(၁) ပြောသည် (Tell)
- ခေါင်းဆောင်လုပ်သူက ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်၊ ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာ ၏ဇစ်မြစ်ကို ရှာဖွေဖေါ်ထုတ်သည်။
- ခေါင်းဆောင်က ဘာလုပ်ရမည်ကို ဆုံးဖြတ်ချက်ချသည်။
- ခေါင်းဆောင်က နောက်လိုက်အဖွဲ့ဝင်များကို လုပ်ရန် ပြောသည်။ “ ဒါလုပ် ”ဆိုပြီးပြောသည်။
(၂) ရောင်းသည် (Sell)
- ခေါင်းဆောင်လုပ်သူကဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်၊ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာ၏ ဇစ်မြစ်ကို ရှာဖွေဖေါ်ထုတ်သည်။
- ခေါင်းဆောင်က ဘာလုပ်ရမည်ကို ဆုံးဖြတ်ချက်ချသည်။
- ခေါင်းဆောင်က နောက်လိုက်အဖွဲ့ဝင်များကို အကြောင်းအရာရှင်းပြပြီး ဤသို့လုပ်ရန်ဆွဲဆောင် စည်းရုံးသည်။
(၃) နှီးနှောဖလှယ်သည် (Consult)
- ခေါင်းဆောင်လုပ်သူက ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်၊ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာ နှင့် ပတ်သက်၍ အဖွဲ့ဝင်များကို တင်ပြမေးမြန်းပြီး ၄င်းတို့အကြံဉာဏ်များရယူသည်။
- ခေါင်းဆောင်က ဆုံးဖြတ်ချက်ချသည်။
(၄) အားလုံးသဘောတူညီမှု ရယူသည် (Concensus)
- ခေါင်းဆောင်လုပ်သူက ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်၊ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာ နှင့်ပတ်သက်၍ အဖွဲ့ဝင်များအားလုံးကို တင်ပြသည်။
- အားလုံး၏ ဆွေးနွေးအကြံðပချက်များ ရယူသည်။
- ၄င်းကိုယ်တိုင် အသံတစ်သံအဖြစ်သာပါဝင်ပြီး အားလုံး၏သဘောတူညီမှုဖြင့် ဆုံးဖြတ် ချက်ချသည်။
(၅) ကိုယ်စားလှယ်လွှဲသည် (Delegate)
- ခေါင်းဆောင်လုပ်သူက ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်၊ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာနှင့် ပတ်သက်၍ အဖွဲ့ဝင် (သို့) အဖွဲ့ဝင်များကို ကိုယ်စားလှယ်လွှဲအပ် လုပ်ဆောင်ခိုင်းသည်။
- အဖွဲ့ဝင် (သို့) အဖွဲ့ဝင်များက ဆုံးဖြတ်ချက်ချလုပ်ကိုင်ကြပြီး ခေါင်းဆောင်က ၄င်းကိုယ်စား အကောင်အထည်ဖေါ်သည့်သူများကို တာဝန်ခံသည်။
(၆) ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးသည် (Autonomy)
- ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်၊ ၊ ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာများကို အဖွဲ့ဝင်များက ၄င်းတို့ ကိုယ်တိုင် စိတ်ကြိုက် ဆုံးဖြတ်ချက်ချ လုပ်ကိုင်စေသည်။
- ပြဿနာအကြောင်းအရာ ဇစ်မြစ်ရှာဖွေမှုနှင့် ဆုံးဖြတ်ချက်ချမှုမျိုးတွင် ခေါင်းဆောင်က (လုံးဝ) ပါဝင်ခြင်းမရှိ။
- အဖွဲ့ဝင်များအနေဖြင့် ခေါင်းဆောင်ကို အသိပေးအစီရင်ခံရုံ မျှသာဖြစ်သည်။
ဆွေးနွေးမှု
- ပုံစံ (၆) မျိုးစလုံးက (အကြွင်းမဲ့) မှန်သည်၊ မှားသည် ဟူ၍မရှိပဲ အခြေအနေ၊ အချိန်အခါ၊ အကြောင်းကိစ္စရပ်အပေါ်မူတည်၍ ခေါင်းဆောင်လုပ်သူက သင့်တော်သလို သုံးနိုင်သည်။ အားကောင်း ချက်၊ အားနည်းချက် ဒွန်တွဲတည်ရှိနိုင်သည်။ အရာအားလုံးကို အမြဲတမ်းအားလုံးက သဘောတူချိန် အထိရောက်မှလုပ်ကြ၊ အကောင်အထည် ဖေါ်ကြမည်ဟု တသမတ်တည်းတွက်၍မရ။






0 comments:
Post a Comment