဲ့ စည်းတခုပါ။ ဒီစည်းကိုကျော်ပြီး ခေါင်းဆောင်မှုရှိတဲ့ တော်လှန် ရေးတိုင်းမှာ strategic conflict ဖြစ်ပါတယ်။ ဒါတွေဖြစ်လာရင် တော်လှန်ရေး ထိရောက်မှုမှာ အားနည်းတတ်ပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေအတွင်းမှာ သဘောသဘာဝ ကွဲပြားမှုရှိနေတဲ့ အခါမှာတော့ တပ်ပေါင်းစုသဏ္ဍာန် ကွန်ယက်ချိတ်ဆက် လှုပ်ရှားမှုနဲ့ စုပေါင်းခေါင်းဆောင်မှုကို အကောင်အထည်ဖော်ရပါတယ်။ ကွန်ယက်ချိတ်ဆက်လှုပ်ရှားမှုလို့ ဆိုထားပါတယ်။ တော်လှန် ရေးအဖွဲ့အစည်းတွေ စုပေါင်းပြီး လှုပ်ရှားမှု လမ်းကြောင်းတခုပေါ်မှာ ရလဒ်အခြေပြု လှုပ်ရှားတာကို ဆိုလိုတာပါ။ အဖွဲ့တွေစုပြီး လုပ် ငန်းဖော်ဆောင်မှုမပါတဲ့ နှုတ်ကတိ၊ ကြေငြာချက်အခြေပြု ညီညွတ်ရေးလှုပ်ရှားမှုကို ဆိုလိုတာ မဟုတ်ပါ။ ညီညွတ်ရေးဆိုတာ တိုက် ပွဲရှိမှ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ တိုက်ပွဲမဖော်ဆောင်ပဲ ညီညွတ်ရေးပဲ လုပ်နေရင် ခေါင်မိုးတခုပေါ်မှာ ခေါင်မိုးတထပ် ဆင့်ရင်းဆင့် ရင်း ခေါင်မိုးဒဏ်ပိပြီး အဆောက်အဦး ပြိုကျတတ်ပါတယ်။ ခေါင်မိုးတွေနဲ့ အုတ်မြစ်တွေအကြားမှာ တည်ဆောက်ထားတဲ့ frame work ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ခေါင်မိုးရောင်စုံတွေပဲ ရှိရုံနဲ့ အလုပ်ဖြစ်မှာ မဟုတ်တာကတော့ အသေအချာပါပဲ။ ကွင်း လယ်ခေါင်မှာ ထီးထီးကြီးရှိနေတဲ့ အိမ်ကြီးတလုံးပေါ်မှာ ခေါင်မိုးတွေ တဆင့်ပြီးတဆင့် ထပ်ဖို့ ကြိုးပမ်းမှုထက် မြေလွတ်တဲ့ နေရာ တွေမှာ အုတ်မြစ်တွေ ချပြီး၊ အဆောက်အဦးတွေ လိုက်တည်ဆောက်ပေးပြီးမှ ခေါင်းမိုးသစ်တွေ တင်ပေးတာ၊ ခေါင်မိုးတွေအချင်းချင်း ချိတ်ဆက်ပေးတာက လက်တွေ့မှာ ပိုအသုံးဝင်နိုင်ပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ နောက်ထပ် အရေးပါတဲ့ အချက်တခုကတော့ အစိုးရယန္တရားအတွင်းကို ထိုးဖောက်ဝင် ရောက်မှုပါပဲ။ ရန်သူရဲ့ အလယ်အလတ်ခေါင်းဆောင်တွေနဲ့ ဒေါက်တိုင်တွေကို ထိပ်တိုက်ရင်ဆိုင်မှုတွေ လုပ်တာထက် အခွင့်သာသ လို စည်းရုံးသိမ်းသွင်းပြီး သူ့လူ ကိုယ့်ဘက်သားဖြစ်အောင် စည်းရုံးနိုင်မှုဟာ အခရာကျပါတယ်။ တော်လှန်ရေးအတွက် အဖိုးမဖြတ်နိုင် တဲ့ critical information ကို ရနိုင်ပါတယ်။ ဒါပေမယ့် ဒီသတင်းအချက်အလက်တွေကို ဘယ်လို စီမံချက်တွေအတွက် အသုံးပြုမှာလဲ ဆိုတာက အရေးကြီးပါသေးတယ်။ တော်လှန်ရေးဆိုတာ “နင်က ငါ့ကို ဖွက်ပြီး လုပ်နေတယ်ပေါ့လေ။ ဘယ်ရမလဲ။ နင်လုပ်တာ ငါ သိတယ်။ ငါဘယ်လောက်ထိ သိထားလဲ ပြောရမလား” ဆိုပြီး ရန်ဖြစ်နေကြတဲ့ လေးတန်းကျောင်းသား ကစားပွဲ မဟုတ်ပါဘူး။ သ တင်းအချက်အလက်ဆိုတာမှာ ပြည်သူကို ထုတ်ပြန်ပေးရမယ့် သတင်းအချက်အလက်၊ မဟာဗျူဟာ ဆုံ့းဖတ်ချက်အတွက် အရေး ပါတဲ့ သတင်းအချက်အလက်၊ လှုပ်ရှားမှု အကောင်အထည်ဖော်ရေး စီမံချက်တွေမှာ ထည့်သွင်းရေးဆွဲရမယ့် သတင်းအချက်အ လက်ဆိုပြီး သီးခြားရှိပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ Strategic Intelligence Process နဲ့ ပတ်သက်တဲ့ မူဝါဒတွေ မရှိပဲ ထင်ရာမြင်ရာ လုပ်နေကြရင် ရန်သူအင်အားစုတွေအကြားမှာ ရေရှည်မြှုပ်နှံထားတဲ့ ကိုယ့်လူတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီလို ထိ ခိုက်မှုတွေများလာရင် တော်လှန်ရေးနဲ့ ပူးပေါင်းချင်တဲ့ ရန်သူ့ လူတွေက ယုံကြည်စိတ်ချမှု မရှိတော့ပဲ ရှောင်ဖယ်မှုတွေ လုပ်သွား တတ်ပါတယ်။ သတင်းအချက်အလက်ကို မဟာဗျူဟာ သတင်းအချက်အလက်၊ နည်းဗျူဟာ သတင်းအချက်နဲ့ မီဒီယာသတင်း အ ချက်အလက် ဆိုပြီး ခွဲခြားနိုင်ဖို့က သတင်းနဲ့ နည်းပညာခေတ်မှာ အရေးကြီးဆုံး ပညာတရပ်ပါ။

