Tuesday, November 15, 2011

ဗိုလ်ချုပ်ပြောသောစကားများ

Dမင်း စုစည်းသည်။ Yangon Media Group.









လွတ်လပ်ရေးဟာ ပေးလို့ရတဲ့ ကိစ္စမျိုးမဟုတ်
    လွတ်လပ်ရေးဟာ ပေးလို့ရတဲ့ကိစ္စမျိုးမဟုတ်။ ယူတတ်မှ ယူနိုင်တဲ့အင်အားရှိမှ တကယ်ရမှာပဲ။

စစ်ဆိုတာလဲ ရှိမှာမဟုတ်ဘူး
    လူထုကိုယ်စားလှယ်အစစ်ဖြစ်တဲ့လူတွေ နေရာတကာပေါ်ပေါက်လာပြီး ကမ္ဘာတစ်ခုလုံးမှာရှိရင် စစ်ဆိုတာလဲရှိမှာမဟုတ်ဘူး။

အမြဲတမ်းထောက်ခံမှဖြစ်မယ်
    ကျွန်တော်တို့ရဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကို ဆွေးနွေးနေလို့ အေးရတော့မယ်ဆိုပြီး အေးအေး ဆေးဆေးမနေကြပါနှင့်ဦး။ ကျွန်တော်တို့က ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို တစ်တိုင်းပြည်လုံးက အမြဲတမ်းထောက်ခံမှဖြစ်မယ်။

နိုင်ငံရေးဆိုတာ
    နိုင်ငံရေးဆိုတာ တစ်ခါတစ်ရံမှ အစည်းအဝေးလုပ်ပြီးတော့ စင်မြင့်ပေါ်က ပြောတဲ့လူကပြော၊ နားထောင်တဲ့လူက နားထောင်တဲ့ကိစ္စမျိုးမဟုတ်ဘူး။

အလုပ်မလုပ်ဘဲနဲ့တော့ မဖြစ်ဘူး
    ဒီတိုင်းပြည်မှာ လွတ်လပ်တဲ့အခါမှာလည်း ယိုးဒယားပြည်လို ဖြစ်ချင်သလား။ တူရကီပြည်လို ဖြစ်ချင်သလား။ အိုင်ယာလန်ပြည်လို ဖြစ်ချင်သလား။ ယူနိုက်တက်စတိတ်(အမေရိကန်)လို ဖြစ်ချင်သလား။ အင်္ဂလိပ်ပြည်လို ဖြစ်ချင်သလား။ ဆိုဗီယက်ယူနီယံလို ဖြစ်ချင်သလား။ ဖြစ်ချင်တာတွေအပေါ်မှာ မှီပြီးတော့ ခင်ဗျားတို့ အလုပ်မလုပ်ဘဲနဲ့တော့ ဖြစ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်ပြောပြချင်တယ်။ အလုပ်မလုပ်ဘဲ နဲ့တော့ မဖြစ်ဘူး။

ဘယ်သူမလိုချင်ဘဲ ရှိပါ့မလဲ
    အေးအေးဆေးဆေးနဲ့ရမယ်ဆိုရင် ဘယ်သူမလိုချင်ဘဲ ရှိပါ့မလဲ။ မလိုချင်ဘူးဆိုတဲ့သူဟာ အရူးပဲ။

ကျပ်ပြည့်တင်းပြည့် မဟုတ်သေးဘူး
    အခွင့်အရေးတန်းတူ ကျပ်ပြည့်မရှိသမျှ ကာလပတ်လုံး ဒီမိုကရေစီ ကျပ်ပြည့်တင်းပြည့် မဟုတ် သေးဘူး။

နိုင်ငံရေးသမားဆိုတာ
    နိုင်ငံရေးသမားဆိုတာ ၀မ်းထဲမှာ ဘယ်လောက်စိတ်ဆိုးပေမယ့် ဖုံးထားနိုင်ရမယ်။
လူထုရဲ့ ခေါင်းဆောင်လုပ်မယ်ဆိုရင်
    လူထုရဲ့ ခေါင်းဆောင်လုပ်မယ်ဆိုရင် လူထုရဲ့အကျိုးကို တကယ်တမ်း ဆောင်ရွက်နိုင်အောင် ကြိုးပမ်းရလိမ့်မယ်။ ပြတ်ပြတ်သားသား လုပ်ရဲကြရပေလိမ့်မယ်။ ချီတုံချတုံအဖြစ်မျိုးကို စွန့်ပစ်ကြရလိမ့်မယ်။ နိုင်ငံရေးဆောင်ရွက်တယ်ဆိုတာ ကြောက်ရင် လွဲ၊ ရဲရင်မင်းဖြစ်ဆိုတဲ့ အတိုင်း ရဲနိုင်မှဖြစ်မယ်။

တခြားလူကို မယုံဘူး
    ကိုယ့်ကိုယ်ကိုယ်မယုံတဲ့လူဟာ ဘယ်သောအခါမှ တခြားလူကို မယုံဘူး။

တိုင်းပြည်ကို ကလေးများလို လှည့်စားပြီး စော်ကားနေတာပဲ
    စက္ကူဖြူဆိုပြီး အဖျားဆွတ်ပြောတဲ့လူတွေဟာ အမှန်စင်စစ် တိုင်းပြည်ကို ကလေးများလို လှည့်စား ပြီး စော်ကားနေတာပဲ။

စားဖားတွေညီညွတ်ရေးကို မလိုချင်ဘူး
    တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ လူထုညီညွတ်ရေး ရှိဖို့အရေး ကြီးတယ်။ စားဖားတွေ ညီညွတ်ရေးကို မလိုချင်ဘူး။

ကျုပ်တို့ ဘယ်လိုလူစားတွေလဲ
    ကျုပ်တို့ဟာ ဘယ်လိုလူစားတွေလဲ။ ရာဇ၀င်ထဲ အရေးခံရမယ့်လူတွေလား။ ရာဇ၀င်ထဲမှာ အဆဲခံ ရမယ့် လူစားတွေလား ဆိုတာ ခင်ဗျားတို့ကိုယ်တိုင် သိပါလိမ့်မယ်။

0 comments:

Post a Comment