သတင်းအချက်အလက် တင်ပြမှုမှာ Source Reliability နဲ့ Data Validity နှစ်ချက်ကိုပဲ အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ Intelligence Process မှာ
A. Reliable
B. Usually Reliable
C. Fairly Reliable
D. Not Usually Reliable
E. Unreliable
F. Cannot be Judged
ဆိုတဲ့ သင်္ကေတ အကောင်အထည်ဖော်မှု သဏ္ဍာန်တွေနဲ့ Source Reliabilityကို သုံးလေ့ရှိပါတယ်။

Data Validity ကိုတော့
1.Confirmed
2.Probably True
3.Possibly True
4.Doubtfully True
5.Improbable
6.Cannot be Judged
ဆိုတဲ့ သင်္ကေတတွေနဲ့ သတင်းတင်ပြမှု လုပ်လေ့ရှိကြပါတယ်။

သတင်းတင်ပြမှုမှာ
(၁) သတင်းအမှတ်စဉ်
(၂) Source
(၃) သုံးသပ်ချက်
(၄) အကြောင်းအရာ
(၅)ဖော်ပြချက်ပြီးဆုံး

ဆိုတဲ့ အချက်အလက်ပုံစံနဲ့ သတင်းပေးမှု၊ သတင်းတင်ပြမှုတွေ လုပ်ကြရပါတယ်။ ဒီတော့ သတင်းကို လက်ခံရရှိသူတယောက်ဟာ သတင်းသုံးသပ်ချက်မှာ 1 (2) ဆိုတဲ့ စာကြောင်းလေးတခုကို တွေ့တာနဲ့ ဒီသတင်းကို ရရှိတဲ့ source က ယုံကြည်စိတ်ချရတယ်၊ သ တင်းအချက်အလက်ကတော့ မှန်ကန်နိုင်ချေများတယ်ဆိုတာ ချက်ချင်းသိသွားမှာ ဖြစ်ပါတယ်။ ဘယ်က ဘယ်လိုရတယ်၊ ဘယ်သူက ပြောတယ်၊ ဘယ်လိုအခြေအနေမှာ ပြောတယ် ဆိုတာတွေကို critical information တွေအတွက် အသုံးမပြုသင့်ပါဘူး။ သတင်းနဲ့ ပတ်သက်တဲ့ မူဝါဒကို စနစ်တကျမချရင် ရန်သူယန္တရားမှာ ကိုယ်မြှုပ်နှံထားသူတွေကို ကိုယ်ကပြန်ပြီး ဖော်ကောင်လုပ်ပေးသလို ဖြစ် တတ်ပါတယ်။ ရန်သူယန္တရားထဲက တော်လှန်ရေးကို ပူးပေါင်းလိုသူတွေက တော်လှန်ရေးသမားတွေအပေါ် ယုံကြည်စိတ်ချမှု မရှိပဲ ဖြစ်တတ်ပါတယ်။ သိတာကို သိတယ်လို့ ထားပြီး မိနစ် မဆိုင်းခင် မေ့သွားမယ့် အခြေအနေတခုအတွက် ပေးဆပ်ရမယ့် နောက် ဆက်တွဲတန်ဖိုးတွေကို မထုတ်ပြန်ခင်မှာ သတိထားဖို့ လိုအပ်လှပါတယ်။

(၄) ကွင်းဆက်မပြတ်မှု
တော်လှန်ရေးရဲ့ စတုတ္တအချက်ကတော့ ကွင်းဆက်မပြတ်မှုပါ။ လူထုနဲ့ ခေါင်းဆောင်အကြား၊ တော်လှန်ရေးဦးဆောင်မှုနဲ့ လှုပ်ရှားမှု အဖွဲ့တွေအကြား၊ လူထုနဲ့ တော်လှန်ရေးအကြားမှာ ကွင်းဆက်ပြတ်ရင် တော်လှန်ရေး ခါးဆက် ပြတ်ပါလိမ့်မယ်။ ကွင်းဆက်ပြတ်ပြီး လှုပ်ရှားလိုင်းတွေ ပူးတာဟာ တပ်ပေါင်းစု ချိတ်ဆက်လှုပ်ရှားမှုမှာ အလွန်ကြောက်စရာကောင်းတဲ့ အခြေအနေတခုပါ။

မြေအောက်လှုပ်ရှားမှု အကောင်အထည်ဖော်ဆောင်တဲ့အခါ ကိုယ်နဲ့ လှုပ်ရှားနေသူထဲက နောက်ထပ်မျိုးဆက်တခုကို သိထားရပါ တယ်။ တိုက်ရိုက်ချိတ်ဆက်သူ အဖမ်းခံရရင်၊ ပျောက်ဆုံးသွားရင် ချက်ချင်းအကြောင်းကြားပြီး လိုအပ်တာတွေ ဆက်ပြီး လုပ်ရပါမယ်။ ဒီလိုမဟုတ်ရင် ကြားကကွင်းဆက်တွေ ပြတ်သွားတဲ့အခါ ကွန်ယက်တွေ ပျက်ကုန်ပါတယ်။ လှုပ်ရှားနေသူတွေကိုလဲ ကိုယ်နဲ့ ဆက် သွယ်လို့ မရတော့တဲ့အခါ၊ ကိုယ်က ဖမ်းဆီးခံရတဲ့အခါ နောက်က မျိုးဆက်တခုကို ချိတ်ဖို့ ပြောထားသင့်ပါတယ်။ မဟုတ်ရင် ကြားထဲ မှာ ကွင်းဆက်ပြတ်ပြီး တခြားလှုပ်ရှားမှုလိုင်းတွေကို သွားချိတ်တတ်ကြပါတယ်။ လိုင်းတွေပူးပြီး ရှော့ခ်တွေ မိတတ်ပါတယ်။ ရန်သူရဲ့ ထောင်ချောက်ထဲ တပုံတပင်ကြီး ကျသွားတတ်ပါတယ်။ ကွင်းဆက်မပြတ်ဖို့က တော်လှန်ရေးမှာ အလွန်အရေးကြီးပါတယ်။ ကွင်း ဆက်ပြတ်ပြီး လိုင်းပူးတတ်မှုက တော်လှန်ရေးကြီး တခုလုံးကို ဖျက်ဆီးပစ်တတ်ပါတယ်။ တဘက်က လိုင်းပူးလာရင်လဲ အပူးမခံဖို့ အ ရေးကြီးပါတယ်။ အထူးသဖြင့် မြေအောက်လှုပ်ရှားမှုကို တာဝန်ယူနေတဲ့ ခေါင်းဆောင်တွေ သတိပြုရပါမယ်။ မြေအောက်လှုပ်ရှားမှု လုပ်နေတာဟာ ရုပ်ရှင်မင်းသား လုပ်နေတာ မဟုတ်ပါ။ မိတ်ဆက်လာသမျှ အော်တိုပြန်ရေးပေးနေလို့ မရသလို၊ စာနယ်ဇင်းအင်တာ ဗျူးပွဲမှန်သမျှ လက်ခံနေလို့ မရပါ။ အထူးသတိပြုရမယ့် အချက်တွေ ဖြစ်ပါတယ်။

(၅) ပြည်ပထောက်ခံမှု
တော်လှန်ရေးတခုရဲ့ အောင်မြင်မှုသော့ချက်တွေထဲမှာ နိုင်ငံတကာထောက်ခံမှုက အရေးကြီးပါတယ်။ နိုင်ငံတကာထောက်ခံမှု ဆိုတာ မှာ စိတ်ပိုင်းဆိုင်ရာ ထောက်ခံမှု (Moral Support) ၊ နိုင်ငံရေးထောက်ခံမှု (Political Support)၊ ရုပ်ဝတ္ထုပစ္စည်းထောက်ပံ့မှု (Material Support) နဲ့ နယ်မြေဒေသ၊ အခြေစိုက် စခန်း ပံ့ပိုးပေးမှု (Sanctuary Support) တွေ ပါဝင်ပါတယ်။ Moral support ဆိုတာက နိုင်ငံခြားအစိုးရ (သို့မဟုတ်) နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒီ တော်လှန်ရေးကို ထောက်ခံမှုကို စတိတ်မင့်တွေ၊ ကြေငြာချက်တွေ တရားဝင် ထုတ်ပြန်ကြေငြာတာ ဖြစ်ပါတယ်။ Political support ဆိုတကာကတော့ နိုင်ငံရပ်ခြား အစိုးရတွေက တော်လှန်ရေးအင် အားစုတွေရဲ့ နိုင်ငံတကာ ရည်မှန်းချက်တွေကို ပြည့်မှီလာအောင် အကူအညီပေးတာ ဖြစ်ပါတယ်။ ဥပမာ- ကုလသမဂ္ဂမှာ ဆွေးနွေးပွဲ တွေဖြစ်လာအောင် ကူညီပေးတာမျိုး စတာတွေပါ။ Material support ဆိုတာကတော့ တော်လှန်ရေးအတွက် ငွေကြေး၊ လက်နက် ပစ္စည်းနဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကို ပံ့ပိုးပေးတာပါ။ Sanctuaries ဆိုတာကတော့ တော်လှန်ရေးသမားတွေကို လေ့ကျင့်သင် ကြားပေးရေး၊ လက်နက်များ သိုလှောင်သိမ်းဆည်းရေး၊ အော်ပရေးရှင်းများ စီမံရေးဆွဲရေးနဲ့ ခေတ္တဆုတ်ခွာလာနိုင်မှုတွေအတွက် လို အပ်မယ့် နယ်မြေဒေသ ပံ့ပိုးပေးထားခြင်းပါ။

တော်လှန်ရေးတခုမှာ ဒီလိုနိုင်ငံတကာထောက်ခံမှုက အရေးကြီးပါတယ်။ ဒါပေမယ့် နိုင်ငံတကာ တော်လှန်ရေးရဲ့ အောင်ပွဲကို နိုင်ငံ တကာ ထောက်ခံမှုတခုတည်းနဲ့ ယူလို့ မရပါ။ နိုင်ငံတကာ ထောက်ခံမှုနောက် တကောက်ကောက်လိုက်ရင်း လူထုထောက်ခံမှုနဲ့ ဝေး ကွာသွားလို့ ကျရှုံးနေတဲ့ တော်လှန်ရေးတွေ အများအပြားပဲ ဖြစ်ပါတယ်။ ဟင်းတခုမှာ အစပ်အဟပ်တည့်ဖို့ လိုပါတယ်။ ဆားမပါတဲ့ ဟင်းကို အရသာမရှိဘူးဆိုပြီး ဆားတွေအများကြီး ဖြူးလိုက်တော့ စားလို့ မရတော့တဲ့ ဟင်းပဲ ထွက်ပါတယ်။ နိုင်ငံတကာထောက် ခံမှုကို မရှိမဖြစ်ဆိုပြီး၊ နေရာတကာမှာ နိုင်ငံတကာကင်ပိန်းပဲ လုပ်နေကြရင်တော့ ကျန်တဲ့ကဏ္ဍတွေမှာ ဟန်ချက်ပျက်ပြီး၊ ကြန့်ကြာ နေတဲ့ တော်လှန်ရေးပဲ ထွက်လာမှာ အသေအချာပါ။

(၆) အာဏာပိုင်တွေရဲ့ တုန့်ပြန်မှုခြေလှမ်းများ
တော်လှန်ရေးတခုရဲ့ အောင်မြင်ရေးသော့ချက်မှာ နောက်ဆုံးအရေးကြီးတဲ့ အချက်ကတော့ အာဏာပိုင်တွေရဲ့ တုန့်ပြန်မှုတွေ ဖြစ်ပါ တယ်။ တဘက်ရဲ့ ခြေလှမ်းတွေကို ကြိုပြီး သုံးသပ်လေ့လာနေရပါမယ်။ သားကောင်နဲ့ မုဆိုး အပြန်အလှန် ချောင်းနေကြတာ ဖြစ်ပါ တယ်။ သားကောင်ဖြစ်လိုက်၊ မုဆိုးဖြစ်လိုက်၊ ပြေးလိုက်၊ လိုက်လိုက်နဲ့ အသက်နဲ့ ဘဝတွေကို ထပ်ပြီး ကစားနေကြတဲ့ ပွဲပါ။ တော ချောက်တာကို ထပြေးပြီး ထောင်ချောက်ထဲ တိုးဝင်တဲ့ သားကောင်တွေလို ပြုမူလို့ မရပါဘူး။ ဆိုင်းတီးပေးတိုင်း ထကကြရမယ့် မျောက်ကပွဲလဲ မဟုတ်ပါဘူး။ ရန်သူရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ၊ ပရိယာယ်တွေ၊ ခြေလှမ်းတွေကို သေချာသုံးသပ်ပြီးမှ ခြေလှမ်း တလှမ်းချင်းကို သတိနဲ့ တိုးဖို့ လိုအပ်လှပါတယ်။ ရန်သူရဲ့ တုန့်ပြန်မှုတွေ၊ ခြေလှမ်းတွေကို အကဲမဖြတ်နိုင်တဲ့ တော်လှန်ရေးဟာ ကျ ဆုံးလေ့ရှိပါတယ်။

ရန်သူကို တိုက်မယ်၊ တိုက်မယ်နဲ့ အလံထောင်နေရင်း နောက်လှည့်ကြည့်လိုက်တော့ လူထုထောက်ခံမှုရအောင်လဲ ပြည့်ပြည့်ဝဝ မ လုပ်ထား၊ ပတ်ဝန်းကျင် အနေအထားကလဲ မဟန်၊ စနစ်တကျ စုဖွဲ့ထားမှုတွေကလဲ မရှိ၊ ကွင်းဆက်တွေကလဲ ပြတ်တောက်၊ နိုင်ငံတ ကာ ထောက်ခံမှု ဆိုတာကလဲ ဟန်ပြထောက်ခံမှုဆိုသလို ဖြစ်နေတဲ့ တော်လှန်ရေးတွေ ကမ္ဘာတဝှမ်းမှာ အများကြီးပါပဲ။

နိဂုံး
နိဂုံးချုပ်ဆိုရရင် အခုဒီဆောင်းပါးဟာ တော်လှန်ရေးတွေရဲ့ အလားအလာ၊ အောင်မြင်မှု အတိုင်းအတာတွေကို ဆန်းစစ်ဖို့အတွက် စစ် ဦးစီးတက္ကသိုလ်တွေ၊ စစ်မဟာဗျူဟာလေ့လာရေး သင်တန်းကျောင်းတွေ၊ စစ်ရေးလေ့လာတဲ့ သုတေသန အဖွဲ့အစည်းတွေမှာ အသုံး ပြုတဲ့ BARD O’NEILL’S FRAMEWORK ကို အခြေခံပြီး၊ တော်လှန်ရေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတွေ၊ ဆောင်ရန်ရှောင် ရန်တွေ၊ သင်ခန်းစာယူစရာ အချက်အလက်တွေကို ယေဘုယျအနေနဲ့ ပေါင်းစပ်တင်ပြ ထားတာဖြစ်ပါတယ်။ မည်သည့် တော်လှန် ရေးကိုမှ ဆန်းစစ်လေ့လာချက် ပြုလုပ်ထားခြင်း မရှိပါဘူး။ ဆန်းစစ်လေ့လာချက်တွေလုပ်တဲ့အခါ အားသာချက်၊ အားနည်းချက်တွေ ကို ဖော်ထုတ်ပြီး အလားအလာကို ကောက်ချက်ချမှတ်ချက်ပေးရပါတယ်။ ဒီမှတ်ချက်တွေ မပေးလိုပါ။ မတရားတဲ့ စနစ်ကို တိုက်ဖျက် နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် တစုံတရာအကျိုးကျေးဇူး ရှိစေရန်သာ မျှော်လင့်မိပါကြောင်း။

ခင်မမမျိုး
(၁ဝ၊ ၁၊ ၂ဝ၁ဝ)

ရည်ညွှန်းကိုးကား
Applegate, Melissa (2002) Preparing for Asymmetry: As Seen Through the Lens of Joint Vision 2020. Carlisle, PA: Strategic Studies Institute.
Dubik, James M. (2003) “Effects-based Decisions and Actions.” Military Review, 83: p. 33-36. (January-February 2003.)
Gurr, Ted Robert. (1970) Why Men Rebel. Princeton, NJ: Princeton University Press.
Hatch, Mary Jo.(1997) Organization Theory: Modern, Symbolic, and Postmodern Perspectives. Oxford: Oxford University Press
Mann, Edward C., Endersby, Gary and Searle, Thomas R.(2002) Thinking Effects: Effects-Based Methodology for Joint Operations. Maxwell Air Force Base, AL, Air University Press. (CADRE paper, no. 15).
Mintzberg, Henry. (1994) The Rise and Fall of Strategic Planning. New York: The Free Press.
O’Neill, Bard E. (1990) Insurgency and Terrorism: Inside Modern Revolutionary Warfare. Dulles, VA: Brassey’s Inc.
O’Neill, Bard E., William R. Heaton, Donald J. Alberts, Vincente Collazo-Davila, Richard MacLeod, Don Mansfield, James Miller, and Paul Viotti. (1980) Insurgency in the Modern World. CO: Westview Press, 1980.
Roper, Daniel S. (2004) A Dual-edged Sword: Operational Risk and “Efficiency”-Based Operations (EBO). Fort
Leavenworth, KS, School of Advanced Military Studies, 2004, 62 p.
Tse-Tung, Mao. (1961) On Guerilla Warfare. New York, NY: Fredrick A. Praeger Inc., 1961.
U.S. Department of Defense (2003) Military Transformation: A Strategic Approach. Washington, DC: Office of the Secretary of Defense. Fall 2003.

အောင်မြင်သော ခေါင်းဆောင်မှု လျှို့ဝှက်ချက်များ။

မကောင်းမြင်တတ်သူများအဖို့ ကိုယ့်ခေါင်းဆောင် မကောင်းကြောင်း ပြောလေ့ရှိသည်။ မကောင်းလျှင် ဘာကြောင့် ကိုယ့်အထက်ရောက်ပြီး ဘာလို့ ခေါင်းဆောင် ဖြစ်နေရတာလဲ ဟူသော မေးခွန်းကို မေးလျှင်လည်း မကြိုက်ချင်ကြ၊ အမှန်မှာတော့ Secrets of Leadership success နှင့် Sacred Leadership ကို လိုင်းချော် တွေးနေကြခြင်းသာ ဖြစ်သည်။ အမြဲတမ်း မှားတွေးလေ့ ရှိကြသည်။ ခေါင်းဆောင်ဖြစ်လာခြင်းမှာ ခေါင်းဆောင်နိုင်သော အရည်အချင်း ရှိသောကြောင့်သာ ခေါင်းဆောင် ဖြစ်လာကြခြင်းသာ ဖြစ်သည်။ မျက်မှောက်ခေတ် အဖွဲ့အစည်းများတွင် ခေါင်းဆောင်များသည် သူတို့၏ လျှို့ဝှက်ချက်များကြောင့်သာ ခေါင်းဆောင်နေရာတွင် ရပ်တည်နေကြခြင်းသာ ဖြစ်သည်။ ခေါင်းဆောင်မှု စတိုင်ကို ပြန်ကြည့်လျှင် လမ်းညွှန်တတ်သောသဘော၊ ဦးစီးနိုင်သောသဘော ရှိကြသည်။ တစ်နည်းအားဖြင့် Mentors သဘောကို ကောင်းကောင်း နားလည်သူများ ဖြစ်သည်။ လက်ညှိုးညွှန်ရာ ရေဖြစ်စေနိုင်သည့်သဘော ရှိသူများလည်း ဖြစ်သည်။ ကိုယ်ခေါင်းဆောင်မည့် အဖွဲ့အစည်း၏ အခြေအနေကို ကောင်းစွာ နားလည်တတ်သူများလည်း ဖြစ်သည်။ နောက်ပြီး ပါရမီခံရှိသူ ဖြစ်သည်။

ခေါင်းဆောင်ဖြစ်လာမှုနှင့် ပတ်သက်ပြီး Nature လား၊ Nurture လား ဆိုသည့် မေးခွန်းကို အမြဲ မေးလေ့ရှိကြသည်။ nature ကတော့ ဖွံ့ဖြိုးဆဲများ အလေးထားကြသည်။ သဘာဝကိုက ခေါင်းဆောင်ပါရမီ ပါလာသည့်သဘော ဖြစ်သည်။ တောက်မည့်မီးခဲ အရှိန်နှင့် တရဲရဲ သဘောမျိုး ဖြစ်သည်။ နဂိုရှိမှ နဂိုင်းထွက်သည့် သဘောလည်း ဖြစ်သည်။ Nurture ကတော့ ခေါင်းဆောင်မွေးယူခြင်း ဖြစ်သည်။ Nature က မှန်သလား၊ Nurture က မှန်သလားဟု ဆိုလျှင် နှစ်ခုစလုံး မှန်ပါသည်။ ခေါင်းဆောင်မှု သင်တန်းများကို တက်ရောက်သူများကို ကြည့်လျှင် ခေါင်းဆောင်နိုင်သော အရည်အချင်း ရှိသူများသာ တက်ရောက်ကြသောကြောင့်သာ ဖြစ်သည်။ ခေါင်းဆောင်နိုင်သော အရည်အချင်း ရှိသူသည် Nature ဖြစ်သည်။ ခေါင်းဆောင်မှု သင်တန်းအရ ခေါင်းဆောင်များ မွေးထုတ်ခြင်းသည် Nurture သာ ဖြစ်သည်။ မဆိုင်သော်လည်း ဆက်စပ်မှု ရှိပါသည်။ Nature မရှိဘဲ Nurture လုပ်ခံရပြန်လျှင်လည်း ရွယ်တော့မဟာနွယ်၊ ညားတော့ဈေးသည် အဆင့်လောက်ခေါင်းဆောင်မျိုးသာ ရရှိပါသည်။ ခေါင်းဆောင် အရည်အချင်း ရှိသူများကို လေ့လာမည်ဆိုလျှင် သူတို့ လုပ်ကိုင်နေသော လုပ်ရပ်များကို ကြည့်ပြီး အကဲခတ်နိုင်ကြသည်ဟုလည်း ဆိုကြပါသည်။ သူတို့ရဲ့ သိသာနိုင်သော လျှို့ဝှက်ချက်များကို လေ့လာမည် ဆိုပါက

အသိအမှတ်ပြုတတ်ပါစေ

ခေါင်းဆောင်တစ်ဦး၏ မလွဲမသေ လုပ်ရမည့် တာဝန်များတွင် Recognition ခေါ် အသိအမှတ်ပြုခြင်း ဖြစ်သည်။ အလုပ်ကို အသိအမှတ် ပြုမှာလား၊ လူကို အသိအမှတ် ပြုမှာလားဟူသော မေးခွန်းသည် ထိုခေါင်းဆောင်၏ လုပ်ဆောင်မှု အပေါ်တွင် မူတည်နေသည်။ အလုပ်ကို မွေးသော ခေါင်းဆောင်သည် တာဝန်ကျေပွန်သူက မြှောက်စားသည်။ အလုပ်တာဝန် မကျေပွန်သူကို သတိပေးသည်။ လူကို မွေးသော ခေါင်းဆောင်သည် ကိုယ်နှင့် တည့်သည့်လူကို မြှောက်စားသည်။ မတည့်သည့်လူကို ချောင်ထိုးသည်။ ပိုစိတ်ချရအောင် နှိပ်ကွပ်ထားသည်။ တစ်ဖန် ခေါင်းဆောင်ဆိုသည်မှာ လူကြောင့် ဖြစ်လာသည်လား၊ အလုပ်ကြောင့် ဖြစ်လာသည်လား ဟူသော မေးခွန်းကို လူတွေကြောင့် ခေါင်းဆောင်ဖြစ်လာသည်ဟုသာ ထင်တတ်ကြသည်။ အမှန်တော့ အလုပ်အရသာ သက်ဆိုင်ရာ ခေါင်းဆောင် အသီးသီးတို့ ဖြစ်လာကြခြင်းသာ ဖြစ်သည်။

ထို့ကြောင့် ခေတ်သစ်စီးပွားရေး စနစ်တွင် စုံစီနဖာ၊ တောက်တိုမယ်ရ ခေါင်းဆောင်ဆိုသည်ကား မရှိ၊ အလုပ် တာဝန်ဝတ္တရား Division of Labour or Specialization ပေါ် မူတည်ပြီးမှသာ ခေါင်းဆောင်ဖြစ်လာခြင်းသာ ရှိသည်။ အဖွဲ့အစည်းမှ ဖြစ်လာသော ခေါင်းဆောင်သာလျှင် ရှိသည်။ ထိုခေါင်းဆောင်သည် ထိုအဖွဲ့အစည်း မရှိတော့လျှင် ထိုခေါင်းဆောင်လည်း မရှိတော့သည့် သဘောမျိုး ဖြစ်သည်။ အထက်ဖော်ပြပါ အချက်နှစ်ချက်ကို ပြန်သုံးသပ်လျှင် အလုပ်ကိုလည်း မွေးရမည်။ အလုပ်နှင့်ပတ်သက်သော လူများကိုလည်း မွေးရမည်သာ ဖြစ်ပါတော့သည်။ အလုပ်သပ်သပ် မွေးလို့တော့ မရနိုင်ပါ။ အလုပ်နှင့် တွဲပြီး လူမွေးရပါသည်။ သို့သော်လည်း အလုပ်သပ်သပ်ဖြင့် လူမွေးလို့ရော ရနိုင်ပါသလားဟူသော မေးခွန်းလည်း ရှိပါသည်။ အလုပ်သပ်သပ်ဖြင့်လည်း လူမွေး၍ ရနိုင်ပါသည်။ သို့သော်လည်း အဖွဲ့အစည်းအတွက်တော့ စိတ်မချရပါ။ အဖွဲ့အစည်း ပျက်သွားနိုင်သောကြောင့် ဖြစ်သည်။

အဖွဲ့အစည်း ပျက်သွားလျှင် ထိုအဖွဲ့အစည်း၏ ခေါင်းဆောင်လည်း မရှိတော့ပါ။ အဖွဲ့အစည်းနှင့် ပတ်သက်လာလျှင်လည်း တွေးဆစရာများလည်း ရှိပါသည်။ ရပ်တည်နေသော အဖွဲ့အစည်းနှင့် လှုပ်ရှားနေသော အဖွဲ့အစည်းဟူ၍ နှစ်မျိုးရှိပါသည်။ ဥပမာအားဖြင့် – လူ၏ ခန္ဓာကိုယ်ကို အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်လိုက်မည် ဆိုလျှင် အစား စားနေချိန်တွင် အစားစားခြင်းနှင့် ဆိုင်သော အစိတ်အပိုင်းသည် ခေါင်းဆောင် ဖြစ်လာပါသည်။ ပါးစပ်၊ လက်၊ မျက်စိ စသည့် အပိုင်းများ ဖြစ်လာပါသည်။ လမ်းလျှောက်တော့မည် ဆိုလျှင်လည်း ခြေထောက်၊ မျက်စိ စသည်တို့သည်လည်း ခေါင်းဆောင်မှု အပိုင်းတွင် ဖြစ်လာပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်တွင် မည်သူက ခေါင်းဆောင်ဖြစ်မလဲ ဟူသော အတွေးသည် သိပ်စဉ်းစားစရာ မလိုပါ။ အသိအမှတ် ပြုခြင်းနှင့်သာ ဆိုင်ပါသည်။ စားနေချိန်တွင် စားခြင်းနှင့်ဆိုင်သော ခန္ဓာကိုယ် အစိတ်အပိုင်းများကို အသိအမှတ် ပြုသင့်ပါသည်။ လမ်းလျှောက်နေချိန်တွင် လမ်းလျှောက်ခြင်းနှင့် ဆိုင်သော အစိတ်အပိုင်းများကို အသိအမှတ် ပြုတတ်ရပါမည်။ စားနေချိန်တွင် ခြေထောက်ကို မြှောက်စားနေမည်၊ လမ်းလျှောက်ချိန်တွင် ပါးစပ်ကို အမွှမ်းတင်နေမည် ဆိုပါက အသိအမှတ်ပြု လွဲနေပါတော့မည်။ ယင်းကို Leadership တွင် Supervision Means ဟု ခေါ်ဆိုကြသည်။

စီမံခန့်ခွဲတတ်ပါစေ

စီမံခန့်ခွဲမှုနှင့် ပတ်သက်လာလျှင် စုပေါင်းလုပ်တတ်မှု ရှိစေရန် သွန်သင်တတ်ရမည် ဖြစ်သည်။ များသောအားဖြင့် စီမံခန့်ခွဲမှုသည် အချင်းချင်း ရန်တိုက်ပေးတတ်လျှင် စီမံခန့်ခွဲမှု ကျွမ်းကျင်သည်ဟု အရပ်စကားဖြင့် ပြောတတ်ပါသည်။ ယင်းသည် ကိုယ့်ပိုက်ကွန်ကို ကိုယ့်အတွက် ထောင်သည်ဟု ယူဆသူများလည်း ရှိလာပါသည်။ မည်သည့် အယူအဆက မှန်သည်ဟု ဆိုရန် ခက်လှပါသည်။ အခြေအနေပေါ် မူတည်ပြီး မှန်နေသောကြောင့် ဖြစ်သည်။ အချင်းချင်း ရန်တိုက်ပေးခြင်းဖြင့် လုပ်ငန်းခွင်ကို ထိန်းထားနိုင်သရွေ့တော့ ထိုစီမံခန့်ခွဲမှုသည် အောင်မြင်နေမည်သာ ဖြစ်သည်။ သို့သော်လည်း ဂိတ်ဆုံးလျှင် ဒုတိယ အယူအဆသည် မှန်လာပါတော့သည်။ စီးပွားရေး လုပ်ငန်းတစ်ခုတွင် ဖြစ်သည်။ ကြော်ငြာအားဖြင့် လှုပ်ရှားနေရသော စီးပွားရေးလုပ်ငန်း ဖြစ်သောကြောင့် ကြော်ငြာနှင့်ဆိုင်သော ပညာရှင်များလည်း ရှိသည်။ သတ်ပုံနှင့်ဆိုင်သော ပညာရှင်များလည်း ပါသည်။ သို့သော်လည်း လုပ်ငန်းရှင် အနေဖြင့် ကြော်ငြာမှု အပိုင်းတွင် အယူအဆများ၊ Customer Behavior များ၊ CRM, Customer Satisfactions စသည့် အချက်ပေါင်း များစွာကို ဂရုစိုက်ရသည်။ မားကက်တင်းအတွက် သူတို့သည် အသက်ဖြစ်သည်။

ပြီးလျှင် စကားလုံးဖွဲ့စည်းမှု၊ ကျစ်လျစ်စွာ သတင်း အင်ဖော်မေးရှင်း ပေးနိုင်မှု၊ ထိရောက်စွာ သတင်းပေးနိုင်မှု စသည့် အချက်များက ပြုစုပြီးလျှင် သဒ္ဒါအမှား အမှန်အတွက် သဒ္ဒါစိစစ်ရေး အဖွဲ့ကို ပေးလိုက်ပါသည်။ ကြော်ငြာ ပြုစုပျိုးထောင်ရေး အဖွဲ့အနေဖြင့် သဒ္ဒါစိစစ်ချိန်ကို ပေး၍ မရပါ။လူတိုင်း ခံစားဖူးပါသည်။ သဒ္ဒါကိုသာ ဂရုစိုက်လွန်း အားကြီးလျှင် အိုင်ဒီယာ ပျောက်တတ်ပါသည်။ အိုင်ဒီယာကိုသာ ဂရုစိုက်မည် ဆိုလျှင်လည်း သဒ္ဒါ လှည့်မကြည့်အားပါ။ ကမ္ဘာကျော် စာရေးဆရာကြီး ရှိတ်စပီးယားပင်လျှင် သူ့နာမည်ကို အမျိုးမျိုး ရေးတတ်သည်ဟု ဆိုပါသည်။ စာလုံးပေါင်း ၆ မျိုးလောက် ရှိသည်ဟု ဆိုပါသည်။ မည်သည့်ဟာ အမှန်ကိုပင် ပြောရန် ခက်သည်ဟု ဆိုပါသည်။ အချို့ကတော့ တို့ကတော့ အိုင်ဒီယာလည်း ကောင်းတယ်၊ Grammar လည်း ကောင်းသည်ဟု ဆိုပါသည်။ အရူးစကား ဖြစ်ပါသည်။ ကိုယ်ရည် သွေးလွန်းသောကြောင့် အရူးဟု ပြောလိုခြင်း ဖြစ်သည်။ လင်းတလောက်တော့ ငှက်တိုင်းလှရုံဖြင့် သွေးနားထင် ရောက်သော စကားဖြစ်သည်။

တစ်နည်းအားဖြင့် Specialization ဆိုတာလည်း နားမလည်၊ Division of labour ဆိုတာလည်း နားနှင့်ဝေးနေသော So-called ပညာရှိများ၊ ကြက်ဆူတော ပညာရှိများသာ ပြောလေ့ရှိသော စကားပင် ဖြစ်သည်။ ထိုအချက်ကို ကောင်းကောင်း နားလည်သော လုပ်ငန်းရှင်သည် ထိုပညာရှင် နှစ်အုပ်စုကို စုစည်းပြီး အသိအမှတ် ပြုမည့်အစား သွေးခွဲ အုပ်ချုပ်လာသောကြောင့် တစ်အုပ်စုနှင့် တစ်အုပ်စု ငါနှင့်ငါသာ နှိုင်းစရာများ ဖြစ်လာပါတော့သည်။ အလုပ်မမွေးဘဲ လူမွေးသောကြောင့် အလုပ် “ကျ” ပြီး၊ လူ “ထ” လာပါတော့သည်။ ထိုအခါ မထိရောက်သော ကြော်ငြာများ၊ ပိုးသာကုန် မောင်ပုံ စောင်းမတတ်သော ကြော်ငြာများ ဖြစ်လာပါသည်။ အဓိကတော့ လုပ်ငန်းရှင်သည် အလုပ်ကို မမွေးတတ်ဘဲ လွယ်ကူလွန်းသည့် “လူမွေး” ခြင်းကိုသာ နားလည်သောကြောင့်သာ ဖြစ်ပါတော့သည်။ ယင်းကို Leadership တွင် Management Means ဟု ခေါ်ဆိုကြသည်။ Supervision နှင့် Management Means ထိုနှစ်ပါး နားလည်နိုင်လျှင်တော့ အကောင်းဆုံး ဖြစ်သည်။

ဒေါက်တာမောင်မောင်စိုး (ဘောဂဗေဒ)

မူရင်းဆိုဒ်။ ။http://readandstudy.wordpress.com/